သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အာဖဂန်ကို မကြေညာဘဲ သွားရောက်ခဲ့


အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့ဝင်များအား ကျေးဇူးတော်နေ့ အထိမ်းအမှတ်ညစာဖြင့် တည်ခင်းနေသည့် အမေရိကန်သမ္မတ Donald Trump. (နိုဝင်ဘာ ၂၈၊ ၂၀၁၉)
အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့ဝင်များအား ကျေးဇူးတော်နေ့ အထိမ်းအမှတ်ညစာဖြင့် တည်ခင်းနေသည့် အမေရိကန်သမ္မတ Donald Trump. (နိုဝင်ဘာ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

သမ္မတ Donald Trump ဟာ ကြိုတင်ကြေညာမထားဘဲ ကြာသပတေးနေ့က အာဖဂန်နစ္စတန်ကို ရောက်သွားပြီး အမေရိကန်နဲ့ တာလီဘန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတဲ့အကြောင်းနဲ့ တာလီဘန်တွေ အပစ်ရပ်ချင်တယ်လို့ သူယုံကြည်တဲ့အကြောင်း ကြေညာပါတယ်။

အမေရိကန်က အရှည်ကြာဆုံးစစ်ပွဲ တိုက်ခိုက်နေတဲ့နေရာကို ပထမဆုံးသွားတဲ့ ခရီးစဉ်အတွင်း သမ္မတ Trump ဟာ Bagram လေတပ် လေယာဉ်ကွင်းကို ဒေသစံတော်ချိန် ည ၈ နာရီခွဲ ကျော်ကျော်လေးမှာ ရောက်သွားပြီး ၂ နာရီခွဲကျော်ကြာ နေသွားပါတယ်။

သမ္မတက ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် တပ်ဖွဲ့ဝင်တွေကို ကြက်ဆင်သား ကျွေးသလို ကျေးဇူးတင်စကားပြောပြီး အာဖဂန်သမ္မတ Ashraf Ghani နဲ့လည်း တွေ့ဆုံပါတယ်။

အာဖဂန်နစ္စတန်မှာ သမ္မတ Trump လုံခြုံဘေးကင်းစေရေးအတွက် သတင်းထောက်တွေအနေနဲ့ ခရီးစဉ်ကို လျှို့ဝှက်ထားဖို့ အစဉ်အလာအရ တင်းတင်းကျပ်ကျပ် ညွှန်ကြားခဲ့တာပါ။ အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၂,၀၀၀ လောက် ရှိနေပါသေးတယ်။

တာလီဘန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ သမ္မတ Trump က ရုတ်တရက် ရပ်ပစ်ခဲ့ပြီး Camp David သမ္မတအပန်းဖြေစခန်းမှာ တာလီဘန်၊ အာဖဂန်ခေါင်းဆောင်တွေနဲ့ လျှို့ဝှက်တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာကိုလည်း ဖျက်လိုက်ပြီးတဲ့နောက် အခုလို အာဖဂန်နစ္စတန်ကို သွားရောက်တာပါ။

အမေရိကန်တပ်ဖွဲ့ဝင်တဦး အပါအဝင် လူ ၁၂ ယောက် သေဆုံးတဲ့ ကဘူးလ်မြို့တော်မှာ ဗုံးခွဲမှုတခု အပါအဝင် တခြားတိုက်ခိုက်မှုတွေကြောင့် လူတွေသေဆုံးခဲ့ရအပြီး ဆွေးနွေးပွဲနဲ့ လျှို့ဝှက်အစည်းအဝေးတို့ကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

--------------------------------

(Unicode)

သမ်မတ Trump အာဖဂနျကို မကွညောဘဲ သှားရောကျခဲ့







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG