သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ COVID-19 ကူးစက်သူ နောက်တစ်ဦး ထပ်တိုး


ရန်ကုန်မြို့ရှိ အစိုးရရုံးတရုံးတွင် ပိုးသတ်ဆေးဖြန်းနေသူတဦး (မတ် ၂၅၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ အစိုးရရုံးတရုံးတွင် ပိုးသတ်ဆေးဖြန်းနေသူတဦး (မတ် ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နောက်တဦးကို ဒီကနေ့ပဲ ထပ်မံအတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် စုစုပေါင်း ၁၆ ဦး ရှိသွားပါပြီ။

အခုနောက်ဆုံး အတည်ပြုလိုက်သူဟာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်က အသက် ၆၃ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သတင်းဓာတ်ပုံ - Ministry of Health and Sports, Myanmar
သတင်းဓာတ်ပုံ - Ministry of Health and Sports, Myanmar

လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်အတွင်း ပြည်ပခရီးသွားသူ မဟုတ်ပေမဲ့လည်း ပြီးခဲ့တဲ့လလယ်ပိုင်းက သားဖြစ်သူ အရှေ့အလယ်ပိုင်းဒေသ ဒူဘိုင်းက ပြန်လာရာမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သွားကြိုခဲ့ပြီး၊ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ ခေတ္တတည်းခို နေထိုင်စဉ် သီတင်း နှစ်ပတ်လောက်အကြာမှာ မောပမ်းနွမ်းနယ်ပြီး ကိုယ်ပူချိန်မြင့်တက်လာရာက မြောက်ဥက္ကလာပ ဆေးရုံမှာ ကုသမှု ခံယူခဲ့ရသူလည်း ဖြစ်ပါတယ်။

နောက်ဆက်တွဲ ဆေးစစ်ရာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပြီး ဆီးချိုရောဂါ အခံရှိတဲ့အတွက် စောင့်ကြပ်ကုသမှု ပေးထားရကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစောပိုင်းမှာ စစ်ဆေးအတည်ပြုထားတဲ့ COVID-19 လူနာ ၁၅ ဦးအနက် ၁၄ ဦးရဲ့ အခြေအနေဟာ တည်တည်ငြိမ်ငြိမ် ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေအဖြစ် အတည်ပြုထားတဲ့အထဲက အသက် ၆၉ နှစ်အရွယ် အမျိုးသား တဦးကတော့ သေဆုံးသွားကြောင်း မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။

[Unicode Version]








XS
SM
MD
LG