(Zawgyi/Unicode)
အေမရိကန္တပ္ဖဲြ႔ဝင္ တေယာက္ Afghanistan ႏိုင္ငံမွာ စစ္မႈထမ္းရင္း ေသဆံုးသြားတယ္လို႔ အေမရိကန္စစ္တပ္က ဒီကေန႔ ေၾကညာခဲ့ပါတယ္။
Afghanistan မွာတပ္စြဲထားတဲ့ အေမရိကန္စစ္တပ္ရဲ႕ ေၾကညာခ်က္မွာ ဘယ္လိုေသဆံုးသြားတဲ့ အေသးစိတ္ကိုေတာ့ ေဖာ္ျပထားျခင္း မ႐ွိပါဘူး။
ဒီကေန႔ ေသဆံုးသြားတဲ့ တေယာက္နဲ႔ဆိုရင္ Afghanistan မွာတာဝန္ထမ္းေဆာင္ရင္း ေသဆံုးသြားတဲ့ အေမရိကန္ စစ္သား စုစုေပါင္း ဒီႏွစ္ထဲမွာ အေယာက္ ၂၀ ႐ွိသြားပါၿပီ။ တာလီဘန္ေတြကေတာ့ သူတုိ႔ လက္ခ်က္လို႔ သတင္းေထာက္ေတြကို ေၾကညာခ်က္ ေပးပို႔ခဲ့ပါတယ္။
မၿငိမ္မသက္ျဖစ္ေနတဲ့ Kunduz ထဲက တာလီဘန္ေတြ႐ွိတဲ့ေနရာကို ပူးတြဲစစ္ဆင္ေရးလုပ္မယ့္ Afghan နဲ႔ အေမရိကန္ေတြအေပၚ ကားဗံုးေထာင္ တိုက္ခိုက္ခဲ့တယ္လို႔ တာလီဘန္ေတြက ဆိုပါတယ္။
ေသဆံုးသြားတယ္လုိ႔ဆိုတဲ့ အေမရိကန္ စစ္သားရဲ႕ ကိုယ္ပိုင္နံပါတ္ပါတဲ့ ဆြဲျပားနဲ႔ ေသြးစြန္းေနတဲ့ ယူနီေဖာင္းဓါတ္ပံုေတြကိုလည္း တာလီဘန္ေတြက ထုတ္ျပန္ခဲ့ပါတယ္။
Char Dara ခ႐ိုင္ေနရာအမ်ားစုကို တာလီဘန္ေတြက ထိန္းခ်ဳပ္ထားတာျဖစ္ပါတယ္။ ဗံုးကြဲမႈအတြင္း အေမရိကန္စစ္သား တေယာက္နဲ႔ Afghan ေကာ္မန္ဒို တေယာက္လည္း အျပင္းအထန္ ဒဏ္ရာရသြားတယ္လုိ႔ တာလီဘန္တို႔ကဆိုပါတယ္။
ခုလိုတာလီဘန္ေတြရဲ႕ ထုတ္ျပန္ ေျပာၾကားခ်က္ကို အတည္ျပဳႏိုင္ဖုိ႔ေတာ့ ခက္ခဲပါတယ္။
[Unicode Version]
အာဖဂန်ရောက် အမေရိကန်စစ်သည် တဦးသေဆုံး
အမေရိကန်တပ်ဖွဲ့ဝင် တယောက် Afghanistan နိုင်ငံမှာ စစ်မှုထမ်းရင်း သေဆုံးသွားတယ်လို့ အမေရိကန်စစ်တပ်က ဒီကနေ့ ကြေညာခဲ့ပါတယ်။
Afghanistan မှာတပ်စွဲထားတဲ့ အမေရိကန်စစ်တပ်ရဲ့ ကြေညာချက်မှာ ဘယ်လိုသေဆုံးသွားတဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
ဒီကနေ့ သေဆုံးသွားတဲ့ တယောက်နဲ့ဆိုရင် Afghanistan မှာတာဝန်ထမ်းဆောင်ရင်း သေဆုံးသွားတဲ့ အမေရိကန် စစ်သား စုစုပေါင်း ဒီနှစ်ထဲမှာ အယောက် ၂၀ ရှိသွားပါပြီ။ တာလီဘန်တွေကတော့ သူတို့ လက်ချက်လို့ သတင်းထောက်တွေကို ကြေညာချက် ပေးပို့ခဲ့ပါတယ်။
မငြိမ်မသက်ဖြစ်နေတဲ့ Kunduz ထဲက တာလီဘန်တွေရှိတဲ့နေရာကို ပူးတွဲစစ်ဆင်ရေးလုပ်မယ့် Afghan နဲ့ အမေရိကန်တွေအပေါ် ကားဗုံးထောင် တိုက်ခိုက်ခဲ့တယ်လို့ တာလီဘန်တွေက ဆိုပါတယ်။
သေဆုံးသွားတယ်လို့ဆိုတဲ့ အမေရိကန် စစ်သားရဲ့ ကိုယ်ပိုင်နံပါတ်ပါတဲ့ ဆွဲပြားနဲ့ သွေးစွန်းနေတဲ့ ယူနီဖောင်းဓါတ်ပုံတွေကိုလည်း တာလီဘန်တွေက ထုတ်ပြန်ခဲ့ပါတယ်။
Char Dara ခရိုင်နေရာအများစုကို တာလီဘန်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဗုံးကွဲမှုအတွင်း အမေရိကန်စစ်သား တယောက်နဲ့ Afghan ကော်မန်ဒို တယောက်လည်း အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ တာလီဘန်တို့ကဆိုပါတယ်။
ခုလိုတာလီဘန်တွေရဲ့ ထုတ်ပြန် ပြောကြားချက်ကို အတည်ပြုနိုင်ဖို့တော့ ခက်ခဲပါတယ်။