သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ငြိမ်းချမ်းရေး အလားအလာ


(Zawgyi/Unicode)

အမေရိကန်နဲ့ တာလီဘန်တို့အကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ လျော့ချရေးဆိုင်ရာ သဘောတူညီမှုရထားတဲ့ ကာလအတွင်း တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအရ မှားယွင်း တွက်ချက်မှုတွေကို ဟန့်တားနိုင်မယ့် ဆက်သွယ်ရေးနည်းလမ်းတခုလည်း ပါဝင်မယ်လို့ အမေရိကန်အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

အဲဒီ ဆက်သွယ်ရေးနည်းလမ်းဟာ စစ်ရေးအရ မှားယွင်းတိုက်ခိုက်မှုတွေ မဖြစ်ပေါ်အောင် အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက တဘက် ရုရှားနဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက တဘက် ၊ နှစ် ဖက် နားလည်မှုရှိနိုင်အောင် တည်ဆောက်ထားတဲ့ ဆက်သွယ်စနစ်နဲ့ အလားသဏ္ဍာန် တူတယ်လို့ ဆိုပါတယ်။

အာဖဂန်မှာ အကြမ်းဖက်မှုလျော့ချရေး အမေရိကန်နဲ့ တာလီဘန်အဖွဲ့တို့ရဲ့ သဘောတူညီချက်ဟာ လာမယ့် စနေနေ့မှာ စတင်အသက်ဝင်ဖို့ သဘောတူထားကြကြောင်း အစိုးရ အရာရှိတွေက ဗွီအိုအေက ပြောပါတယ်။

ဒီ သဘောတူညီထားထဲ့ ကာလအတွင်း အမေရိကန်တပ်ဖွဲ့တွေ လက်ရှိဆောင်ရွက်နေတဲ့ မိမိကိုယ် မိမိကာကွယ်ပိုင်ခွင့်ရှိရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဉ်တွေ၊ နောက် အာဖဂန်တပ်ဖွဲ့တွေကို ပေးနေတဲ့ သင်တန်းနဲ့ စစ်ရေးဆိုင်ရာ အကြံပေး လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ကိုင်နိုင်ခွင့်ရှိကြောင်း အဆင့်မြင့် အမေရိကန် အရာရှိတဦး ကလည်း ဗွီအိုအေကို ပြောပါတယ်။

တကယ်လို့ အခုသဘောတူညီချက်သာ မျှော်မှန်းထားတဲ့အတိုင်း အကောင်အထည် ဖော်နိုင်ခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လာမယ့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ လက်မှတ်ရေးထိုးနိုင်မယ်လို့ တာလီဘန်ဘက်က ပြောပါတယ်။

အဲဒီ လက်မှတ်ရေးထိုးပွဲကို တက်ဖို့ ပါကစ္စတန်၊ ရုရှားနဲ့ ဥရောပသမဂ္ဂတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ကိုလည်း ဖိတ်ကြားထားကြောင်း ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

အာဖဂန် ငြိမ်းချမ်းရေး အလားအလာ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်


................


(Unicode)






XS
SM
MD
LG