သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာလ စားနပ္ရိကၡာဖူလုံဖုိ႔ ျပင္ဆင္ထားေၾကာင္း အတုိင္ပင္ခံပုဂၢိဳလ္ေျပာ


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (Myanmar State Counsellor Office)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္ေရးကာလ စားနပ္ရိကၡာဖူလုံေရးနဲ႔ ကုန္ေဈးႏႈန္းေတြ မတက္ေအာင္ အစိုးရအေနနဲ႔ စီစဥ္ ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဗုဒၶဟူးေန႔မွာ ေျပာၾကားလိုက္ပါတယ္။

အသြားအလာကန႔္သတ္တဲ့ Quarantine (၁၄) ရက္ကာလကို ေနရာေဒသအလုိက္ လုပ္ေဆာင္သြားမယ့္အစီအစဥ္မွာ လူထုအေနနဲ႔ ၾကည္ၾကည္ျဖဴျဖဴ လိုက္နာဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ပန္ၾကားခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး၊ ကုသေရး လုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္ေနသူ ေလးဦးနဲ႔ မေန႔က ျပဳလုပ္တဲ့ ဗြီဒီယို ကြန္ဖရင့္ ေဆြးေႏြးပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားခ်က္တခ်ိဳ႕ကို ေကာက္ႏုတ္ၿပီးမအင္ၾကင္းႏိုင္က တင္ျပမွာပါ။

COVID-19 ေရာဂါ ကာကြယ္ တိုက္ဖ်က္ေရးကာလ စားနပ္ရိကၡာ လုံေလာက္မႈရွိေအာင္ အစိုးရအေနနဲ႔ ႀကိဳတင္စီမံထားတယ္လို႔ ဗုဒၶဟူးေန႔က ဗြီဒီယို ကြန္ဖရင့္ေဆြးေႏြးပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္က အခုလို ေျပာၾကားခဲ့ပါတယ္။

“စားနပ္ရိကၡာလံုေလာက္ေရးအတြက္ကိုလည္း အထူးဂရုစိုက္ထားပါတယ္။ အဲဒီေတာ့ အားလံုးကေန စိတ္ေအးေအးထားဖို႔ပဲ။ စိတ္ေအးေအးထားၿပီး စိတ္မွန္မွန္ထားဖို႔ ။ စားေရးေသာက္ေရးအတြက္ ႏိုင္ငံေတာ္က တာ၀န္ယူရမွာပဲ အားလံုးကိုေတာ့ အလကားမေပးႏိုင္ဘူးေပါ့ေနာ္။ ကုန္ေစ်းႏႈန္းေတြ မတက္ဖို႔လည္း အမ်ားႀကီး ႀကိဳးပမ္းေနပါတယ္။ COVID-19 ကိုထဲထဲ၀င္၀င္ကာကြယ္ဖုိ႔ ၊ မျပန္႔ပြားဖို႔အတြက္ ေဆာင္ရြက္တဲ့ အသိုင္းအ၀ိုင္းကေတာ့ ပိုၿပီးေတာ့ ဒီဘက္က ႀကိဳးစားၿပီးေတာ့ အမ်ားျပည္သူေတြက စိတ္မွန္မွန္ကန္ကန္နဲ႔ ပါ၀င္ႏိုင္ေအာင္လို႔ေတာ့ လုပ္ရမွာေပါ့ေနာ္။”

ျမန္မာႏိုင္ငံမွာ COVID-19 ျဖစ္ပြားမႈ ေနာက္ဆုံးအေျခအေနနဲ႔ ပတ္သက္ၿပီး အဂၤါေန႔က ႐ုပ္သံကေန အစီရင္ခံတင္ျပအၿပီးမွာ အခုလို ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးမွာ ပါဝင္ေဆာင္႐ြက္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ပရဟိတလုပ္ကိုင္ေနသူ ေတြနဲ႔ေဒၚေအာင္ဆန္းစုၾကည္ က ဗြီဒီယိုကြန္ဖရင့္ ေဆြးေႏြးပြဲလုပ္ခဲ့တာပါ။

ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ကို ရင္ဆိုင္ၿပီး ေရွ႕တန္းကေန ေဆာင္႐ြက္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ပရဟိတလုပ္ေနသူေတြ တင္ျပတဲ့ အဓိကလိုအပ္ေနတဲ့ အေထာက္အကူ ပစၥည္းကိရိယာေတြနဲ႔ ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္က အခုလိုေျဖၾကားခဲ့ပါတယ္။

“ႏိုင္ငံေတာ္ကေန ပရဟိတေတြအတြက္ လိုအပ္တဲ့ ပစၥည္းေပါ့။ ၀န္ထမ္းေတြဆိုရင္ လိုတဲ့ လက္အိတ္ေတြ အားလံုးေပါ့။ ေရာဂါရွိတဲ့လူနာနဲ႔ေတြ႔တဲ့အခါက်ရင္ ကိုယ့္လံုၿခံဳေရးအတြက္ အဲဒါကို ဦးစားေပးၿပီးေတာ့ စဥ္းစားေပးေစခ်င္တယ္။ ဒါလည္း က်န္းမာေရး၀န္ႀကီးဌာနကို ေျပာလိုက္ပါမယ္။”

COVID-19 ကပ္ေရာဂါကာလမွာ အေျခခံလက္လုပ္လက္စား အလုပ္သမားေတြ ရင္ဆိုင္ေနရတဲ့ အခက္အခဲကို နားလည္ေပမဲ့ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး အေရးႀကီးဆုံးျဖစ္တဲ့အတြက္ တာဝန္ရွိသူေတြရဲ႕ ၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ လိုေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

ဒါအျပင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအႏၲရာယ္ေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံေတြမွာ သြားေရာက္လုပ္ကိုင္ေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ေနရပ္ျပန္လာတာကို အစိုးရအေနနဲ႔ ႀကိဳဆိုၿပီး၊ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ Quarantine ခ်မွတ္ေဆာင္႐ြက္တာကို ၾကည္ၾကည္ျဖဴျဖဴ လိုက္နာေဆာင္႐ြက္ၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္က အခုလို ပန္ၾကားခဲ့ပါတယ္။

“အေမတို႔ႏိုင္ငံကို ျပန္လာတဲ့ ထိုင္းဘက္က ၊ မေလးရွားဘက္က အလုပ္သမားေတြ အမ်ားႀကီးရွိတယ္။ အေမတို႔လူေတြပဲ ဒီလိုအခ်ိန္မွာ ကိုယ့္ႏိုင္ငံကို အားကိုးတႀကီးနဲ႔ ျပန္လာတာကို အေမတို႔ကို ကိုယ့္သားသမီးေတြဆိုၿပီးေတာ့ အားလံုး လက္ခံရမယ္။ တတ္ႏိုင္သမွ်လုပ္ေပးရမယ္။ သူတို႔မွာ ေရာဂါပါလာတာဆိုတာလည္း သူတို႔အျပစ္မဟုတ္ဘူး တမင္လုပ္တာလည္း မဟုတ္ဘူး ။ ဒါအေျခအေနအရ ပါလာတာပဲ။ ဒါေပမယ့္ ဒါကိုQuarantine နဲ႔ ထိန္းထားလို႔ ရတယ္။ ဒါေၾကာင့္ ဒီ ၁၄ ရက္ကို သီးခံၿပီးေတာ့ အမ်ားအက်ိဳးအတြက္ ကိုယ့္အက်ိဳးအတြက္ေနၾကပါ။ ကိုယ္တိုင္က Quarantine ထဲမွာ ရွိေနတယ္ဆိုရင္ ကိုယ္ေရာဂါျဖစ္တာ ေစာေစာသိေတာ့ ကုသမႈခံယူႏိုင္တယ္ အဲဒါေၾကာင့္မို႔လည္း အက်ိဳးအမ်ားႀကီး ရွိပါတယ္။ ပညာေပးကေတာ့ တခ်ိန္လံုး လုပ္ေနရမွာပဲ။”

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္းဟာ ေၾကာက္စရာေကာင္းေအာင္ ျမန္ဆန္တဲ့အတြက္ အစိုးရရဲ႕ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအစီအစဥ္ေတြမွာ ျပည္သူေတြဘက္က အသိစိတ္ဓါတ္အျပည့္အဝနဲ႔ လိုက္နာေဆာင္႐ြက္ဖို႔ အလြန္အေရးပါေၾကာင္း အေမရိကန္ျပည္ေထာင္စုက ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္က ဗြီအိုေအကို ေျပာပါတယ္။

“ က်ေနာ္အခု ၾကားပါတယ္။ ထြက္ေျပးၾကတယ္ လိပ္စာအမွန္မေပးၾကဘူး ဒါဟာ လံုး၀ မလုပ္သင့္တဲ့အရာပါ။ က်ေနာ့္အေနနဲ႔ ေျပာခ်င္တဲ့ တပိုင္းက အမွန္ကို အမွန္အတိုင္းေျပာေပးပါ။ ကိုယ့္တိုင္းျပည္ကို တကယ္ခ်စ္တယ္ဆိုရင္ လိမ္စရာအေၾကာင္းမရွိပါဘူး။ တျခားႏိုင္ငံကေန ျပန္လာတယ္။ ထြက္ေျပးေနတာ ဒါက ေကာင္းတဲ့အခ်က္ မဟုတ္ပါဘူး။ ကိုယ့္မွာ ကိုယ္ခံအားေကာင္းလို႔ ဘာမွ ေရာဂါမျဖစ္တာ ကိုယ့္အတြက္ေကာင္းပါတယ္ ဒါက အလြန္ေကာင္းတဲ့အခ်က္ပါ ဒါက ဘုရားေပးတဲ့ ဆုပဲ။ ဒါေပမယ့္ ကိုယ့္ေၾကာင့္ တျခားလူေပါင္းမ်ားစြာ ဒုကၡေရာက္သြားတဲ့အျဖစ္ကေတာ့ မလုပ္ပါနဲ႔ ။ ကိုယ္ျပန္လာရင္ ျပန္လာတယ္လို႔ ေျပာေပးပါ ။ ဒါဆိုရင္ က်ေနာ္တို႔ ႏိုင္ငံမွာ အခုျဖစ္တဲ့ ၁၅ ေယာက္ကေန ၁၆ ေယာက္ျဖစ္သြားလည္း ကိစၥမရွိပါဘူး။ ဒါေပမယ့္ ၁၅ ေယာက္ကေန ၁၅၀ တို႔ ၁၅၀၀ တို႔မျဖစ္ေအာင္ေတာ့ က်ေနာ္တို႔ ကာကြယ္ရမွာပါ။ ကာကြယ္တဲ့ နည္းလမ္းကလြဲလို႔ က်န္တာ ဘာမွ မရွိေသးပါဘူး။”

ဗုဒၶဟူးေန႔က ေနျပည္ေတာ္ သမၼတအိမ္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ ျပဳလုပ္တဲ့ ဗြီဒီယိုကြန္ဖရင့္ ေဆြးေႏြးပြဲမွာ ပါဝင္သူေတြကေတာ့ ဧရာဝတီတိုင္းက ဘက္စုံသားဖြား ဆရာမ ေဒၚႏွင္းထက္ထက္ႏိုင္၊ လႈိင္သာယာၿမိဳ႕နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာန ၿမိဳ႕နယ္ဆရာဝန္ ေဒါက္တာခင္႐ူပါစိုး၊ “ေအာင္” ပရဟိတအဖြဲ႕၀င္ဦးေကာင္း​ျမတ္သူနဲ႔ We Love Yangon က ဦးဆန္းေမာင္ေမာင္ တို႔ျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

COVID-19 ကာလ စားနပ်ရိက္ခာဖူလုံဖို့ ပြင်ဆင်ထားကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလ စားနပ်ရိက္ခာဖူလုံရေးနဲ့ ကုန်ဈေးနှုန်းတွေ မတက်အောင် အစိုးရအနေနဲ့ စီစဉ် ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

အသွားအလာကန့်သတ်တဲ့ Quarantine (၁၄) ရက်ကာလကို နေရာဒေသအလိုက် လုပ်ဆောင်သွားမယ့်အစီအစဉ်မှာ လူထုအနေနဲ့ ကြည်ကြည်ဖြူဖြူ လိုက်နာဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး၊ ကုသရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူ လေးဦးနဲ့ မနေ့က ပြုလုပ်တဲ့ ဗွီဒီယို ကွန်ဖရင့် ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တချို့ကို ကောက်နုတ်ပြီးမအင်ကြင်းနိုင်က တင်ပြမှာပါ။

COVID-19 ရောဂါ ကာကွယ် တိုက်ဖျက်ရေးကာလ စားနပ်ရိက္ခာ လုံလောက်မှုရှိအောင် အစိုးရအနေနဲ့ ကြိုတင်စီမံထားတယ်လို့ ဗုဒ္ဓဟူးနေ့က ဗွီဒီယို ကွန်ဖရင့်ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။

“စားနပ်ရိက္ခာလုံလောက်ရေးအတွက်ကိုလည်း အထူးဂရုစိုက်ထားပါတယ်။ အဲဒီတော့ အားလုံးကနေ စိတ်အေးအေးထားဖို့ပဲ။ စိတ်အေးအေးထားပြီး စိတ်မှန်မှန်ထားဖို့ ။ စားရေးသောက်ရေးအတွက် နိုင်ငံတော်က တာဝန်ယူရမှာပဲ အားလုံးကိုတော့ အလကားမပေးနိုင်ဘူးပေါ့နော်။ ကုန်ဈေးနှုန်းတွေ မတက်ဖို့လည်း အများကြီး ကြိုးပမ်းနေပါတယ်။ COVID-19 ကိုထဲထဲဝင်ဝင်ကာကွယ်ဖို့ ၊ မပြန့်ပွားဖို့အတွက် ဆောင်ရွက်တဲ့ အသိုင်းအဝိုင်းကတော့ ပိုပြီးတော့ ဒီဘက်က ကြိုးစားပြီးတော့ အများပြည်သူတွေက စိတ်မှန်မှန်ကန်ကန်နဲ့ ပါဝင်နိုင်အောင်လို့တော့ လုပ်ရမှာပေါ့နော်။”

မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ရုပ်သံကနေ အစီရင်ခံတင်ပြအပြီးမှာ အခုလို ရောဂါကာကွယ် ထိန်းချုပ်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတလုပ်ကိုင်နေသူ တွေနဲ့ဒေါ်အောင်ဆန်းစုကြည် က ဗွီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲလုပ်ခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ရင်ဆိုင်ပြီး ရှေ့တန်းကနေ ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတလုပ်နေသူတွေ တင်ပြတဲ့ အဓိကလိုအပ်နေတဲ့ အထောက်အကူ ပစ္စည်းကိရိယာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့ပါတယ်။

“နိုင်ငံတော်ကနေ ပရဟိတတွေအတွက် လိုအပ်တဲ့ ပစ္စည်းပေါ့။ ဝန်ထမ်းတွေဆိုရင် လိုတဲ့ လက်အိတ်တွေ အားလုံးပေါ့။ ရောဂါရှိတဲ့လူနာနဲ့တွေ့တဲ့အခါကျရင် ကိုယ့်လုံခြုံရေးအတွက် အဲဒါကို ဦးစားပေးပြီးတော့ စဉ်းစားပေးစေချင်တယ်။ ဒါလည်း ကျန်းမာရေးဝန်ကြီးဌာနကို ပြောလိုက်ပါမယ်။”

COVID-19 ကပ်ရောဂါကာလမှာ အခြေခံလက်လုပ်လက်စား အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို နားလည်ပေမဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးကြီးဆုံးဖြစ်တဲ့အတွက် တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒါအပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်လာတာကို အစိုးရအနေနဲ့ ကြိုဆိုပြီး၊ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် Quarantine ချမှတ်ဆောင်ရွက်တာကို ကြည်ကြည်ဖြူဖြူ လိုက်နာဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပန်ကြားခဲ့ပါတယ်။

“အမေတို့နိုင်ငံကို ပြန်လာတဲ့ ထိုင်းဘက်က ၊ မလေးရှားဘက်က အလုပ်သမားတွေ အများကြီးရှိတယ်။ အမေတို့လူတွေပဲ ဒီလိုအချိန်မှာ ကိုယ့်နိုင်ငံကို အားကိုးတကြီးနဲ့ ပြန်လာတာကို အမေတို့ကို ကိုယ့်သားသမီးတွေဆိုပြီးတော့ အားလုံး လက်ခံရမယ်။ တတ်နိုင်သမျှလုပ်ပေးရမယ်။ သူတို့မှာ ရောဂါပါလာတာဆိုတာလည်း သူတို့အပြစ်မဟုတ်ဘူး တမင်လုပ်တာလည်း မဟုတ်ဘူး ။ ဒါအခြေအနေအရ ပါလာတာပဲ။ ဒါပေမယ့် ဒါကိုQuarantine နဲ့ ထိန်းထားလို့ ရတယ်။ ဒါကြောင့် ဒီ ၁၄ ရက်ကို သီးခံပြီးတော့ အများအကျိုးအတွက် ကိုယ့်အကျိုးအတွက်နေကြပါ။ ကိုယ်တိုင်က Quarantine ထဲမှာ ရှိနေတယ်ဆိုရင် ကိုယ်ရောဂါဖြစ်တာ စောစောသိတော့ ကုသမှုခံယူနိုင်တယ် အဲဒါကြောင့်မို့လည်း အကျိုးအများကြီး ရှိပါတယ်။ ပညာပေးကတော့ တချိန်လုံး လုပ်နေရမှာပဲ။”

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ ကြောက်စရာကောင်းအောင် မြန်ဆန်တဲ့အတွက် အစိုးရရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအစဉ်တွေမှာ ပြည်သူတွေဘက်က အသိစိတ်ဓါတ်အပြည့်အဝနဲ့ လိုက်နာဆောင်ရွက်ဖို့ အလွန်အရေးပါကြောင်း အမေရိကန်ပြည်ထောင်စုက ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်က ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်အခု ကြားပါတယ်။ ထွက်ပြေးကြတယ် လိပ်စာအမှန်မပေးကြဘူး ဒါဟာ လုံး၀ မလုပ်သင့်တဲ့အရာပါ။ ကျနော့်အနေနဲ့ ပြောချင်တဲ့ တပိုင်းက အမှန်ကို အမှန်အတိုင်းပြောပေးပါ။ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် လိမ်စရာအကြောင်းမရှိပါဘူး။ တခြားနိုင်ငံကနေ ပြန်လာတယ်။ ထွက်ပြေးနေတာ ဒါက ကောင်းတဲ့အချက် မဟုတ်ပါဘူး။ ကိုယ့်မှာ ကိုယ်ခံအားကောင်းလို့ ဘာမှ ရောဂါမဖြစ်တာ ကိုယ့်အတွက်ကောင်းပါတယ် ဒါက အလွန်ကောင်းတဲ့အချက်ပါ ဒါက ဘုရားပေးတဲ့ ဆုပဲ။ ဒါပေမယ့် ကိုယ့်ကြောင့် တခြားလူပေါင်းများစွာ ဒုက္ခရောက်သွားတဲ့အဖြစ်ကတော့ မလုပ်ပါနဲ့ ။ ကိုယ်ပြန်လာရင် ပြန်လာတယ်လို့ ပြောပေးပါ ။ ဒါဆိုရင် ကျနော်တို့ နိုင်ငံမှာ အခုဖြစ်တဲ့ ၁၅ ယောက်ကနေ ၁၆ ယောက်ဖြစ်သွားလည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် ၁၅ ယောက်ကနေ ၁၅၀ တို့ ၁၅၀၀ တို့မဖြစ်အောင်တော့ ကျနော်တို့ ကာကွယ်ရမှာပါ။ ကာကွယ်တဲ့ နည်းလမ်းကလွဲလို့ ကျန်တာ ဘာမှ မရှိသေးပါဘူး။”

ဗုဒ္ဓဟူးနေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် ပြုလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲမှာ ပါဝင်သူတွေကတော့ ဧရာဝတီတိုင်းက ဘက်စုံသားဖွား ဆရာမ ဒေါ်နှင်းထက်ထက်နိုင်၊ လှိုင်သာယာမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာခင်ရူပါစိုး၊ “အောင်” ပရဟိတအဖွဲ့ဝင်ဦးကောင်းမြတ်သူနဲ့ We Love Yangon က ဦးဆန်းမောင်မောင် တို့ဖြစ်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG