သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္နဲ႔ အာဖဂန္တာလီဘန္ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရ


(Zawgyi/Unicode)

အေမရိကန္အစုိးရနဲ႔ တာလီဘန္တုိ႔အၾကား ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကုိ လာမယ့္ ေဖေဖာ္၀ါရီ ၂၉ ရက္ေန႔မွာ လက္မွတ္ေရးထုိးႏုိင္မယ္လုိ႔ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo နဲ႔ တာလီဘန္အဖြဲ႔တုိ႔က ေသာၾကာေန႔မွာ တၿပိဳင္ထဲ ေၾကညာလုိက္ၾကတာေၾကာင့္ အေမရိကန္တုိ႔အတြက္ သက္တမ္းအရွည္ဆုံး စစ္ပြဲ အဆုံးသတ္ဖုိ႔ လမ္းစ ေပၚထြက္လာၿပီ ျဖစ္ပါတယ္။

ဒီ သေဘာတူညီခ်က္အရ အာဖဂန္ႏုိင္ငံအတြင္းက အေမရိကန္တပ္ဖြဲ႔ေတြ တဆင့္ျခင္း ျပန္လည္ ရုပ္ေပးရမွာျဖစ္ၿပီး တာလီဘန္ဘက္ကလည္း အာဖဂန္ေျမကုိ အသုံးျပဳၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေဆာင္ျခင္း မျပဳရမယ့္အျပင္ အမ်ဳိးသား ျပန္လည္ ရင္ၾကားေစ့ေရးလုပ္ငန္းေတြမွာ တျခား အာဖဂန္ႏုိင္ငံသားေတြနဲ႔အတူ လက္တြဲ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။

သေဘာတူညီခ်က္ လက္မွတ္ေရးထုိးၿပီး မၾကာခင္မွာ အာဖဂန္အျခင္းျခင္းၾကားက ေဆြးေႏြးမႈေတြကုိ စတင္မွာျဖစ္ေၾကာင္း၊ အဲဒီေနာက္မွာမွ ဘက္စုံ ၿပီးျပည့္စုံတဲ့ အပစ္အခတ္ ရပ္စဲေရးနဲ႔ အာဖဂန္ရဲ႕ အနာဂတ္ႏုိင္ငံေရး လမ္းျပေျမပုံကိစၥေတြကုိ ေဆြးေႏြးၾကမွာျဖစ္ေၾကာင္း ၀န္ႀကီး Pompeo ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္အတြက္ လက္မွတ္မေရးထုိးခင္ ေဖေဖာ္၀ါရီလ ၂၂ ရက္ေန႔ကစလုိ႔ သီတင္း တပတ္ၾကာ အၾကမ္းဖက္ တုိက္ခုိက္မႈေတြ ေလ်ာ့ခ်ေရးအစီအစဥ္ေတြကုိ ဒီ သေဘာတူညီခ်က္မွာ ပါ၀င္တဲ့ အေမရိကန္တပ္ဖြဲ႔ေတြ၊ တာလီဘန္နဲ႔ အာဖဂန္ လုံၿခံဳေရးတပ္ဖြဲ႔ေတြဘက္က လုိက္နာၾကရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီကာလအတြင္း သူတုိ႔ကုိ တုိက္ခုိက္လာရင္ေတာ့ မည္သူမဆုိ ကုိယ့္ကုိကုိယ္ ခုခံပုိင္ခြင့္ ရွိမွာ ျဖစ္ပါတယ္။

အၾကမ္းဖက္တုိက္ခုိက္မႈ ေလ်ာ့ခ်ေရး သီတင္းတပတ္ ကာလဟာ တဘက္နဲ႔တဘက္ အျပန္အလွန္ ယုံၾကည္မႈ တည္ေဆာက္ေရးအတြက္ ျဖစ္တဲ့အျပင္ တာလီဘန္တုိ႔အေနနဲ႔ သူတုိ႔တပ္ဖြဲ႔ေတြရဲ႕ တုိက္ခုိက္လုိစိတ္ကုိ ဘယ္ေလာက္အထိ ထိန္းခ်ဳပ္ႏုိင္သလဲဆုိတာကုိ သိရွိေစမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အမေရိကန်နဲ့ အာဖဂန်တာလီဘန် ငြိမ်းချမ်းရေးသဘောတူညီချက်ရ

(Unicode)

အမေရိကန်အစိုးရနဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို လာမယ့် ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ တာလီဘန်အဖွဲ့တို့က သောကြာနေ့မှာ တပြိုင်ထဲ ကြေညာလိုက်ကြတာကြောင့် အမေရိကန်တို့အတွက် သက်တမ်းအရှည်ဆုံး စစ်ပွဲ အဆုံးသတ်ဖို့ လမ်းစ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။

ဒီ သဘောတူညီချက်အရ အာဖဂန်နိုင်ငံအတွင်းက အမေရိကန်တပ်ဖွဲ့တွေ တဆင့်ခြင်း ပြန်လည် ရုပ်ပေးရမှာဖြစ်ပြီး တာလီဘန်ဘက်ကလည်း အာဖဂန်မြေကို အသုံးပြုပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ခြင်း မပြုရမယ့်အပြင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းတွေမှာ တခြား အာဖဂန်နိုင်ငံသားတွေနဲ့အတူ လက်တွဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

သဘောတူညီချက် လက်မှတ်ရေးထိုးပြီး မကြာခင်မှာ အာဖဂန်အခြင်းခြင်းကြားက ဆွေးနွေးမှုတွေကို စတင်မှာဖြစ်ကြောင်း၊ အဲဒီနောက်မှာမှ ဘက်စုံ ပြီးပြည့်စုံတဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ အာဖဂန်ရဲ့ အနာဂတ်နိုင်ငံရေး လမ်းပြမြေပုံကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ကြောင်း ဝန်ကြီး Pompeo ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် လက်မှတ်မရေးထိုးခင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစလို့ သီတင်း တပတ်ကြာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျော့ချရေးအစီအစဉ်တွေကို ဒီ သဘောတူညီချက်မှာ ပါဝင်တဲ့ အမေရိကန်တပ်ဖွဲ့တွေ၊ တာလီဘန်နဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေဘက်က လိုက်နာကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကာလအတွင်း သူတို့ကို တိုက်ခိုက်လာရင်တော့ မည်သူမဆို ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့် ရှိမှာ ဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု လျော့ချရေး သီတင်းတပတ် ကာလဟာ တဘက်နဲ့တဘက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးအတွက် ဖြစ်တဲ့အပြင် တာလီဘန်တို့အနေနဲ့ သူတို့တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်လိုစိတ်ကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်သလဲဆိုတာကို သိရှိစေမှာ ဖြစ်ပါတယ်။

XS
SM
MD
LG