သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် နဲ့ ကုန်သွယ်ရေးသဘောတူညီမှုသစ် ရရှိကြောင်း Trump ကြေညာ


အမေရိကန်သမ္မတ Donald Trump က သူနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်အကြား ပုဂ္ဂိုလ်ရေးအရ အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြောင်း တနင်္လာနေ့မှာ ထပ်လောင်း ပြောကြားလိုက်ပြီး အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် အမေရိကန် လယ်သမားတွေအနေနဲ့လည်း သူတို့ရဲ့ ထွက်ကုန်တွေကို တရုတ်နိုင်ငံကို ချက်ခြင်း ရောင်းချနိုင်မယ်လို့ ပြောပါတယ်။

ကမ္ဘာ့စီးပွားအင်အား အကြီးဆုံး ၂ နိုင်ငံဖြစ်ကြတဲ့ တရုတ်နဲ့ အမေရိကန်အကြား တနိုင်ငံချင်းစီရဲ့ ပို့ကုန်အခွန် ကောက်ခံမှုတွေကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ထားဖို့ အာဂျင်တီးနားနိုင်ငံမှာ စနေနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုအတွင်း သမ္မတ Trump နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ ၂ ဦး သဘောတူခဲ့ကြတာကြောင့် အာရှနဲ့ ဥရောပတိုက်က အစုရှယ်ယာဈေးတွေလည်း တနင်္လာနေ့က သိသိသာသာ ထိုးတက်သွားခဲ့ပါတယ်။

နယူးယောက်မြို့က အစုရှယ်ယာအညွန်းကိန်းတွေလည်း တနင်္လာနေ့မနက်ပိုင်း ဈေးဖွင့်တဲ့အချိန်မှာ သိသိသာသာ တက်သွားခဲ့ပါတယ်။

အမေရိကန်ထွက်ကုန် ဒေါ်လာ ၁ Trillion ကျော်ဖိုး ဝယ်ယူဖို့ တရုတ်တို့ဘက်က ကတိပြုချက် ရရှိခဲ့ကြောင်းလည်း အိမ်ဖြူတော် စီးပွားရေးအကြံပေး Larry Kudlow က ပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်း တရုတ်နဲ့ ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃၃၅.၄ ဘီလီယံ လိုငွေ ပြခဲ့တာပါ။ အမေရိကန်ဘက်က အားကောင်းတဲ့အနေအထားနဲ့ တရုတ်တို့ကို ဆက်ဆံနေခြင်းဖြစ်ကြောင်း၊ သဘောတူညီချက်တွေ ရပြီးသွားရင် တရုတ်တို့အတွက်လည်း အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

XS
SM
MD
LG