US – ASEAN စီးပွားရေးကောင်စီက ဦးဆောင်တဲ့ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းတုန်းကပဲ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေကို တွေ့ဆုံပေးခဲ့ပါတယ်။ ဒီခရီးစဉ်မှာ အမေရိကန်ကုမ္ပဏီ ၁၈ ခု လိုက်ပါသွားခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန် - မြန်မာ စီးပွားရေး ဆက်ဆံမှု အလားအလာတွေကို US – ASEAN စီးပွားရေးကောင်စီက ပူးတွဲ မန်နေဂျာနေဂျာ တဦးဖြစ်သူ ကိုလှဖုန်းမြင့်နဲ့ တွေ့ဆုံမေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။