သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် က တပ်ရုပ်သိမ်းရေး ကန်ဗိုလ်ချုပ်ကြီး ဝေဖန်


 ကြည်းတပ် ဗိုလ်ချုပ်ကြီး Mark Milley
 ကြည်းတပ် ဗိုလ်ချုပ်ကြီး Mark Milley

အမေရိကန်တပ်ဖွဲ့တွေရဲ့ ပူးတွဲ စစ်ဦးစီးချုပ် ဥက္ကဌအဖြစ် သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုထားသူ ကြည်းတပ် ဗိုလ်ချုပ်ကြီး Mark Milley က အမေရိကန်တပ်ဖွဲ့တွေကို အာဖဂန် နစ္စတန်ကနေ အချိန်မတိုင်ခင် ရုပ်သိမ်းမယ်ဆိုရင် မဟာဗျူဟာ အမှားတစ်ခု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ပူးတွဲ စစ်ဦးစီးချုပ် ဥက္ကဌ အဖြစ် သူ့ကို ရွေးချယ် ခန့်အပ်ဖို့အတွက် အမေရိကန် အထက်လွှတ်တော်မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီမှတ်ချက်ဟာ နှစ်၂၀ ကြာ အာဖဂန် စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်နဲ့ တာလီဘန် တွေအကြား စေ့စပ်ဆွေးနွေးပွဲတွေ လုပ်နေချိန်နဲ့လည်း တိုက်ဆိုင်လို့နေပါတယ်။

“အာဖဂန်အတွင်း ဖြစ်စဉ်က နှေးကွေးသလို စိတ် မချမ်းမြေ့စရာကောင်းပြီး ခက်ခဲပါတယ်။ ကျွန်တော့် ဘ၀ တော်တော်များများ အာဖဂန်မှာ ကုန်ဆုံးခဲ့ရပေမဲ့ ဒါကို လိုအပ်တယ်လို့ ကျွန်တော် ယူဆပါတယ်လို့” ဗိုလ်ချုပ်ကြီး Mark Milley က ပြောပါတယ်။ စေ့စပ် ဆွေးနွေးပွဲမှာ ရရှိနေတဲ့ တိုးတက်မှုတွေဟာ စစ်ပွဲ ပြီးဆုံးဖို့ ဦးတည်နေတယ်ဆိုတာကို သူ သိပါတယ်လို့လည်း ပြောပါတယ်။

အာဖဂန်က နိုင်ငံရပ်ခြားတပ်တွေအားလုံး ရုပ်သိမ်းဖို့ အမေရိကန်က သဘောတူညီရမယ့် အချက်နဲ့ အပြန်အလှန်အားဖြင့် တာလီဘန်တို့က အာဖဂန်ကို ဝင်ရောက်လာတဲ့ ပြည်ပ အကြမ်းဖက် သမားတွေကို အားပေးလက်ခံခြင်း မပြုရဘူးဆိုတဲ့ အချက်တွေကို ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးနေတာ ဖြစ်ပါတယ်။

အီရန်နဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ JCPOA လို့ခေါ်တဲ့ နိုင်ငံတကာ သဘောတူ စာချုပ်ကနေ အမေရိကန်နိုင်ငံ နုတ်ထွက် ကတည်းက အီရန်ဟာ ရန်လိုတဲ့ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ် လုပ်လာတယ်လို့ ဗိုလ်ချုပ်ကြီး Mark Milley က ပြောပါတယ်။

ဒီ ရက်ပိုင်းအတွင်းမှာပဲ Hormuz ရေလက်ကြားအတွင်း ဗြိတိန် ရေနံတင် သင်္ဘောတစ်စီးကို အီရန်နိုင်ငံရဲ့ တိုက်ခိုက်ရေး မော်တော်ဘုတ်တွေက တားဆီးနှောက်ယှက်ဖို့ ကြံစည်တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG