သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ရှယ်ယာဈေးကွက် ထိုးတက်


ကမ္ဘာ့ရှယ်ယာဈေးကွက် ထိုးတက်
ကမ္ဘာ့ရှယ်ယာဈေးကွက် ထိုးတက်

အမေရိကန်ရဲ့ အဓိက အစုရှယ်ယာ အညွန်းကိန်းတွေဖြစ်တဲ့ Dow Jones နဲ့ S&P500 အစုရှယ်ယာဈေးတွေ ဗုဒ္ဓဟူးနေ့က အကြီးအကျယ် တက်သွားခဲ့ပြီးတဲ့နောက် ကမ္ဘာ့အစုရှယ်ယာဈေးတွေ ကြာသပတေးနေ့က မြင့်တက်သွားခဲ့ပါတယ်။

ဒီကနေ့ ဂျပန် Nikkei အစုရှယ်ယာ အညွန်းကိန်း ၁.၈ ရာခိုင်နှုန်း တက်ခဲ့သလို၊ ဟောင်ကောင် Hang Seng အစုရှယ်ယာဈေးဟာလည်း ဈေးပိတ်ချိန်မှာ ၁.၄ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။

အလားတူ လန်ဒန်နဲ့ Frankfurt အစုရှယ်ယာဈေးတွေလည်း ကြာသပတေးနေ့က ဈေးတက်ခဲ့တာပါ။ အမေရိကန် သမ္မတသစ် Donald Trump ပြီးခဲ့တဲ့နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရပြီးချိန်ကစလို့ အမေရိကန် အစုရှယ်ယာအညွန်းကိန်း Dow Jones ဟာ ဗုဒ္ဓဟူးနေ့တုန်းက ပထမဆုံးအကြိမ် အမှတ် နှစ်သောင်းကျော်အထိ တက်သွားခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉.၅ ရာခိုင်နှုန်းတက်ပါတယ်။

သမ္မတ Trump က စည်းမျဉ်းစည်းကမ်းတွေ လျော့ချပြီး အခွန် လျော့ပေါ့ကောက်မယ်လို့ ကတိပေးခဲ့တဲ့အပေါ်မှာ ရင်းနှီးမြှုပ်နှံသူတွေ အားတက်လာခဲ့တာပါ။ တင်းကျပ်တဲ့ အခွန် နဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ သူတို့ရဲ့ အကျိုးအမြတ်တွေကို ထိခိုက်စေတယ်လို့ ဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေက ပြောလေ့ရှိတာဖြစ်ပါတယ်။ သမ္မတ Trump ရဲ့ မူဝါဒတွေကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အတိုးနှုန်းတွေ တက်လာနိုင်ပြီး ဘဏ်တွေအတွက် အကျိုးအမြတ် ပိုရလာနိုင်စေတယ်လို့ သုံးသပ်သူတချို့က ပြောဆိုနေကြပါတယ်။

ကမ္ဘာ့ရှယ်ယာဈေးကွက် ထိုးတက်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG