သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စတော့ Dow Jones အညွှန်းကိန်း စံချိန်ကျိုးတက်


အမေရိကန် Dow Jones အစုရှယ်ယာအညွှန်းကိန်းတွေဟာ ဗုဒ္ဓဟူးနေ့က ဈေးကွက်ပိတ်ချိန်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ၂ သောင်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။ Dow Jones ဟာ အမေရိကန်မှာ အထင်ရှားဆုံး အစုရှယ်ယာဈေးကွက် အညွန်းကိန်းလည်း ဖြစ်ပါတယ်။ S&P 500 အညွန်းကိန်းဟာလည်း စံချိန်တင်အောင် ဈေးတက်ခဲ့တာပါ။

စည်းမျဉ်းစည်းကမ်းတွေနဲ့ အခွန်တွေ လျှော့ချဖို့ အမေရိကန်သမ္မတသစ် Donald Trump ရဲ့ ကတိတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ အားတက်လာတာလည်း ဖြစ်ပုံရပါတယ်။ စီးပွားရေးလုပ်ငန်းတွေကတော့ အခွန်စည်းကျပ်မှုတွေနဲ့ စည်းမျဉ်းတွေကြောင့် အမြတ်အစွန်းရအောင် လုပ်ဖို့ခက်ခဲတယ်လို့ မကြာခဏ စောဒကတက်လေ့ ရှိကြပါတယ်။

Dow Jones အညွန်းကိန်းကတော့ ရွေးကောက်ပွဲ ကာလကစလို့ ၉.၅% လောက် ဈေးတက်ခဲ့တာပါ။ Dow Jones ရှယ်ယာတွေ ၂ သောင်းကျော်အထိ သမိုင်းဝင် ဈေးတက်ခဲ့တာဟာ သင်္ကေတသဘောဆောင်တယ် ဆိုပေမဲ့လည်း ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေ အနေနဲ့ အကျိုးအမြတ် ရနိုင်မယ့် လက္ခဏာတရပ်ဖြစ်တယ်လို့လည်း PNC ဘဏ်လုပ်ငန်းက စီးပွားရေး ပညာရှင် Gus Faucher က သုံးသပ်ပါတယ်။ စတော့ဈေးကွက်တွေက အမြတ်အစွန်းတွေကြောင့် - အစုရှယ်ယာတွေ ပိုင်ဆိုင်တဲ့ မိသားစုတွေ ပိုမိုအကျိုးအမြတ်ရလာပြီး၊ အမေရိကန်ရဲ့ စီးပွားရေးကို တွန်းအားပေးနေတဲ့ စားသုံးသူတွေရဲ့ ဝယ်လိုအားလည်း တက်လာနိုင်ပါတယ်။

ဒါပေမဲ့လည်း မူဝါဒသစ်တွေကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အတိုးနှုန်းတွေ မြင့်တက်လာပြီး ဘဏ်တွေ ပိုပြီး အမြတ်ထွက်နိုင်တယ်လို့လည်း အကဲခတ်တချို့က သုံးသပ်နေကြပါတယ်။ ဒါကြောင့်လည်း Goldman Sachs နဲ့ JPMorgan တို့လို အဓိက ဘဏ်လုပ်ငန်းကြီးတွေဟာလည်း မကြာသေးခင်ကပဲ အကြီးအကျယ် အမြတ်အစွန်းရခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အမေရိကန် စတော့ Dow Jones အညွှန်းကိန်း စံချိန်ကျိုးတက်
please wait

No media source currently available

0:00 0:00:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG