သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကမ္ဘာလုံး အစုရှယ်ယာဈေးများ ကျဆင်း


တကမ္ဘာလုံး အစုရှယ်ယာဈေးများ ကျဆင်း
တကမ္ဘာလုံး အစုရှယ်ယာဈေးများ ကျဆင်း

အမေရိကန်မှာ စီးပွားရေးအတွက် ရုန်းကန်နေရတဲ့ အခြေအနေတွေနဲ့ ဥရောပက ဘဏ်လုပ်ငန်းတွေမှာ တည်ငြိမ်မှုမရှိတဲ့ သတင်းတွေအပေါ် စိုးရိမ်ပူပမ်မှုတွေနဲ့အတူ သောကြာနေ့က ကမ္ဘာတဝန်း စတော့ခ်ရှယ်ယာဈေးတွေ ကျဆင်းခဲ့ပါတယ်။

အမေရိကန်က အဓိက စတော့ခ်ရှယ်ယာတွေဖြစ်ကြတဲ့ Dow Jones စက်မှုအညွှန်းကိန်း၊ S&P နဲ့ NASDAQ တွေကတော့ ကြာသပတေးနေ့မှာ ၄% ကနေ ၅% အထိ ကျဆင်းခဲ့ပြီးတဲ့နောက် သောကြာနေ့မှာတော့ ၁% ကျော်အထိ ထပ်ပြီး ကျဆင်းခဲ့တာပါ။

အာရှတိုက်မှာ အစုရှယ်ယာဈေးတွေ ထိုးကျခဲ့သလို ဥရောပတိုက်မှာလည်း ကြာသပတေးနေ့ကလောက် အခြေအနေမဆိုးလှပေမဲ့ အဆုံးအရှုံးတွေ ရှိခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ စီးပွားရေး ကိစ္စတွေနဲ့ အစိုးရတွေရဲ့ ကြွေးမြီ ပြဿနာတွေကို အမေရိကန်နဲ့ ဥရောပက တာဝန်ရှိသူတွေ မဖြေရှင်းနိုင်မှာကို ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်ပူပန်ပြီး စတော့ခ်ရှယ်ယာဈေးကွက်မှာ အထိတ်တလန့် ဖြစ်လာကြရတာလို့လည်း ပြောပါတယ်။

ဥရောပနိုင်ငံတွေက အစိုးရတွေ ရင်ဆိုင်နေရတဲ့ ကြွေးမြီပြဿနာတွေကို သက်ဆိုင်ရာ ဘဏ်တွေက ကိုင်တွယ် ဖြေရှင်းနိုင်လောက်အောင် ခိုင်မာမှု မရှိဘူးလို့ စိုးရိမ်နေကြတာပါ။ ဒီလိုပဲ အမေရိကန်အစိုးရရဲ့ ကြွေးမြီတွေ လျှော့ချနိုင်ရေးအတွက် ရေရှည် အသုံးစားရိတ် ဖြတ်တောက်ဖို့နဲ့ အလုပ်လက်မဲ့ ပြဿနာ လျော့ပါးပြီး စီးပွားရေး အားကောင်းလာအောင် လုပ်ဆောင်ဖို့ နိုင်ငံရေးခေါင်းဆောင်တွေကြား သဘောတူညီချက် ရနိုင်ပါ့မလား ရင်းနှီးမြှုပ်နှံသူတွေ ပူပန်နေကြတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း စီးပွားရေး ကျဆင်းနေတဲ့ လက္ခဏာ တခုအဖြစ်နဲ့ သောကြာနေ့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ဇူလိုင်လအတွင်း မြို့တော် ဝါရှင်တန်ဒီစီ နဲ့ ပြည်နယ်ပေါင်း ၂၈ ခုတို့မှာ အလုပ်လက်မဲ့နှုန်း တိုးလာကြောင်း ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG