သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအစုရှယ်ယာဈေးအများစု ဗုဒ္ဓဟူးနေ့ ဈေးကျ


စတော့ခ်ဈေးနှုန်းများကို ပြသထားတဲ့ ဖန်သားပြင် (မတ် ၁၇၊ ၂၀၂၀)
စတော့ခ်ဈေးနှုန်းများကို ပြသထားတဲ့ ဖန်သားပြင် (မတ် ၁၇၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်လို့ သတင်းဆိုးတွေ ဆက်လက် ထွက်ပေါ်နေချိန်မှာပဲ အာရှက အစုရှယ်ယာ ဈေးကွက်တွေမှာ ဗုဒ္ဓဟူးနေ့က အနုတ်လက္ခဏာတွေ ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ရောဂါပိုးကူးစက်သူ တိုးလာတဲ့အတွက် အစိုးရက တိုကျိုမြို့တော်မှာ အသွားအလာတွေ ပိတ်ပင်တားမြစ်မှာကို ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေချိန်မှာပဲ Nikkei အညွှန်းကိန်းဟာလည်း ဈေးပိတ်ချိန်မှာ ၄.၅ ရာခိုင်နှုန်း၊ အမှတ် ၈၅၀ ကျဆင်းခဲ့တာပါ။

ဟောင်ကောင် Hang Seng အညွှန်းကိန်းကတော့ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းကျော် အချိန်မှာပဲ ၂.၅ ရာခိုင်နှုန်း အရှုံးပြခဲ့ပါတယ်။ တရုတ်ပြည်မကြီးက Shanghai အညွှန်းကိန်းဟာလည်း ဝ.၅ ရာခိုင်နှုန်းကျော် ဈေးကျခဲ့တာပါ။ သြစတြေးလျနိုင်ငံက S&P/ASX အညွှန်းကိန်း တခုသာ အခြေအနေကောင်းခဲ့ပြီး ဗုဒ္ဓဟူးနေ့က ၃.၅ ရာခိုင်နှုန်း ဈေးတက်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုက Wall Street စတော့ခ်ဈေးကွက်မှာ အင်္ဂါနေ့က ဈေးတွေကျခဲ့ပြီးနောက်မှာပဲ အာရှဈေးကွက်မှာလည်း ဈေးအကျတွေ ကြုံခဲ့ရတာပါ။ အမေရိကန်က အဓိက အစုရှယ်ယာတွေဖြစ်တဲ့ Dow Jones, S&P 500 နဲ့ Nasdaq အညွှန်းကိန်းတွေကတော့ အင်္ဂါနေ့တုန်းက ၁ ရာခိုင်နှုန်းနဲ့အထက် ဈေးတွေ ကျဆင်းခဲ့ပါတယ်။

အင်္ဂါနေ့မှာ အဆုံးသတ်တဲ့ ဒီနှစ်ဘဏ္ဍာနှစ်ရဲ့ ပထမ သုံးလပတ်အတွင်း အစုရှယ်ယာဈေးတွေ ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့တဲ့အတွက် ၁၉၈၇ ခုနှစ်က စလို့ အဆိုးဆုံး သုံးလပတ်လည်း ဖြစ်ခဲ့တာပါ။

S&P အညွှန်းကိန်းဟာ ဆိုရင်လည်း စုစုပေါင်း ၂၀ ရာခိုင်နှုန်းကျော် ဈေးကျခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း အဆိုးဆုံး ကြုံခဲ့ရတဲ့ သုံးလပတ် ဖြစ်ခဲ့ပါတယ်။

အာရှအစုရှယ်ယာဈေးအများစု ဗုဒ္ဓဟူးနေ့ ဈေးကျ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]

အာရှအစုရှယျယာဈေးအမြားစု ဗုဒ်ဓဟူးနေ့ ဈေးကြ

COVID-19 ကမ်ဘာ့ကပျရောဂါနဲ့ ပတျသကျလို့ သတငျးဆိုးတှေ ဆကျလကျ ထှကျပေါျနခြေိနျမှာပဲ အာရှက အစုရှယျယာ ဈေးကှကျတှမှော ဗုဒ်ဓဟူးနေ့က အနုတျလက်ခဏာတှေ ပွခဲ့ပါတယျ။






XS
SM
MD
LG