သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကုန်သွယ်ရေးလိုငွေပြမှု စံချိန်တင်မြင့်မား


အမေရိကန်ပြည်ထောင်စုဟာ မနှစ်ကနဲ့ စာရင် ပြည်တွင်း သွင်းကုန်ပမာဏ အတော်များများ တင်သွင်းခဲ့တဲ့အတွက် အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေး လိုငွေ ပြမှုဟာ စံချိန်တင်လောက်အောင် ဒေါ်လာဘီလျံ ၉၀၀ နီးပါး ရှိခဲ့ပါတယ်။ သမ္မတ Donald Trump အနေနဲ့ အခုလို သွင်းကုန် ထွက်ကုန် ပမာဏ ကွာဟမှုကို ကျုံ့သွားစေဖို့ ကုန်သွယ်ရေး ဆိုင်ရာ မူဝါဒတွေကို ချမှတ်ခဲ့ပေမယ့် အခုလို လိုငွေပြမှု များလာခဲ့တာ ဖြစ်ပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းတွေ အပါအဝင် ကုန်သွယ်ရေး လိုငွေပြမှု အားလုံးဟာ ၂၀၀၈ ခုနှစ်ကစပြီး အမြင့်ဆုံး ပမာဏ ဖြစ်လာခဲ့တာပါ။ ကုန်သွယ်ရေး လိုငွေပြမှု များပြားခြင်းဟာ တိုင်းပြည်ရဲ့ စီးပွါးရေးကို ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

သမ္မတ Trump အနေနဲ့ တရုတ်သွင်းကုန်တွေ အပေါ် အခွန်တိုးမြှုင့်ကောက်ခံတာ၊ ပြည်ပက အလျူမီနီယံနဲ့ သံမဏိတွေ အပေါ် အခွန်တိုးကောက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် တရုတ်၊ မက္ကဆီကိုနဲ့ EU ဥရောပသမဂ္ဂတို့နဲ့ ကုန်သွယ်ရေး လိုငွေပြမှု ဟာ သိပ်ကို မြင့်တက်လာတာ ဖြစ်ပါတယ်။

အမေရိကန် နဲ့ တရုတ် ကုန်သွယ်ရေးသဘောတူညီမှု ရလုနီးပြီလို့ ဆိုနေကြပေမယ့် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ ပြီးပြည့်စုံတဲ့ သဘောတူညီချက် မဟုတ်သမျှ သမ္မတ Trump ပယ်ချလိမ့်မယ်လို့ သတိပေး ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG