သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ ကုန်သွယ်တဲ့ ပြည်ပကုမ္ပဏီတချို့ ကန်ဒဏ်ခတ် အရေးယူ


မြောက်ကိုရီးယား ခေါင်းဆောင် Kim Il Sung နဲ့ သားဖြစ် သူ Kim Jong Il တို့ နှစ်ဦး ရုပ်ထု
မြောက်ကိုရီးယား ခေါင်းဆောင် Kim Il Sung နဲ့ သားဖြစ် သူ Kim Jong Il တို့ နှစ်ဦး ရုပ်ထု

မြောက်ကိုရီးယားအပေါ် ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတာကို ချိုးဖောက်တယ်လို့ဆိုပြီး တရုတ်၊ ရုရှားနဲ့ စင်္ကာပူကုမ္ပဏီတွေကို အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

တရုတ်အခြေစိုက် Dalian Sun Moon Star နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးကုမ္ပဏီနဲ့ ဒီကုမ္ပဏီရဲ့ စင်္ကာပူ အခြေစိုက် မိတ်ဘက်ကုမ္ပဏီဖြစ်တဲ့ SINSMS လီမိတက်တို့အပေါ် အမေရိကန် ဘဏ္ဍာရေးဌာနက ဒဏ်ခတ်အရေးယူမှု ချမှတ်ပါ တယ်။ အဲဒီကုမ္ပဏီတွေဟာ အထောက်အထား စာရွက်စာတမ်းတွေကို အတုလုပ်ပြီး မြောက်ကိုရီးယားနိုင်ငံကို အရက်နဲ့ စီးကရက်တွေ တရားမဝင်တင်ပို့တာကနေ တနှစ်ကို ဒေါ်လာ သန်း ၁,၀၀၀ ကျော် အကျိုးအမြတ်ရနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက စွပ်စွဲထားပါတယ်။

ရုရှားအခြေစိုက် Profinet လီမိတက်ဟာလည်း ဒဏ်ခတ်အရေးယူထားပြီးဖြစ်တဲ့ မြောက်ကိုရီးယားအလံတင်သင်္ဘောတွေ ရုရှား နိုင်ငံအရှေ့ပိုင်းက ဆိပ်ကမ်းသုံးခုမှာ ရေနံတင်တဲ့ကိစ္စ ဆိပ်ကမ်းဝန်ဆောင်မှုပေးတာမှာ ပါဝင်ပတ်သက်ပြီးတော့ ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှုတွေကို ချိုးဖောက်ခဲ့တယ်လို့လည်း အမေရိကန် ဘဏ္ဍာရေးဌာနကပြောပါတယ်။ အဲဒီ Profinet လီမိတက်ရဲ့ ညွှန်ကြားရေးမှူးချုပ်ကိုလည်း အမည်မည်းစာရင်း သွင်းထားပြီးဖြစ်ပါတယ်။

ဒီ ဒဏ်ခတ်အရေးယူမှုတွေအရ အဲဒီကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေ အမေရိကန်နိုင်ငံမှာ ရှိနေတယ်ဆိုရင် ထိန်းချုပ်ခံရမှာဖြစ်ပြီး အဲဒီကုမ္ပဏီတွေနဲ့ အမေရိကန်နိုင်ငံသားတွေကြား စီးပွားရေးလုပ်တာကိုလည်း ပိတ်ပင်တားမြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG