သုံးရလွယ်ကူစေသည့် Link များ

ကျန်းမာရေးစောင့်ရှောက်မှု ဆက်ထားဖို့ အိုဘားမား လွှတ်တော်ကို တိုက်တွန်း


အမေရိကန်ပြည်ထောင်စုမှာ လက်ရှိအစိုးရနဲ့ နောက်တက်မယ့်အစိုးရတို့ရဲ့ အုပ်ချုပ်မှုပုံစံတွေ ထိပ်တိုက် ကြုံမှုတခုမှာ - သမ္မတ ဘရက်ခ် အိုဘားမား က သူရဲ့ ထင်ရှားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ချက်နဲ့ ဗုဒ္ဓဟူးနေ့က လွှတ်တော်ကို သွားရောက်ခဲ့သလို၊ ဒီလနှောင်းပိုင်း ရွေးကောက်ခံသမ္မတ Donald Trump တက်လာတဲ့အခါ - သမ္မတ အိုဘားမား ချန်ရစ်ခဲ့မယ့် အမွေကို ဖယ်ရှားမယ့် ရီပတ်ဘလစ်ကန်တွေရဲ့ ရည်မှန်းချက် ခိုင်မာစေဖို့ ရွေးကောက်ခံ ဒုသမ္မတ Mike Pence ကလည်း လွှတ်တော်ကို သွားရောက်ခဲ့ ပါတယ်။

တိုင်းပြည်အတွက် အရေးကြီးတဲ့ မူဝါဒရေးရာကိစ္စမှာ - လုံးဝကို သဘောထားကွဲလွဲနေကြတဲ့ - တာဝန်က အနားယူတော့မယ့် အစိုးရအကြီးအကဲနဲ့ နောက်တက်မယ့်အစိုးရမှာ အဓိကတာဝန်ယူမယ့် ပုဂ္ဂိုလ်တို့ဟာ သူတို့ရဲ့ ဆန့်ကျင်ဘက် ရပ်တည်ချက်တွေအတွက် ထောက်ခံမှုရဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အပြိုင်အဆိုင် စည်းရုံးခဲ့ကြတာ ဖြစ်ပါတယ်။

အထက်နဲ့ အောက်လွှတ်တော်နှစ်ရပ်က ဒီမိုကရက်ပါတီ လွှတ်တော်အမတ်တွေကတော့ - ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲရလဒ်ကြောင့် - အထိနာခဲ့တဲ့ အခြေအနေတွေကနေ ရုန်းထဖို့ ကြိုးစားရင်း - အခိုင်မာဆုံး မဟာမိတ်တဦးဖြစ်တဲ့ သမ္မတ အိုဘားမား ဇန်န၀ါရီလ ၂၀ ရက်နေ့ကျရင် တာဝန်က အနားယူပြီးနောက်မှာ - အခြေခံရပ်တည်ချက်တွေနဲ့ ယုံကြည်ချက်တွေအတွက် - ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်လို့လည်း - တံခါးပိတ်ဆွေးနွေးပွဲကနေ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီမိုကရက်ပါတီရဲ့ အထက်လွှတ်တော် လူနည်းစု အမတ်ခေါင်းဆောင် နယူးယောက်လွှတ်တော်အမတ် Chuck Schumer ကတော့ - သမ္မတ အိုဘားမားရဲ့ ပြောဆိုချက်တွေဟာ စွဲဆောင်မှုရှိလှသလို - သူ့ရဲ့ဈေးနှုန်းသက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ဆက်ထားနိုင်မယ့် အလားအလာကောင်းတွေ ရှိတယ်လို့ သူ့ဘက်က အကောင်းမြင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG