သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ် Trump နဲ့ အမေရိကန် စီးပွားရေး အလားအလာ


 Donald Trump
Donald Trump

သမ္မတ Barack Obama ဟာ မကြာခင်မှာ ရာထူးက အနားယူတော့မှာဖြစ်ပြီး သူ့နေရာမှာ အစားထိုး တာဝန်ထမ်းဆောင်မယ့် Donald Trump ဟာလည်း အဆင်သင့် ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသမ္မတ ၂ ဦး အမွေဆက်ခံလိုက်ရတဲ့ စီးပွားရေး နောက်ခံ အကြောင်းချက်တွေကတော့ မတူကြပါဘူး။ သမ္မတ အိုဘားမား ကတော့ အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံး စီးပွားကျကပ် ဆိုက်နေတဲ့ အခြေ အနေကို အမွေဆက်ခံလိုက်ရပြီး Trump ကတော့ အလုပ်လက်မဲ့ အခြေအနေ အပါအဝင် စီးပွားရေးနဲ့ပတ်သက်လို့ အခက်အခဲ မရှိနိုင်တဲ့ အမွေကို ဆက်ခံရမှာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Mil Arcega ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ပြပေးထားပါတယ်။

သမ္မတသစ် Trump နဲ့ အမေရိကန် စီးပွားရေး အလားအလာ
please wait

No media source currently available

0:00 0:06:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG