သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ငြိမ်းချမ်းရေး ပါကစ္စတန် အခိုင်အမာထောက်ခံဖို့ ကတိပြု


 ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan
ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan

(Zawgyi/Unicode)

အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး အတွက် အခိုင်အမာ ထောက်ခံသွားမယ်ဆိုတာကို ပါကစ္စတန်ဘက်က အမေရိကန်ကို ထပ်ပြီး အာမခံ ပြောဆိုလိုက်ပြီး စစ်ပွဲတွေ လျှော့ချနိုင်ရေး အတွက် ပဋိပက္ခမှာ ပါဝင် ပတ်သက်သူ အားလုံးတို့ အနေနဲ့ လက်တွေ့ကျကျ ဆောင်ရွက်ကြဖို့ အရေးကြီးတယ်လို့လည်း ပါကစ္စတန်ဘက်က အလေးထား ပြောဆိုပါတယ်။

အာဖဂန် ပြန်လည်သွေးစည်း ညီညွတ်ရေး ဆိုင်ရာ အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူး Zalmay Khalilzad နဲ့ တနလာၤနေ့ နှောင်းပိုင်းက ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ် Imran Khan နဲ့ ဆွေးနွေးခဲ့ကြပြီးနောက် ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ခဲ့တာပါ။ အာဖဂန် ငြိမ်းချမ်းရေး တည်ဆောက်မှု အတွက် ဆောင်ရွက်ချက်သစ်တွေကို အာဖဂန် နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တော်မှာ အာဖဂန် ခေါင်းဆောင်တွေကို ရှင်းပြခဲ့ပြီး နောက်တနေ့မှာဘဲ အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးက ပါကစ္စတန်ကို သွားရောက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက တာလီဘန် သူပုန်နဲ့ ဆွေးနွေးပွဲကို အမေရိကန် သမ္မတ Donald Trump ဘက်က ရုတ်တရက် ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း ပထဆုံး အကြိမ် အဖြစ်နဲ့ အမေရိကန် ညှိနှိုင်းရေးမှူး Khalilzad အာဖဂန်ကို သွားရောက်တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ ကနဦး သုံးသပ်ချက် အတွက် တာဝန်မျှဝေယူတဲ့ အနေနဲ့ အစီအစဉ်ဖြစ်မြောက်အောင် ပံ့ပိုးပေးသူ မိတ်ဆွေ တဦး အနေနဲ့ ပါကစ္စတန်ဘက်က တတ်နိုင်သမျှ အားလုံး ဆောင်ရွက်ဖို့ အဆင်သင့် ရှိနေပါတယ်လို့လည်း ပါကစ္စတန် ဝန်ကြီးချုပ် Khan က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)




XS
SM
MD
LG