သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ေဒသတြင္းႏုိင္ငံေတြရဲ႕ COVID-19 လုပ္ငန္းေတြမွာ ကန္ ပူးေပါင္း ေဆာင္ရြက္ေန


(Zawgyi/Unicode)

ျမန္မာ အပါအ၀င္ အာရွေဒသတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏုိင္ေရး လုပ္ငန္းေတြမွာ အေမရိကန္ ျပည္ေထာင္စုက အနီးကပ္ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး Mike Pompeo က တနလာၤေန႔မွာ ေျပာဆိုပါတယ္။

“အာရွ ေဒသတြင္းက ဦးစားေပး ႏုိင္ငံ ၆၄ ႏုိင္ငံအတြက္ ေဒၚလာ ၂၇၄ သန္း ေထာက္ပံ႔မယ္” လို႔ ၀န္ႀကီးက ေျပာဆိုသြားတာပါ။ အကူအညီေပးမယ့္ အမ်ားစုကေတာ့ အင္ဒို ပစိဖိတ္ ေဒသတြင္းမွာ ျဖစ္ေၾကာင္း၊ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႔မႈကို ေဖာ္ထုတ္ႏုိင္ေရး အတြက္ အေထာက္အကူ ျဖစ္ေစမယ္လို႔လည္း ၀န္ႀကီးက ေျပာပါတယ္။ဒီ ေထာက္ပံ႔မယ္႔ ရန္ပံုေငြေတြကို ျမန္မာ အပါအ၀င္ ေဒသတြင္းက ႏုိင္ငံေတြကို ဘယ္လို ခြဲေ၀မလဲ ဆိုတာကို သံုးသပ္ေနေၾကာင္းလည္း ေျပာဆိုသြားပါတယ္။

ျမန္မာႏုိင္ငံမွာ COVID 19 ကမၻာ့ကပ္ေရာဂါ တံု႔ျပန္ေဆာင္ရြက္ေရး အတြက္ အေမရိကန္ ႏုိင္ငံတကာ ဖြံ႔ၿဖိဳးေရး ေအဂ်င္စီ USAID က သူ႔ရဲ႕ အေရးေပၚ ရန္ပံုေငြ အစီအစဥ္ကေန ေဒၚလာ ၁ ဒသမ ၈ သန္း ေပးအပ္မယ့္ အေၾကာင္း မတ္လ ၁၈ ရက္ေန႔က ေၾကညာခဲ႔ပါတယ္။ ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနရဲ႕ ေမတၱာရပ္ခ်က္ကို တုံ႔ျပန္တဲ႔ အေနနဲ႔ USAID က ျမန္မာႏုိင္ငံ အတြက္ ေရာဂါကာကြယ္ေရး ပစၥည္းေတြလည္း ေပးအပ္ခဲ႔ၿပီး ျဖစ္ေၾကာင္း ေၾကညာထားပါတယ္။

ဒါ႔အျပင္ COVID 19 ကပ္ေရာဂါ တုံ႔ျပန္ေဆာင္ရြက္ေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြကို မွ်ေ၀တဲ႔ အေနနဲ႔ အေမရိကန္ ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ တားဆီးေရး ဗဟို CDC က ထုတ္ထားတဲ႔ ရုပ္သံေတြကိုလည္း ျမန္မာႏုိင္ငံ ဆိုင္ရာ အေမရိကန္ သံရံုးက စုစည္း လႊင့္တင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ COVID-19 လုပ်ငန်းတွေမှာ ကန် ပူးပေါင်း ဆောင်ရွက်နေ

(Unicode)
မြန်မာ အပါအဝင် အာရှဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး လုပ်ငန်းတွေမှာ အမေရိကန် ပြည်ထောင်စုက အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တနလာၤနေ့မှာ ပြောဆိုပါတယ်။

“အာရှ ဒေသတွင်းက ဦးစားပေး နိုင်ငံ ၆၄ နိုင်ငံအတွက် ဒေါ်လာ ၂၇၄ သန်း ထောက်ပံ့မယ်” လို့ ဝန်ကြီးက ပြောဆိုသွားတာပါ။ အကူအညီပေးမယ့် အများစုကတော့ အင်ဒို ပစိဖိတ် ဒေသတွင်းမှာ ဖြစ်ကြောင်း၊ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဖော်ထုတ်နိုင်ရေး အတွက် အထောက်အကူ ဖြစ်စေမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ဒီ ထောက်ပံ့မယ့် ရန်ပုံငွေတွေကို မြန်မာ အပါအဝင် ဒေသတွင်းက နိုင်ငံတွေကို ဘယ်လို ခွဲဝေမလဲ ဆိုတာကို သုံးသပ်နေကြောင်းလည်း ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံမှာ COVID 19 ကမ္ဘာ့ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး အတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID က သူ့ရဲ့ အရေးပေါ် ရန်ပုံငွေ အစီအစဉ်ကနေ ဒေါ်လာ ၁ ဒသမ ၈ သန်း ပေးအပ်မယ့် အကြောင်း မတ်လ ၁၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ မေတ္တာရပ်ချက်ကို တုံ့ပြန်တဲ့ အနေနဲ့ USAID က မြန်မာနိုင်ငံ အတွက် ရောဂါကာကွယ်ရေး ပစ္စည်းတွေလည်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ကြေညာထားပါတယ်။

ဒါ့အပြင် COVID 19 ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို မျှဝေတဲ့ အနေနဲ့ အမေရိကန် ရောဂါ ထိန်းချုပ်ကာကွယ် တားဆီးရေး ဗဟို CDC က ထုတ်ထားတဲ့ ရုပ်သံတွေကိုလည်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးက စုစည်း လွှင့်တင်ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG