သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ-မက္ကဆီကိုနဲ့ ကန် ကုန်သွယ်ရေးသဘောတူညီချက်အသစ် လက်မှတ်ထိုး


A man rides his bike over a hill on the outskirts of Frankfurt, Germany, as the sun rises.
A man rides his bike over a hill on the outskirts of Frankfurt, Germany, as the sun rises.

မြောက်အမေရိကတိုက် နိုင်ငံတွေကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် အသစ်တရပ်ကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ ဒီနေ့ပဲ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ အာဂျင်တီးနား နိုင်ငံက စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံပေါင်း ၂၀ (G-20) ထိပ်သီးအစည်းအဝေး မစခင်မှာပဲ သဘောတူညီချက်ကို အမေရိကန်သမ္မတ Donald Trump ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ မက္ကစီကိုသမ္မတ Enrique Pena Nieto တို့ လက်မှတ်ရေးထိုး လိုက်ကြတာပါ။

အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ သဘောတူညီချက် (USMCA) လို့ တရားဝင်ခေါ်ဝေါ်တဲ့ သဘောတူညီ ချက် အသက်ဝင်လာဖို့ကတော့ သက်ဆိုင်ရာ နိုင်ငံတွေက လွှတ်တော်တွေ အတည်ပြုချက်ရယူရ မှာ လည်း ဖြစ်ပါ တယ်။ ကုန်သွယ်ရေး သဘောတူညီချက်အရ ၃ နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာ နှစ်စဉ် ဒေါ်လာ ၁.၂ ဘီလီ ယံအထိ ရှိလာမှာပါ။ သဘောတူညီချက် အသစ်ဟာ အရင်က ရှိခဲ့တဲ့ မြောက်အတ္တလန်တိတ် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (NAFTA) ကို အစားထိုး လိုက်တာလည်း ဖြစ်ပါတယ်။

သမ္မတ Trump ကတော့ NAFTA သဘောတူညီချက် စတင်အသက်ဝင်ခဲ့တဲ့ ၁၉၉၄ ခုနှစ်ကစလို့ အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရပြီး သမိုင်းမှာ အဆိုးဆုံး ကုန် သွယ်ရေးစာချုပ်တခု အဖြစ်နဲ့လည်း သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ်မှာ အပြင်းအထန် ဝေဖန်ခဲ့တာပါ။ ဒီနှစ်ဆန်းပိုင်းမှာ စာချုပ်သစ် ချုပ်ဖို့ သဘောတူညီချက်ရခဲ့ချိန်မှာလည်း သမိုင်းဝင် သဘောတူညီချက် ကြောင့် အမေရိကန်နဲ့ မြောက် အမေရိကကို ငွေကြေးတွေ အလုပ်အကိုင်တွေ အလုံးအရင်းနဲ့ ဝင်လာမှာ ဖြစ်ကြောင်း သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အကဲခတ်တချို့ကတော့ အခုသဘောတူညီချက်အသစ်ဟာ အရင်ရှိခဲ့ဖူးတဲ့ စာချုပ်နဲ့ ကြီးကြီးမားမား ကွာခြားမှု မရှိဘူးလို့လည်း ထောက်ပြထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG