သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 စိုးရိမ္ခ်က္ေၾကာင့္ အက်ဥ္းသားေတြ ေလွ်ာ့ခ်ဖို႔ ကုလ တိုက္တြန္း


ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈမွ ကာကြယ္ႏုိင္ေရး အင္ဒုိနီးရွားတြင္ ျပစ္ဒဏ္ေစ့ခါနီး အက်ဥ္းသားမ်ားကို ျပန္လႊတ္ေပးေနသည့္ ျမင္ကြင္း။ (ဧၿပီ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

အက်ဥ္းေထာင္ေတြထဲမွာ ကို႐ုိနာဗုိင္းရပ္္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြ မျဖစ္ေအာင္ ထိန္းခ်ဳပ္ဖို႔အတြက္ အစိုးရေတြအေနနဲ႔ ႏုိင္ငံေရးအက်ဥ္းသားေတြ အပါအ၀င္ ေရာဂါကူးစက္ခံရဖို႔ အႏၱရာယ္ရွိေနတဲ့ အက်ဥ္းသားေတြကို လႊတ္ေပးဖို႔ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက တုိက္တြန္းလိုက္ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး Lisa Schlein ဂ်နီဗာၿမိဳ႕က သတင္းေပးပို႔ထားကို ကုိရန္ႏုိင္ တင္ျပေပးထားပါတယ္။

အက်ဥ္းသားေတြလႊတ္ေပးဖို႔ ကုလသမဂၢ လူ႔အခြင့္အေရး ေကာ္မရွင္နာ အႀကီးအကဲ Michele Bachelet’s က ေတာင္းဆုိလိုက္တာကို ႏုိင္ငံတခ်ိဳ႕က လိုက္နာခဲ့တဲ့အတြက္ အားရေက်နပ္မိတယ္လို႔ ကုလသမဂၢ တာ၀န္ရွိသူေတြက ေျပာပါတယ္။ အီရန္ႏုိင္ငံက သူတုိ႔ရဲ႕ အက်ဥ္းေထာင္ေတြထဲမွာရွိတဲ့ အက်ဥ္းသားဦးေရရဲ႕ ၄၀ ရာခုိင္ႏႈန္းျဖစ္တဲ့ အက်ဥ္းသား ၁ သိန္းေလာက္ကို လႊတ္ေပးခဲ့တယ္လို႔ ကုလသမဂၢ တာ၀န္ရွိသူေတြက ေျပာပါတယ္။ ဒါ့အျပင္ အင္ဒိုနီးရွားႏုိင္ငံကလည္း ျပစ္မႈအေသးေလးေတြနဲ႔ ျပစ္ဒဏ္က်ခံေနရတဲ့ အက်ဥ္းသား ၃ ေသာင္းေက်ာ္ကို လႊတ္ေပးသြားမယ့္ အစီအစဥ္ေတြကို ေၾကညာလိုက္ၿပီး တူရကီႏုိင္ငံဘက္ကလည္း အလားတူ လုပ္ေဆာင္သြားဖို႔ ရွိတယ္လို႔ ေျပာပါတယ္။

အက်ဥ္းေထာင္ေတြထဲမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရဖို႔ အႏၱရာယ္မ်ားေနတဲ့ အသက္အရြယ္ ႀကီးရင့္သူေတြ၊ မသန္စြမ္းသူေတြ၊ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီးေတြလိုမ်ိဳး လူမႈအသိုင္းအ၀ိုင္းကို အႏၱရာယ္မေပးႏုိင္တဲ့သူေတြကို ခ်က္ခ်င္းျပန္လႊတ္သင့္တယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံး ေျပာခြင့္ရ Rupert Colville က ေျပာပါတယ္။ ဒါ့အျပင္ မတရားဖမ္းဆီးခံထားရတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြ၊ သတင္းေထာက္ေတြ၊ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူေတြနဲ႔ အတုိက္အခံ တက္ႂကြလႈပ္ရွားသူေတြကိုလည္း ခ်က္ခ်င္းလႊတ္ေပးဖို႔ ေတာင္းဆုိလိုက္ပါတယ္။

"ဒါက ႀကီးမားတဲ့ ကိစၥရပ္ႀကီးတခုပါ။ ဒီလူေတြဟာ လူသတ္သမားေတြ၊ မုဒိမ္းသမားေတြ၊ ေနာက္ ႀကီးမားတဲ့ ရာဇ၀တ္မႈ က်ဴးလြန္တဲ့သူေတြ မဟုတ္တာေတာ့ ေသခ်ာပါတယ္။ တကယ္ေတာ့ ႏုိင္ငံတကာဥပေဒအရ ဆုိရင္ အေတာ္မ်ားမ်ားက ဘာျပစ္မႈမွ က်ဴးလြန္ထားတဲ့သူေတြ မဟုတ္ပါဘူး။ ဒါေၾကာင့္ အဲဒီလူေတြကို အရင္ဆုံး ဦးစားေပးၿပီး လႊတ္ေပးသင့္တယ္လို႔ က်ေနာ္တုိ႔ ယုံၾကည္ပါတယ္။"

ကုလသမဂၢက အခုလို ေတာင္းဆုိလိုက္တဲ့ တခ်ိန္တည္းမွာပဲ ျမန္မာႏုိင္ငံ အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြ အပါအ၀င္ ျပစ္ဒဏ္မခ်ဘဲ ထိန္းသိမ္းထားသူေတြနဲ႔ က်န္းမာေရးအရ အႏၱရာယ္ရွိသူေတြကို COVID-19 ေရာဂါ ျပန္႔ပြားမယ့္အေရး တားဆီးႏိုင္ဖို႔အတြက္ ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖဲြ႔ (HRW) က ဧၿပီလ ၄ ရက္ ေန႔စဲြနဲ႔ ေၾကညာခ်က္ထုတ္ၿပီး ေတာင္းဆုိထားပါတယ္။

HRW က ေတာင္းဆုိလိုက္တဲ့အေပၚ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖဲြ႔ ျမန္မာႏုိင္ငံ (AAPPB) က ႀကိဳဆုိတယ္လို႔ အတြင္းေရးမွဴး ဦးတိတ္ႏုိင္က ေျပာပါတယ္။

“ေတာင္းဆုိခ်က္ေတြကိုေတာ့ က်ေနာ္တုိ႔အေနနဲ႔ အသိအမွတ္ျပဳပါတယ္။ လက္လည္း လက္ခံပါတယ္။ ဒီလုိျဖစ္ဖုိ႔အတြက္လည္း က်ေနာ္တုိ႔အေနနဲ႔ ထပ္မံတုိက္တြန္းခ်င္ပါတယ္။ သူတုိ႔ရဲ႕ ေတာင္းဆုိမႈေတြကို က်ေနာ္တုိ႔အေနနဲ႔ေတာ့ ႀကိဳဆုိပါတယ္။”

ၿပီးခဲ့တဲ့ မတ္လ ၁၈ ရက္ေန႔ကလည္း ျမန္မာႏုိင္ငံ အက်ဥ္းေထာင္ေတြအတြင္းမွာ ကို႐ုိနာဗုိင္းရပ္စ္ ကာကြယ္ေရးအတြက္ အႀကံေပးတဲ့ အခ်က္ ၁၀ ခ်က္ပါတဲ့ ေၾကညာခ်က္တေစာင္ကို AAPPB က ထုတ္ျပန္ခဲ့ၿပီး ျမန္မာသမၼတ႐ုံးကိုလည္း ေပးပို႔ခဲ့ေၾကာင္း ဦးတိတ္ႏုိင္က ေျပာပါတယ္။

အက်ဥ္းေထာင္ေတြမွာရွိတဲ့ အက်ဥ္းသားအေရအတြက္ကလည္း သတ္မွတ္ထားတာထက္ ေက်ာ္လြန္ေနတာေၾကာင့္ အစိုးရအေနနဲ႔ ဒါကို စိစစ္ၿပီး ျပန္လႊတ္ဖို႔ အဓိက ေတာင္းဆုိခဲ့တယ္လို႔ ဦးတိတ္ႏုိင္က ေျပာပါတယ္။

“အခုအေျခအေနမွာ တကမၻာလုံးမွာရွိေနတဲ့ အက်ဥ္းေထာင္ အသီးသီးက စိုးရိမ္ရတဲ့ အေျခအေနမ်ဳိး ရွိပါတယ္။ ဒါေၾကာင့္လည္း ကုလသမဂၢ အပါအဝင္ ႏုိင္ငံအသီးသီးက အစုိးရေတြ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေနၿပီးေတာ့ အက်ဥ္းသားေတြကုိ စိစစ္ၿပီး လႊတ္ေပးဖုိ႔အတြက္၊ ေလွ်ာ့ခ်ဖုိ႔အတြက္ ေတာင္းဆုိေနၾကတာ ျဖစ္ပါတယ္။ က်ေနာ္တုိ႔ႏုိင္ငံမွာလည္း လက္ရွိ အက်ဥ္းသားဦးေရက အက်ဥ္းေထာင္ထဲမွာ ထားႏုိင္တဲ့၊ ဝင္ဆန္႔တဲ့ ဦးေရထက္ ပိုေနတာျဖစ္ပါတယ္။ တကယ္တမ္း ကူးစက္ေရာဂါ တေယာက္ျဖစ္လာၿပီဆုိရင္ က်န္တဲ့အက်ဥ္းသားေတြကုိ ထိန္းဖို႔၊ မျဖစ္ဖုိ႔၊ ကာကြယ္ဖို႔ဆုိတာ အင္မတန္ ခက္ပါလိမ့္မယ္။ ဒါကို အေကာင္းဆုံးေျဖရွင္းဖုိ႔ နည္းကေတာ့ ဒီအက်ဥ္းသားေတြကို စိစစ္ၿပီး အျမန္ဆုံး လႊတ္ေပးဖုိ႔၊ ေလွ်ာ့ခ်ဖို႔၊ အနိမ့္ဆုံးအဆင့္ တဝက္ေက်ာ္ေက်ာ္ေလာက္ထိ ေလွ်ာ့ခ်ဖုိ႔ လုိေနတယ္လို႔ ျမင္ပါတယ္။”

ျမန္မာႏုိင္ငံက အက်ဥ္းေထာင္ေတြထဲမွာ ခန္႔မွန္းေခ်အားျဖင့္ အက်ဥ္းသားအေရအတြက္ ၉၂၀၀၀ ေလာက္ရွိတယ္လို႔ HRW က ေျပာပါတယ္။ အဲဒီထဲမွာ ျပစ္ဒဏ္က်ခံေနရတဲ့ ႏုိင္ငံေရးအက်ဥ္းသား ၇၄ ေယာက္ရွိၿပီး ျပစ္ဒဏ္ခ်မွတ္ျခင္း မခံရေသးဘဲ ႏုိင္ငံေရးအမႈနဲ႔ ဆက္စပ္ၿပီး အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီးခံထားရတဲ့သူ ၁၃၉ ေယာက္ရွိတယ္လို႔ AAPPB က ေျပာထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္္စ္ပိုး ကူးစက္ခံထားရတဲ့သူတေယာက္ စေနေန႔က ထပ္မံေတြ႔ရွိခဲ့တာေၾကာင့္ အခုဆုိရင္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၂၁ ေယာက္ ရွိသြားၿပီလို႔ ျမန္မာအစိုးရက ထုတ္ျပန္ထားပါတယ္။ အဲဒီထဲကမွ နဂိုေရာဂါအခံရွိသူ တဦးကေတာ့ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------------

(Unicode)

COVID-19 စိုးရိမ်ချက်ကြောင့် အကျဉ်းသားတွေ လျှော့ချဖို့ ကုလ တိုက်တွန်း

အကျဉ်းထောင်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ မဖြစ်အောင် ထိန်းချုပ်ဖို့အတွက် အစိုးရတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ရောဂါကူးစက်ခံရဖို့ အန္တရာယ်ရှိနေတဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Lisa Schlein ဂျနီဗာမြို့က သတင်းပေးပို့ထားကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

အကျဉ်းသားတွေလွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ အကြီးအကဲ Michele Bachelet’s က တောင်းဆိုလိုက်တာကို နိုင်ငံတချို့က လိုက်နာခဲ့တဲ့အတွက် အားရကျေနပ်မိတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ အီရန်နိုင်ငံက သူတို့ရဲ့ အကျဉ်းထောင်တွေထဲမှာရှိတဲ့ အကျဉ်းသားဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ အကျဉ်းသား ၁ သိန်းလောက်ကို လွှတ်ပေးခဲ့တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံကလည်း ပြစ်မှုအသေးလေးတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃ သောင်းကျော်ကို လွှတ်ပေးသွားမယ့် အစီအစဉ်တွေကို ကြေညာလိုက်ပြီး တူရကီနိုင်ငံဘက်ကလည်း အလားတူ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

အကျဉ်းထောင်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရဖို့ အန္တရာယ်များနေတဲ့ အသက်အရွယ် ကြီးရင့်သူတွေ၊ မသန်စွမ်းသူတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလိုမျိုး လူမှုအသိုင်းအဝိုင်းကို အန္တရာယ်မပေးနိုင်တဲ့သူတွေကို ချက်ချင်းပြန်လွှတ်သင့်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရ Rupert Colville က ပြောပါတယ်။ ဒါ့အပြင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကိုလည်း ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

"ဒါက ကြီးမားတဲ့ ကိစ္စရပ်ကြီးတခုပါ။ ဒီလူတွေဟာ လူသတ်သမားတွေ၊ မုဒိမ်းသမားတွေ၊ နောက် ကြီးမားတဲ့ ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေ မဟုတ်တာတော့ သေချာပါတယ်။ တကယ်တော့ နိုင်ငံတကာဥပဒေအရ ဆိုရင် အတော်များများက ဘာပြစ်မှုမှ ကျူးလွန်ထားတဲ့သူတွေ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီလူတွေကို အရင်ဆုံး ဦးစားပေးပြီး လွှတ်ပေးသင့်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။"

ကုလသမဂ္ဂက အခုလို တောင်းဆိုလိုက်တဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ပြစ်ဒဏ်မချဘဲ ထိန်းသိမ်းထားသူတွေနဲ့ ကျန်းမာရေးအရ အန္တရာယ်ရှိသူတွေကို COVID-19 ရောဂါ ပြန့်ပွားမယ့်အရေး တားဆီးနိုင်ဖို့အတွက် ချက်ချင်းပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဧပြီလ ၄ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

HRW က တောင်းဆိုလိုက်တဲ့အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံ (AAPPB) က ကြိုဆိုတယ်လို့ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

“တောင်းဆိုချက်တွေကိုတော့ ကျနော်တို့အနေနဲ့ အသိအမှတ်ပြုပါတယ်။ လက်လည်း လက်ခံပါတယ်။ ဒီလိုဖြစ်ဖို့အတွက်လည်း ကျနော်တို့အနေနဲ့ ထပ်မံတိုက်တွန်းချင်ပါတယ်။ သူတို့ရဲ့ တောင်းဆိုမှုတွေကို ကျနော်တို့အနေနဲ့တော့ ကြိုဆိုပါတယ်။”

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်တွေအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အကြံပေးတဲ့ အချက် ၁၀ ချက်ပါတဲ့ ကြေညာချက်တစောင်ကို AAPPB က ထုတ်ပြန်ခဲ့ပြီး မြန်မာသမ္မတရုံးကိုလည်း ပေးပို့ခဲ့ကြောင်း ဦးတိတ်နိုင်က ပြောပါတယ်။

အကျဉ်းထောင်တွေမှာရှိတဲ့ အကျဉ်းသားအရေအတွက်ကလည်း သတ်မှတ်ထားတာထက် ကျော်လွန်နေတာကြောင့် အစိုးရအနေနဲ့ ဒါကို စိစစ်ပြီး ပြန်လွှတ်ဖို့ အဓိက တောင်းဆိုခဲ့တယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။

“အခုအခြေအနေမှာ တကမ္ဘာလုံးမှာရှိနေတဲ့ အကျဉ်းထောင် အသီးသီးက စိုးရိမ်ရတဲ့ အခြေအနေမျိုး ရှိပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံအသီးသီးက အစိုးရတွေ လူ့အခွင့်အရေးအဖွဲ့တွေက နေပြီးတော့ အကျဉ်းသားတွေကို စိစစ်ပြီး လွှတ်ပေးဖို့အတွက်၊ လျှော့ချဖို့အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း လက်ရှိ အကျဉ်းသားဦးရေက အကျဉ်းထောင်ထဲမှာ ထားနိုင်တဲ့၊ ဝင်ဆန့်တဲ့ ဦးရေထက် ပိုနေတာဖြစ်ပါတယ်။ တကယ်တမ်း ကူးစက်ရောဂါ တယောက်ဖြစ်လာပြီဆိုရင် ကျန်တဲ့အကျဉ်းသားတွေကို ထိန်းဖို့၊ မဖြစ်ဖို့၊ ကာကွယ်ဖို့ဆိုတာ အင်မတန် ခက်ပါလိမ့်မယ်။ ဒါကို အကောင်းဆုံးဖြေရှင်းဖို့ နည်းကတော့ ဒီအကျဉ်းသားတွေကို စိစစ်ပြီး အမြန်ဆုံး လွှတ်ပေးဖို့၊ လျှော့ချဖို့၊ အနိမ့်ဆုံးအဆင့် တဝက်ကျော်ကျော်လောက်ထိ လျှော့ချဖို့ လိုနေတယ်လို့ မြင်ပါတယ်။”

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ခန့်မှန်းချေအားဖြင့် အကျဉ်းသားအရေအတွက် ၉၂၀၀၀ လောက်ရှိတယ်လို့ HRW က ပြောပါတယ်။ အဲဒီထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၄ ယောက်ရှိပြီး ပြစ်ဒဏ်ချမှတ်ခြင်း မခံရသေးဘဲ နိုင်ငံရေးအမှုနဲ့ ဆက်စပ်ပြီး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့သူ ၁၃၉ ယောက်ရှိတယ်လို့ AAPPB က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့သူတယောက် စနေနေ့က ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၁ ယောက် ရှိသွားပြီလို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲကမှ နဂိုရောဂါအခံရှိသူ တဦးကတော့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG