သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အစိုးရနဲ့ တာလီဘန် အကျဉ်းသားလဲလှယ်


၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက အာဖဂန်အကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်သည့် တာလီဘန်အကျဉ်းသားတချို့။ (စက်တင်ဘာ ၂၈၊ ၂၀၁၅)
၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက အာဖဂန်အကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်သည့် တာလီဘန်အကျဉ်းသားတချို့။ (စက်တင်ဘာ ၂၈၊ ၂၀၁၅)

ပြီးခဲ့တဲ့နှစ်ထဲ ဓားစားခံအဖြစ် ဖမ်းဆီးခံရတဲ့ အိန္ဒိယနိုင်ငံသား ၃ ဦးနဲ့ လဲလှယ်ဖို့အတွက် အာဖဂန်မှာရှိတဲ့ အာဖဂန်-အမေရိကန် ပူးတွဲအကျဉ်းထောင်ကနေ အရေးပါတဲ့ တာလီဘန်အဖွဲ့ဝင် ၁၁ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။

နှစ်ဖက်အကျဉ်းသားတွေကို အာဖဂန်မြောက်ပိုင်း Baghlan နယ်မှာ လဲလှယ်ခဲ့တာ ဖြစ်တယ်လို့ တာလီဘန်သူပုန်တွေက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ပြန်လွတ်လာတဲ့အထဲမှာ တာလီဘန် နယ်မြေအုပ်ချုပ်ရေး ၂ ဦးလည်း ပါဝင်ပါတယ်။

ပြန်ပေးဆွဲခံရတဲ့ အိန္ဒိယနိုင်ငံသား ၃ ဦးဟာ အာဖဂန်နစ္စတန်နိုင်ငံ Baghlan ဒေသက လျှပ်စစ်ဓာတ်အားစက်ရုံ ဆောက်လုပ်ရေး စီမံကိန်းမှာ လုပ်နေတဲ့ အခြား ၄ ဦးနဲ့အတူ မနှစ်တုန်းက ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတာပါ။

အာဖဂန်နစ္စတန်က ဒေသအများအပြားမှာ တာလီဘန်တွေက ထိန်းချုပ်ထားတာ ဒါမှမဟုတ် တက်ကြွစွာ လှုပ်ရှားနေတဲ့ နေရာတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်နဲ့ တာလီဘန် စေ့စပ်ညှိနှိုင်းသူတွေကြား ပါကစ္စတန်နိုင်ငံမှာ ပြုလုပ်တဲ့ သီးသန့်ဆွေးနွေးပွဲတွေကနေ အခုလို အကျဉ်းသား လဲလှယ်ရေး အစီအစဉ်တွေ ဖြစ်လာရတာပါ။

----------------------------

(Unicode)







အာဖဂန်အစိုးရနဲ့ တာလီဘန် အကျဉ်းသားလဲလှယ်
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG