သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်နဲ့ လျှို့ဝှက်ဆွေးနွေးပွဲ အစီအစဉ် ကန်သမ္မတ ဖျက်သိမ်း


Trump
Trump

တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။

အာဖဂန်ငြိမ်းချမ်းရေးအတွက် အာဖဂန်သမ္မတ Ashraf Ghani နဲ့ တခြား တာလီဘန်ခေါင်းဆောင်တွေနဲ့ အမေရိကန်ပြည်ထောင်စုက သမ္မတအပန်းဖြေစခန်းဖြစ်တဲ့ Camp David မှာ ဒီကနေ့ လျှို့ဝှက်ဆွေးနွေးမှုတွေ လုပ်ထားတာကို ဖျက်လိုက်တယ်ဆိုပြီး သမ္မတထရမ့်က တွစ်တာကနေ ရေးလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ အမေရိကန်စစ်သားတစ်ယောက် အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့တဲ့ ကားဗုံးခွဲမှု ဖြစ်ခဲ့ပြီးတဲ့နောက် သူ့အနေနဲ့ Camp David မှာ လုပ်ဖို့ စီစဉ်ထားတဲ့ အစီအစဉ်တွေကို ဘာကြောင့်ဖျက်လိုက်သလဲ ဆိုတာကို သမ္မတထရမ့်က မနေ့ စနေနေ့ညနေက တွစ်တာကနေ တောက်လျှောက်ရေးခဲ့ပါတယ်။

တာလီဘန်တွေဘက်က လွဲမှားတဲ့ သြဇာအရှိန်အဝါကို တည်ဆောက်ဖို့အတွက် အခုလို တိုက်ခိုက်နေတာဖြစ်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။ တာလီဘန်တွေအနေနဲ့ ဒီလိုအရေးကြီးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်နေချိန်အတွင်းမှာ အပစ်အခတ်ရပ်စဲဖို့ သဘောမတူနိုင်ဘူးဆိုရင် အဓိပ္ပာယ်ရှိတဲ့ သဘောတူညီမှုကို ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် စွမ်းအားမရှိတာမျိုး ဖြစ်နိုင်ကြောင်းနဲ့ သူတို့အနေနဲ့ နောက်ထပ်ဆယ်စုနှစ် ဘယ်နှစ်ခုလောက်အထိ တိုက်ဖို့ဆန္ဒရှိသလဲ ဆိုပြီး သမ္မတထရမ့်က ပြောပါတယ်။

အမေရိကန်နဲ့ တာလီဘန် ကိုယ်စားလှယ်အဖွဲ့တွေ ကာတာနိုင်ငံ ဒိုဟာမြို့မှာ အာဖဂန် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နေကြပြီး တာလီဘန်ဘက်ကလည်း ဒီဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်တယ်လို့ ပြောနေချိန်မှာပဲ မမျှော်လင့်ဘဲ အမေရိကန်မှာ လျှို့ဝှက်ဆွေးနွေးဖို့ လုပ်ထားတဲ့ အစီအစဉ်ကို ဖျက်သိမ်းတယ်ဆိုပြီး သမ္မတထရမ့်ဘက်က ပြောလာခဲ့တာ ဖြစ်ပါတယ်။

တာလီဘန်နဲ့ လျှို့ဝှက်ဆွေးနွေးပွဲ အစီအစဉ် ကန်သမ္မတ ဖျက်သိမ်း
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG