သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ေဆး႐ံုေဆးခန္းေတြ COVID ကာကြယ္ေရး ဘယ္လို လုပ္ထားၾကသလဲ


မႏၱေလးေဆးရံု

(Zawgyi/Unicode)

COVID-19 ေရာဂါ အတည္ျပဳ လူနာေတြစာရင္းထဲမွာ က်န္းမာေရး၀န္ထမ္း တဦး စတင္ ကူးစက္ခံရတာေၾကာင့္ ျမန္မာႏိုိင္ငံတြင္း ေဆးရံုေဆးခန္းေတြရဲ႕ ေရာဂါေစာင့္ၾကည့္ေရးနဲ႔ ကာကြယ္ေရး အစီအမံေတြ ဘယ္လိုရိွေနသလဲ တင္ဆက္ေပးပါမယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ စုစုက ေမးျမန္းစုံစမ္းထားပါတယ္။

ျမန္မာႏိုင္ငံတြင္းမွာ COVID-19 ေရာဂါကာကြယ္ေရးအတြက္ ပုဂၢလိကေဆး႐ုံေတြမွာလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားထားတဲ့အတိုင္း လိုက္နာေဆာင္႐ြက္ေနၿပီး က်န္းမာေရးဝန္ထမ္းေတြကို ေလွ်ာ့ခ်ၿပီး ဒီေရာဂါကူးစက္မႈႏႈန္း ေလွ်ာ့နည္းေအာင္ ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံထဲမွာ ဒီေရာဂါစတင္ မျဖစ္ပြားခင္ကတည္းက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ပုဂၢလိကေဆး႐ုံေတြကို ဒီေရာဂါ ကာကြယ္ေရးအတြက္ ၫႊန္ၾကားခ်က္ေတြ ထုတ္ေပးေနတယ္ဆိုတဲ့အေၾကာင္းကို ေ႐ႊလမင္းေဆး႐ုံအုပ္ႀကီး ေဒါက္တာတင္ညိဳညိဳလတ္က ဗြီအိုေအကိုေျပာပါတယ္။

“က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေနၿပီးေတာ့ က်မတို႔ ဒီပုဂၢလိကေဆး႐ုံေတြကို ၫႊန္ၾကားခ်က္ထုတ္ထားတာ ရွိပါတယ္။ အဲဒါကေတာ့ က်မတို႔ေဆး႐ုံကို Fever Screening လာျပတဲ့ လူနာေတြကို တကယ္လို႔ လိုအပ္မယ္ဆိုရင္ သူ႔ကို Fever Room မွာထားၿပီးေတာ့မွ သူတို႔အေနနဲ႔ သံသယျဖစ္ဖြယ္ရွိတယ္ဆိုရင္ေတာ့ တိုင္းေဒသႀကီးဦးစီးဌာနကို ဆက္သြယ္ၿပီးေတာ့ သူတို႔ရဲ႕ ၫႊန္ၾကားခ်က္ေတြအတိုင္း ဆက္လက္ေဆာင္႐ြက္ပါတယ္။ ေနာက္ Hand Washing ကိုလည္း ဝန္ထမ္းေတြကိုစနစ္တက် ေဆးဖို႔အတြက္ ဗီဒီယိုနဲ႔တကြျပထားေပးတယ္။ ေနာက္ လိုအပ္တဲ့ Hand Sanitizer ေတြေရာ၊ Mask ေတြ၊ Glove ေတြ ေနာက္တကယ့္ Medical Grade PPE ေတြကိုလည္း က်မတို႔ ဝယ္ယူၿပီးေတာ့ စုေဆာင္းထားပါတယ္။”

က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက မေန႔ကည ထုတ္ျပန္ခ်က္ထဲ ဓာတ္ခြဲအတည္ျပဳလူနာ နံပါတ္ ၁၅ ဟာ ႏိုင္ငံျခားသားေတြကို က်န္းမာေရးဝန္ေဆာင္မႈေပးေနတဲ့ ပုဂၢလိကေဆးခန္းတခုက ဝန္ထမ္းျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ အဲဒီထုတ္ျပန္ခ်က္အရဆို ျမန္မာႏိုင္ငံထဲ ဓာတ္ခြဲအတည္ျပဳလူနာေတြထဲမွာ က်န္းမာေရးဝန္ထမ္းကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္တာ ပထမဆုံးေတြ႔ရွိတာ ျဖစ္ပါတယ္။

အခုလိုအေျခအေနမ်ိဳးမွာ အစိုးရကၫႊန္ၾကားထားတဲ့အတိုင္း လိုက္နာေဆာင္႐ြက္ေနၿပီး ဝန္ထမ္းေလွ်ာ့ခ်တာေတြကိုလည္း ေဆာင္႐ြက္ေနတယ္လို႔ ေဒါက္တာတင္ညိဳညိဳလတ္က ဆက္ေျပာပါတယ္။

“အခုလို ျဖစ္သြားတဲ့အတြက္ေၾကာင့္ က်မတို႔ကလည္း အစိုးရကၫႊန္ၾကားခ်က္ထုတ္ထားတဲ့အတိုင္း ဝန္ထမ္းေတြကို မလိုအပ္တဲ့ေနရာေတြမွာ မသုံးဘဲနဲ႔ ေလွ်ာ့ခ်ၿပီး၊ ဘာလို႔လည္းဆိုေတာ့ အထိအေတြ႕ေတြ မ်ားတဲ့အခါက်ေတာ့ က်မတို႔ဘက္ကလည္းQuarantine ေတြလုပ္ရမယ့္အခါက်ေတာ့ က်မတို႔ကလည္း ဝန္ထမ္းကို ေလွ်ာ့ခ်ၿပီး Ward ေတြကိုလည္း ေလွ်ာ့ခ်ထားတယ္။ လူနာေတြလည္း နည္းသြားေတာ့ အဲဒီလိုလုပ္ထားပါတယ္။ ၿပီးေတာ့ Social Distancing ကိုလည္း သူတို႔ေတြကို ေသခ်ာသင္ထားၿပီးေတာ့ လာသူေတြအတြက္လည္း ေသခ်ာလုပ္ေပးထားပါတယ္။ ဝန္ထမ္းေတြအကုန္လုံးကိုလည္း အမ်ားႀကီးကိုမလာေစဘဲ လိုအပ္သေလာက္ကိုပဲ လာေစၿပီး ကူးစက္မႈႏႈန္းေလွ်ာ့ခ်ႏိုင္ေအာင္ စီစဥ္ထားပါတယ္။”

ျမန္မာႏိုင္ငံပုဂၢလိကေဆး႐ုံအသင္းနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနအဖြဲ႕တို႔ ပူးေပါင္း ေဆာင္႐ြက္ေနတယ္ဆိုတဲ့အေၾကာင္းကိုလည္း အခုလိုဆက္ေျပာပါတယ္။

“က်မတို႔ ပုဂၢလိကေဆး႐ုံေတြအေနနဲ႔ ျမန္မာႏိုင္ငံ ပုဂၢလိကေဆး႐ုံအသင္းဆိုတာ ရွိပါတယ္။ အဲဒါ က်မတို႔က က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန အဖြဲ႕ေတြနဲ႔ Networking တခုလုပ္ထားတယ္။ တကယ္လို႔ သူတို႔ဘက္က Case Definition ေျပာင္းတာကအစ Contact Definition ေျပာင္းတာကအစ က်မတို႔နဲ႔ ခ်က္ခ်င္းအေၾကာင္းၾကားၿပီး Treatment Guideline ေတြကိုလည္း ခ်က္ခ်င္းအေၾကာင္းၾကားေပးတယ္။ က်မတို႔ဘက္က တခုခုအခက္အခဲရွိတယ္ဆိုရင္လည္း သူတို႔က Clinical Management Team ကေနၿပီးေတာ့ က်မတို႔ကို ဘာဆက္လုပ္ရမလဲဆိုတာကို ဆုံးျဖတ္ေပးပါတယ္။”

ျပည္သူေတြအေနနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြအတိုင္း လိုက္နာေပးဖို႔နဲ႔ ဒီေရာဂါရဲ႕လကၡဏာေတြကို ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနက ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးကလည္း အခုလိုရွင္းျပထားပါတယ္။

“အဓိကကေတာ့ ဒီေရာဂါရဲ႕လကၡဏာက Joint Mission Report ထဲမွာ ေဖာ္ျပထားခ်က္အရဆိုရင္ ဖ်ားတာက ၈၆ ရာခိုင္ႏႈန္းက ဖ်ားပါတယ္။ ေခ်ာင္းေျခာက္ဆိုးတာက ၆၈ ရာခိုင္ႏႈန္းမွာ ေခ်ာင္းေျခာက္ဆိုးပါတယ္။ ဖ်ားတယ္ ပင္ပန္းတယ္ ေမာပန္းတယ္ ဒါေတြက ၃၈ရာခိုင္ႏႈန္းေလာက္ရွိပါတယ္။ တနည္းအားျဖင့္ေျပာရရင္ေတာ့ အမ်ားစုလကၡဏာေတြက ဖ်ားတယ္ ေခ်ာင္းဆိုးတယ္ ေမာပန္းတယ္ေပါ့ေနာ္။ အထူးသျဖင့္ ႏိုင္ငံျခားကေန ျပန္လာတယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့ ဒါက သတိထားရမယ့္ အေၾကာင္းအရာျဖစ္ပါတယ္။ သာမာန္ ဖ်ားတာ ေခ်ာင္းဆိုးတာမ်ိဳးကလည္း ရွိႏိုင္ပါတယ္။ တခုခုဆိုရင္ သက္ဆိုင္ရာက်န္းမာေရးဌာနကို အေၾကာင္းၾကားဖို႔ကေတာ့ အေရးႀကီးပါတယ္။”

ဒီကေန႔စာရင္းေတြအရ ႏိုင္ငံေပါင္း၂၀၃ ႏိုင္ငံကို ကူးစက္ခဲ့ၿပီး လူေပါင္း ၈၇၀,၀၀၀ ေက်ာ္ကို ကူးစက္ခဲ့တာပါ။ ဒီေရာဂါေၾကာင့္ ေသဆုံးခဲ့သူ ၄၃,၀၀၀ ေက်ာ္ရွိခဲ့ေပမယ့္ ျပန္လည္က်န္းမာလာသူ အေရအတြက္ဟာလည္း ၁၈၀,၀၀၀ ေက်ာ္အထိရွိထားၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ ဆေးရုံဆေးခန်းတွေ COVID ကာကွယ်ရေး ဘယ်လို လုပ်ထားကြသလဲ

COVID-19 ရောဂါ အတည်ပြု လူနာတွေစာရင်းထဲမှာ ကျန်းမာရေးဝန်ထမ်း တဦး စတင် ကူးစက်ခံရတာကြောင့် မြန်မာနိုင်ငံတွင်း ဆေးရုံဆေးခန်းတွေရဲ့ ရောဂါစောင့်ကြည့်ရေးနဲ့ ကာကွယ်ရေး အစီအမံတွေ ဘယ်လိုရှိနေသလဲ တင်ဆက်ပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစုက မေးမြန်းစုံစမ်းထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ COVID-19 ရောဂါကာကွယ်ရေးအတွက် ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း လိုက်နာဆောင်ရွက်နေပြီး ကျန်းမာရေးဝန်ထမ်းတွေကို လျှော့ချပြီး ဒီရောဂါကူးစက်မှုနှုန်း လျှော့နည်းအောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲမှာ ဒီရောဂါစတင် မဖြစ်ပွားခင်ကတည်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပုဂ္ဂလိကဆေးရုံတွေကို ဒီရောဂါ ကာကွယ်ရေးအတွက် ညွှန်ကြားချက်တွေ ထုတ်ပေးနေတယ်ဆိုတဲ့အကြောင်းကို ရွှေလမင်းဆေးရုံအုပ်ကြီး ဒေါက်တာတင်ညိုညိုလတ်က ဗွီအိုအေကိုပြောပါတယ်။

“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေပြီးတော့ ကျမတို့ ဒီပုဂ္ဂလိကဆေးရုံတွေကို ညွှန်ကြားချက်ထုတ်ထားတာ ရှိပါတယ်။ အဲဒါကတော့ ကျမတို့ဆေးရုံကို Fever Screening လာပြတဲ့ လူနာတွေကို တကယ်လို့ လိုအပ်မယ်ဆိုရင် သူ့ကို Fever Room မှာထားပြီးတော့မှ သူတို့အနေနဲ့ သံသယဖြစ်ဖွယ်ရှိတယ်ဆိုရင်တော့ တိုင်းဒေသကြီးဦးစီးဌာနကို ဆက်သွယ်ပြီးတော့ သူတို့ရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်ပါတယ်။ နောက် Hand Washing ကိုလည်း ဝန်ထမ်းတွေကိုစနစ်တကျ ဆေးဖို့အတွက် ဗီဒီယိုနဲ့တကွပြထားပေးတယ်။ နောက် လိုအပ်တဲ့ Hand Sanitizer တွေရော၊ Mask တွေ၊ Glove တွေ နောက်တကယ့် Medical Grade PPE တွေကိုလည်း ကျမတို့ ဝယ်ယူပြီးတော့ စုဆောင်းထားပါတယ်။”

ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက မနေ့ကည ထုတ်ပြန်ချက်ထဲ ဓာတ်ခွဲအတည်ပြုလူနာ နံပါတ် ၁၅ ဟာ နိုင်ငံခြားသားတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိကဆေးခန်းတခုက ဝန်ထမ်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထုတ်ပြန်ချက်အရဆို မြန်မာနိုင်ငံထဲ ဓာတ်ခွဲအတည်ပြုလူနာတွေထဲမှာ ကျန်းမာရေးဝန်ထမ်းကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာ ပထမဆုံးတွေ့ရှိတာ ဖြစ်ပါတယ်။

အခုလိုအခြေအနေမျိုးမှာ အစိုးရကညွှန်ကြားထားတဲ့အတိုင်း လိုက်နာဆောင်ရွက်နေပြီး ဝန်ထမ်းလျှော့ချတာတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ဒေါက်တာတင်ညိုညိုလတ်က ဆက်ပြောပါတယ်။

“အခုလို ဖြစ်သွားတဲ့အတွက်ကြောင့် ကျမတို့ကလည်း အစိုးရကညွှန်ကြားချက်ထုတ်ထားတဲ့အတိုင်း ဝန်ထမ်းတွေကို မလိုအပ်တဲ့နေရာတွေမှာ မသုံးဘဲနဲ့ လျှော့ချပြီး၊ ဘာလို့လည်းဆိုတော့ အထိအတွေ့တွေ များတဲ့အခါကျတော့ ကျမတို့ဘက်ကလည်းQuarantine တွေလုပ်ရမယ့်အခါကျတော့ ကျမတို့ကလည်း ဝန်ထမ်းကို လျှော့ချပြီး Ward တွေကိုလည်း လျှော့ချထားတယ်။ လူနာတွေလည်း နည်းသွားတော့ အဲဒီလိုလုပ်ထားပါတယ်။ ပြီးတော့ Social Distancing ကိုလည်း သူတို့တွေကို သေချာသင်ထားပြီးတော့ လာသူတွေအတွက်လည်း သေချာလုပ်ပေးထားပါတယ်။ ဝန်ထမ်းတွေအကုန်လုံးကိုလည်း အများကြီးကိုမလာစေဘဲ လိုအပ်သလောက်ကိုပဲ လာစေပြီး ကူးစက်မှုနှုန်းလျှော့ချနိုင်အောင် စီစဉ်ထားပါတယ်။”

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံအသင်းနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းကိုလည်း အခုလိုဆက်ပြောပါတယ်။

“ကျမတို့ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံအသင်းဆိုတာ ရှိပါတယ်။ အဲဒါ ကျမတို့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အဖွဲ့တွေနဲ့ Networking တခုလုပ်ထားတယ်။ တကယ်လို့ သူတို့ဘက်က Case Definition ပြောင်းတာကအစ Contact Definition ပြောင်းတာကအစ ကျမတို့နဲ့ ချက်ချင်းအကြောင်းကြားပြီး Treatment Guideline တွေကိုလည်း ချက်ချင်းအကြောင်းကြားပေးတယ်။ ကျမတို့ဘက်က တခုခုအခက်အခဲရှိတယ်ဆိုရင်လည်း သူတို့က Clinical Management Team ကနေပြီးတော့ ကျမတို့ကို ဘာဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။”

ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာပေးဖို့နဲ့ ဒီရောဂါရဲ့လက္ခဏာတွေကို ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း အခုလိုရှင်းပြထားပါတယ်။

“အဓိကကတော့ ဒီရောဂါရဲ့လက္ခဏာက Joint Mission Report ထဲမှာ ဖော်ပြထားချက်အရဆိုရင် ဖျားတာက ၈၆ ရာခိုင်နှုန်းက ဖျားပါတယ်။ ချောင်းခြောက်ဆိုးတာက ၆၈ ရာခိုင်နှုန်းမှာ ချောင်းခြောက်ဆိုးပါတယ်။ ဖျားတယ် ပင်ပန်းတယ် မောပန်းတယ် ဒါတွေက ၃၈ရာခိုင်နှုန်းလောက်ရှိပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ အများစုလက္ခဏာတွေက ဖျားတယ် ချောင်းဆိုးတယ် မောပန်းတယ်ပေါ့နော်။ အထူးသဖြင့် နိုင်ငံခြားကနေ ပြန်လာတယ်ဆိုရင်တော့ ပိုပြီးတော့ ဒါက သတိထားရမယ့် အကြောင်းအရာဖြစ်ပါတယ်။ သာမာန် ဖျားတာ ချောင်းဆိုးတာမျိုးကလည်း ရှိနိုင်ပါတယ်။ တခုခုဆိုရင် သက်ဆိုင်ရာကျန်းမာရေးဌာနကို အကြောင်းကြားဖို့ကတော့ အရေးကြီးပါတယ်။”

ဒီကနေ့စာရင်းတွေအရ နိုင်ငံပေါင်း၂၀၃ နိုင်ငံကို ကူးစက်ခဲ့ပြီး လူပေါင်း ၈၇၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးခဲ့သူ ၄၃,၀၀၀ ကျော်ရှိခဲ့ပေမယ့် ပြန်လည်ကျန်းမာလာသူ အရေအတွက်ဟာလည်း ၁၈၀,၀၀၀ ကျော်အထိရှိထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG