သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ုိနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး မႏၱေလးၿမိဳ႕ အ၀င္အထြက္ စတင္ကန္႔သတ္


တ႐ုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕မွ ျပန္လာသည့္ ျမန္မာေက်ာင္းသားမ်ားအား ေစာင့္ၾကည့္ၾကည့္႐ႈစစ္ေဆးရာ မႏၱေလးၿမိဳ႕ရွိ ေဆး႐ုံမွ က်န္းမာေရးဝန္ထမ္းမ်ား။ (ေဖေဖာ္ဝါရီ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

သႀကၤန္ကာလအတြင္း မႏၱေလးတိုင္းအတြင္းက စီးပြားေရးလုပ္ငန္းေတြနဲ႔ အသြားအလာေတြကိုပါ ကန္႔သတ္ တားျမစ္ခ်က္ကို စေနေန႔က ထုတ္ျပန္ပါတယ္။ ဒီရဲ႕အက်ိဳးဆက္ျဖစ္တဲ့ စီးပြားေရးထိခိုက္လာမယ့္ ကိစၥကို ဘယ္လို ေျဖရွင္းဖို႔ စီစဥ္ထားလဲဆိုတာ ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

သႀကၤန္ကာလအတြင္း COVID-19 ေရာဂါပိုး ကူးစက္လာႏိုင္တဲ့ အႏၱရာယ္ကို တားဆီးဖို႔အတြက္ အျခားၿမဳိ႕ရြာေတြက ဧည့္သည္ေတြ မႏၱေလးသႀကၤန္ကုိ မလာေရာက္ႏိုင္ေအာင္ မႏၱေလးတိုင္းအတြင္းက ဟိုတယ္ တည္းခိုခန္း၊ ေဆာက္လုပ္ေရးလုပ္ငန္း၊ အဝတ္အထည္ဆိုင္ စတဲ့လုပ္ငန္းေတြနဲ႔ ခရီးသည္ ပို႔ေဆာင္ေရး ယာဥ္လိုင္း၊ ဘုရားဖူးယာဥ္အားလုံး ဧၿပီ ၆ ရက္ကေန ၂၁ ေန႔ထိ အဝင္အထြက္ မလုပ္ၾကဖုိ႔ မႏၱေလးတုိင္းအစိုးရက ဧၿပီ ၄ ရက္ ေန႔စြဲနဲ႔ အမိန္႔ထုတ္လိုက္တာပါ။ ဒါေပမယ့္ ကုန္တင္ယာဥ္ေတြကိုေတာ့ ခြင့္ျပဳထားပါတယ္။

ဒါဟာ ကုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ အႀကီးအက်ယ္ ျဖစ္မလာေစဖို႔ ရည္ရြယ္တာ ျဖစ္တယ္လို႔ မႏၱေလးၿမဳိ႕ေတာ္ စည္ပင္သာယာ ေကာ္မတီဝင္ ဦးရဲျမတ္သူက ေျပာပါတယ္။

“ဒီလူေတြ က်ဲသြားေအာင္ က်ေနာ္တုိ႔ မလုပ္ႏုိင္ဘူးဆုိရင္ ျဖစ္ရင္ အကုန္ေသကုန္မွာ။ အဲဒီဟာေတြကုိပဲ Focus လုပ္ၿပီး Shut-down ခ်ေနတဲ့အခ်ိန္မွာ အခုေလာေလာဆယ္ ဒီေန႔နဲ႔ မေန႔က ထြက္လာတဲ့ဟာ ရည္ရြယ္ခ်က္က သႀကၤန္ကာလ ပိတ္ရက္မွာ မႏၱေလးကုိ လာလည္ၾကမွာစုိးလုိ႔ ဟုိတယ္ေတြနဲ႔ ကားဝင္းေတြ အကုန္လုံးကုိ ပိတ္ခ်လိုက္တာ။ က်ေနာ္တုိ႔ဆီက လူေတြက က်ေနာ္တို႔ေျပာရင္ နားေထာင္တယ္ က်ေနာ္တုိ႔ၿမိဳ႕သားေတြက။ သႀကၤန္မွာ လည္တဲ့လူ ေတာ္ေတာ္မ်ားမ်ား စည္တာ ေတာ္ေတာ္မ်ားမ်ားက တကယ္တမ္း မႏၱေလးကလူေတြ မဟုတ္ဘူး။ အျပင္ကလူေတြ အမ်ားႀကီးပဲ။ ႏွစ္ပတ္ပိတ္လိုက္တဲ့ ရည္ရြယ္ခ်က္က သႀကၤန္တြင္းကို လာလည္မွာေၾကာက္လို႔ ဟိုတယ္ေတြနဲ႔ ကားဂိတ္ေတြကို အဓိကပိတ္လိုက္တာ။ ထုိင္းမွာ လက္ေဝွ႔ပြဲေၾကာင့္ အမ်ားႀကီး ျပန္႔သြားတယ္ ဆုိတာမ်ဳိး သႀကၤန္ေၾကာင့္ ျပန္႔သြားတယ္ ဆုိတာမ်ဳိး က်ေနာ္တုိ႔ အျဖစ္မခံႏုိင္ဘူး။”

တကယ္တမ္းမွာေတာ့ တႏိုင္ငံလုံး အတုိင္းအတာနဲ႔ သႀကၤန္ပြဲေတြ မက်င္းပဖို႔ အစိုးရက ညႊန္ၾကားထားၿပီးသား ျဖစ္ပါတယ္။

ဧၿပီ ၄ ရက္ေန႔ ထုတ္ျပန္တဲ့ သမၼတ႐ုံးရဲ႕ ေၾကညာခ်က္တခုမွာေတာ့ ေရာဂါကူးစက္ သယ္ေဆာင္လာမွာ စိုးတဲ့အတြက္ အစိုးရဝန္ႀကီးဌာန အသီးသီးနဲ႔ ျပည္နယ္နဲ႔တိုင္း အစိုးရေတြမွာ လုပ္ေနၾကတဲ့ ဝန္ထမ္းေတြ သႀကၤန္ကာလ လုံးဝ ခရီးမထြက္ရဘူးလို႔ တားျမစ္လုိက္ၿပီး နားရက္ေတြ အစားျပန္ေပးမယ္လုိ႔ ေၾကညာထားပါတယ္။

မႏၱေလးတုိင္းအစိုးရရဲ႕ အခု ေၾကညာခ်က္ မထြက္ခင္ကတည္းက လူအမ်ား စုေဝးေလ့ရွိတဲ့ ေက်ာက္မ်က္ေရာင္းဝယ္ေရးေနရာ (ေက်ာက္ဝုိင္း) ေတြနဲ႔ မႏၱေလး ေစ်းခ်ဳိေစ်းႀကီးကိုလည္း ကန္႔သတ္တဲ့ စည္းကမ္းခ်က္ေတြ ထုတ္ခဲ့တဲ့ကိစၥမွာ ေအာင္ျမင္မႈရခဲ့တယ္လို႔ ဦးရဲျမတ္သူက ေျပာပါတယ္။

“ေက်ာက္ဝုိင္းဆုိရင္ ဘယ္ေလာက္အထိ ေလွ်ာ့ခ်မလဲ ဆုိတာကို မူတည္ၿပီး သူတို႔ ရေအာင္ ေလွ်ာ့ခ်ေပးတယ္။ ေဈးေတြဆုိရင္လည္း က်ေနာ္တုိ႔ ဘယ္လုိပုံစံျဖစ္ခ်င္လဲ၊ အခု ေဈးဆုိရင္ ေဈးခ်ဳိကုိ က်ေနာ္တုိ႔က ပိတ္တာမဟုတ္ဘူး။ ခင္ဗ်ားတုိ႔ ဖြင့္ထားခ်င္လည္း ရတယ္၊ ပိတ္ခ်င္လည္း ရတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ေျပာတဲ့ဟာေတြကို လုိက္နာရမယ္လို႔ပဲ ေျပာတာ။ အဲဒါကိုမွ တခ်ဳိ႕လူေတြက မလာဘူး၊ တခ်ဳိ႕လူေတြက လာတယ္။ သူတုိ႔က အထဲေတြကုိေတာ့ ပိတ္ေပးပါ၊ အျပင္ကုိပဲ ဖြင့္ပါမယ္ဆုိၿပီး သူတုိ႔ေျပာတဲ့အတုိင္းပဲ က်ေနာ္တုိ႔က လုိက္လုပ္ေပးတာ။”

ကမၻာမွာသာမက ျမန္မာႏိုင္ငံမွာပါ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံေနရတာေၾကာင့္ စီးပြားေရးက႑အသီးသီး ထိခိုက္လာေနပါတယ္။ ဒါဟာ အမ်ားနည္းတူ ရင္ဆုိင္လာရတဲ့ကိစၥမို႔ ဒီကပ္ေရာဂါအလြန္ကာလ စီးပြားေရး နာလန္ျပန္ထူႏိုင္ဖို႔ စုေပါင္းအေျဖရွာဖို႔ လိုမယ္လို႔ ဦးရဲျမတ္သူက ေျပာပါတယ္။

“အခု က်ေနာ္တုိ႔က ရန္သူေတြ ဝုိင္းေနတာေပါ့၊ ရန္သူဆုိတာ ဒီေရာဂါပုိးေတြကုိ ဘယ္လုိကာကြယ္မလဲ ဆုိတာကုိ အရင္ စဥ္းစားေနရတာ။ လက္လုပ္လက္စား ေအာက္ေျခလူတန္းစား ပိုဒုကၡေရာက္မယ္ဆုိတာ က်ေနာ္တုိ႔ သိတယ္။ ေနာက္တခုက အဲဒီဟာေတြနဲ႔ ပတ္သက္ၿပီးေတာ့မွ လူေတြက Aggressive ပိုျဖစ္လာမယ္။ ရာဇဝတ္မႈေတြ ပိုမ်ားလာမယ္ဆုိတဲ့ ဇာတ္လမ္းေတြကလည္း ရွိတယ္။ တကယ္တမ္းက်ေတာ့ ေရာဂါပိုးက ေသခ်င္ေသသြားလိမ့္မယ္၊ ရပ္ခ်င္ ရပ္သြားလိမ့္မယ္။ ဒါေပမယ့္ စီးပြားေရးနဲ႔ ပတ္သက္တဲ့ ကိစၥေတြက ျပန္တြက္လုပ္ဖုိ႔က သိပ္ေတာ့မလြယ္ဘူး။ အခုက သူေဌးေတြလည္း သူ႔အပူနဲ႔သူ။ လူေပါင္း ရာေထာင္ခ်ီေနတဲ့ လူေတြကို ဘယ္လုိ လခဆက္ေပးမလဲ ဆုိတာေတြတုိ႔၊ ေအာက္ကလူေတြကလည္း သူ႔အပူနဲ႔သူ၊ ေဈးဝယ္မလာရင္ ငါတုိ႔ပစၥည္းေတြ ဘယ္လုိဆက္ထုတ္မလဲ ဆုိတာေတြ။ အဲေတာ့ ဒါေတြသည္ မုန္တုိင္းတိုက္ၿပီး ေရႀကီးသြားလို႔ နဂိုအတုိင္း ျပန္လုပ္တယ္ဆုိတဲ့ Plan နဲ႔ေတာ့ အမ်ားႀကီးကြာသြားမွာ ျဖစ္တဲ့အတြက္ အဲဒီေလာက္ စဥ္းစားတာနဲ႔ေတာ့ Cover ျဖစ္မယ္မထင္ဘူး။ က်ေနာ္ထင္တယ္ တႏွစ္ေလာက္နဲ႔ေတာ့ ပုံမွန္ျပန္ျဖစ္ဖုိ႔ သိပ္မရွိဘူး၊ တကမၻာလုံးမွာ။”

စေနေန႔မွာ COVID-19 လူနာ ေနာက္ထပ္တေယာက္ ျမန္မာႏုိင္ငံမွာ ေတြ႔ရွိတဲ့အတြက္ ခုထိ စုစုေပါင္း ၂၁ ေယာက္ရွိသြားၿပီလုိ႔ က်န္းမာေရးဌာန တာဝန္ရွိသူေတြက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး မန္တလေးမြို့ အဝင်အထွက် စတင်ကန့်သတ်

သင်္ကြန်ကာလအတွင်း မန္တလေးတိုင်းအတွင်းက စီးပွားရေးလုပ်ငန်းတွေနဲ့ အသွားအလာတွေကိုပါ ကန့်သတ် တားမြစ်ချက်ကို စနေနေ့က ထုတ်ပြန်ပါတယ်။ ဒီရဲ့အကျိုးဆက်ဖြစ်တဲ့ စီးပွားရေးထိခိုက်လာမယ့် ကိစ္စကို ဘယ်လို ဖြေရှင်းဖို့ စီစဉ်ထားလဲဆိုတာ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

သင်္ကြန်ကာလအတွင်း COVID-19 ရောဂါပိုး ကူးစက်လာနိုင်တဲ့ အန္တရာယ်ကို တားဆီးဖို့အတွက် အခြားမြို့ရွာတွေက ဧည့်သည်တွေ မန္တလေးသင်္ကြန်ကိုမလာရောက်နိုင်အောင် မန္တလေးတိုင်းအတွင်းက ဟိုတယ် တည်းခိုခန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အဝတ်အထည်ဆိုင် စတဲ့လုပ်ငန်းတွေနဲ့ ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်း၊ ဘုရားဖူးယာဉ်အားလုံး ဧပြီ ၆ ရက်ကနေ ၂၁ နေ့ထိ အဝင်အထွက် မလုပ်ကြဖို့ မန္တလေးတိုင်းအစိုးရက ဧပြီ ၄ ရက် နေ့စွဲနဲ့ အမိန့်ထုတ်လိုက်တာပါ။ ဒါပေမယ့် ကုန်တင်ယာဉ်တွေကိုတော့ ခွင့်ပြုထားပါတယ်။

ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အကြီးအကျယ် ဖြစ်မလာစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာ ကော်မတီဝင် ဦးရဲမြတ်သူကပြောပါတယ်။

“ဒီလူတွေ ကျဲသွားအောင် ကျနော်တို့ မလုပ်နိုင်ဘူးဆိုရင် ဖြစ်ရင် အကုန်သေကုန်မှာ။ အဲဒီဟာတွေကိုပဲ Focus လုပ်ပြီး Shut-down ချနေတဲ့အချိန်မှာ အခုလောလောဆယ် ဒီနေ့နဲ့ မနေ့က ထွက်လာတဲ့ဟာ ရည်ရွယ်ချက်က သင်္ကြန်ကာလ ပိတ်ရက်မှာ မန္တလေးကို လာလည်ကြမှာစိုးလို့ ဟိုတယ်တွေနဲ့ ကားဝင်းတွေ အကုန်လုံးကို ပိတ်ချလိုက်တာ။ ကျနော်တို့ဆီက လူတွေက ကျနော်တို့ပြောရင် နားထောင်တယ် ကျနော်တို့မြို့သားတွေက။ သင်္ကြန်မှာ လည်တဲ့လူ တော်တော်များများ စည်တာ တော်တော်များများက တကယ်တမ်း မန္တလေးကလူတွေ မဟုတ်ဘူး။ အပြင်ကလူတွေ အများကြီးပဲ။ နှစ်ပတ်ပိတ်လိုက်တဲ့ ရည်ရွယ်ချက်က သင်္ကြန်တွင်းကို လာလည်မှာကြောက်လို့ ဟိုတယ်တွေနဲ့ ကားဂိတ်တွေကို အဓိကပိတ်လိုက်တာ။ ထိုင်းမှာ လက်ဝှေ့ပွဲကြောင့် အများကြီး ပြန့်သွားတယ် ဆိုတာမျိုး သင်္ကြန်ကြောင့် ပြန့်သွားတယ် ဆိုတာမျိုး ကျနော်တို့ အဖြစ်မခံနိုင်ဘူး။”

တကယ်တမ်းမှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ သင်္ကြန်ပွဲတွေ မကျင်းပဖို့ အစိုးရက ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။

ဧပြီ ၄ ရက်နေ့ ထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ ကြေညာချက်တခုမှာတော့ ရောဂါကူးစက် သယ်ဆောင်လာမှာ စိုးတဲ့အတွက် အစိုးရဝန်ကြီးဌာန အသီးသီးနဲ့ ပြည်နယ်နဲ့တိုင်း အစိုးရတွေမှာ လုပ်နေကြတဲ့ ဝန်ထမ်းတွေ သင်္ကြန်ကာလ လုံးဝ ခရီးမထွက်ရဘူးလို့ တားမြစ်လိုက်ပြီး နားရက်တွေ အစားပြန်ပေးမယ်လို့ ကြေညာထားပါတယ်။

မန္တလေးတိုင်းအစိုးရရဲ့ အခု ကြေညာချက် မထွက်ခင်ကတည်းက လူအများ စုဝေးလေ့ရှိတဲ့ ကျောက်မျက်ရောင်းဝယ်ရေးနေရာ (ကျောက်ဝိုင်း) တွေနဲ့ မန္တလေး ဈေးချိုဈေးကြီးကိုလည်း ကန့်သတ်တဲ့ စည်းကမ်းချက်တွေ ထုတ်ခဲ့တဲ့ကိစ္စမှာ အောင်မြင်မှုရခဲ့တယ်လို့ ဦးရဲမြတ်သူက ပြောပါတယ်။

“ကျောက်ဝိုင်းဆိုရင် ဘယ်လောက်အထိ လျှော့ချမလဲ ဆိုတာကို မူတည်ပြီး သူတို့ ရအောင် လျှော့ချပေးတယ်။ ဈေးတွေဆိုရင်လည်း ကျနော်တို့ ဘယ်လိုပုံစံဖြစ်ချင်လဲ၊ အခု ဈေးဆိုရင် ဈေးချိုကို ကျနော်တို့က ပိတ်တာမဟုတ်ဘူး။ ခင်ဗျားတို့ ဖွင့်ထားချင်လည်း ရတယ်၊ ပိတ်ချင်လည်း ရတယ်။ ဒါပေမယ့် ကျနော်တို့ ပြောတဲ့ဟာတွေကို လိုက်နာရမယ်လို့ပဲ ပြောတာ။ အဲဒါကိုမှ တချို့လူတွေက မလာဘူး၊ တချို့လူတွေက လာတယ်။ သူတို့က အထဲတွေကိုတော့ ပိတ်ပေးပါ၊ အပြင်ကိုပဲ ဖွင့်ပါမယ်ဆိုပြီး သူတို့ပြောတဲ့အတိုင်းပဲ ကျနော်တို့က လိုက်လုပ်ပေးတာ။”

ကမ္ဘာမှာသာမက မြန်မာနိုင်ငံမှာပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာကြောင့် စီးပွားရေးကဏ္ဍအသီးသီး ထိခိုက်လာနေပါတယ်။ ဒါဟာ အများနည်းတူ ရင်ဆိုင်လာရတဲ့ကိစ္စမို့ ဒီကပ်ရောဂါအလွန်ကာလ စီးပွားရေး နာလန်ပြန်ထူနိုင်ဖို့ စုပေါင်းအဖြေရှာဖို့ လိုမယ်လို့ ဦးရဲမြတ်သူက ပြောပါတယ်။

“အခု ကျနော်တို့က ရန်သူတွေ ဝိုင်းနေတာပေါ့၊ ရန်သူဆိုတာ ဒီရောဂါပိုးတွေကို ဘယ်လိုကာကွယ်မလဲ ဆိုတာကို အရင် စဉ်းစားနေရတာ။ လက်လုပ်လက်စား အောက်ခြေလူတန်းစား ပိုဒုက္ခရောက်မယ်ဆိုတာ ကျနော်တို့ သိတယ်။ နောက်တခုက အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့မှ လူတွေက Aggressive ပိုဖြစ်လာမယ်။ ရာဇဝတ်မှုတွေ ပိုများလာမယ်ဆိုတဲ့ ဇာတ်လမ်းတွေကလည်း ရှိတယ်။ တကယ်တမ်းကျတော့ ရောဂါပိုးက သေချင်သေသွားလိမ့်မယ်၊ ရပ်ချင် ရပ်သွားလိမ့်မယ်။ ဒါပေမယ့် စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေက ပြန်တွက်လုပ်ဖို့က သိပ်တော့မလွယ်ဘူး။ အခုက သူဌေးတွေလည်း သူ့အပူနဲ့သူ။ လူပေါင်း ရာထောင်ချီနေတဲ့ လူတွေကို ဘယ်လို လခဆက်ပေးမလဲ ဆိုတာတွေတို့၊ အောက်ကလူတွေကလည်း သူ့အပူနဲ့သူ၊ ဈေးဝယ်မလာရင် ငါတို့ပစ္စည်းတွေ ဘယ်လိုဆက်ထုတ်မလဲ ဆိုတာတွေ။ အဲတော့ ဒါတွေသည် မုန်တိုင်းတိုက်ပြီး ရေကြီးသွားလို့ နဂိုအတိုင်း ပြန်လုပ်တယ်ဆိုတဲ့ Plan နဲ့တော့ အများကြီးကွာသွားမှာ ဖြစ်တဲ့အတွက် အဲဒီလောက် စဉ်းစားတာနဲ့တော့ Cover ဖြစ်မယ်မထင်ဘူး။ ကျနော်ထင်တယ် တနှစ်လောက်နဲ့တော့ ပုံမှန်ပြန်ဖြစ်ဖို့ သိပ်မရှိဘူး၊ တကမ္ဘာလုံးမှာ။”

စနေနေ့မှာ COVID-19 လူနာ နောက်ထပ်တယောက် မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့အတွက် ခုထိ စုစုပေါင်း ၂၁ ယောက်ရှိသွားပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG