သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တာလီဘန္ေဆြးေႏြးပြဲ ျပန္စမယ့္အခ်ိန္ ကန္၀န္ႀကီး အာဖဂန္နစၥတန္ ေရာက္ရွိ


အာဖဂန္နစၥတန္ႏုိင္ငံ ကဘူးလ္ၿမိဳ႕သို႔ ေရာက္ရွိလာသည့္ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Mark Esper. (ေအာက္တုိဘာ ၂၀၊ ၂၀၁၉)

တာလီဘန္ေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ျပန္စဖို႔ ႀကဳိးပမ္းေနခ်ိန္မွာပဲ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Mark Esper က ေၾကညာမထားပဲ တနဂၤေႏြေန႔က အာဖဂန္နစၥတန္ႏိုင္ငံကို ႐ုတ္တရက္ ေရာက္ရွိသြားပါတယ္။

ႏို္င္ငံေရးသေဘာတူညီခ်က္ အပါအဝင္၊ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္တခ်ဳိ႕ ရဖို႔ ခုခ်ိန္ထိ ေမွ်ာ္လင့္ထားၿပီး ဒါဟာ ေရွ႕ဆက္ဖို႔ အေကာင္းဆုံးနည္း ျဖစ္တယ္လို႔ Esper က သူနဲ႔အတူ လိုက္ပါသြားတဲ့ သတင္းေထာက္ေတြကို ေျပာပါတယ္။

အေမရိကန္စစ္တပ္ေတြ ျပည္ပမွာ ျဖန္႔ၾကက္ခ်ထားမႈ အရွည္ၾကာဆုံးျဖစ္တဲ့ ၁၈ ႏွစ္ၾကာ အာဖဂန္ျပည္တြင္းစစ္ကို ရပ္စဲဖို႔ အနီးစပ္ဆုံး အေျခအေန ေရာက္လာခ်ိန္မွာ အေမရိကန္-တာလီဘန္ ေဆြးေႏြးပြဲေတြကို ဖ်က္သိမ္းေၾကာင္း သမၼတ Donald Trump က ၿပီးခဲ့တဲ့လထဲ ႐ုတ္တရက္ ေၾကညာခဲ့တာပါ။

အာဖဂန္မွာ အရပ္သားေတြကိုေရာ အေမရိကန္တပ္သားေတြကိုပါ တာလီဘန္သူပုန္ေတြက ေသေက်ေအာင္ ဆက္ၿပီး တိုက္ခုိက္ေနတဲ့အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ က်ဆုံးသြားၿပီလို႔ သမၼတ Donald Trump က ေၾကညာခဲ့တာ ျဖစ္ပါတယ္။

-------------------------------------

(Unicode)

တာလီဘန်ဆွေးနွေးပွဲ ပြန်စမယ့်အချိန် ကန်ဝန်ကြီး အာဖဂန်နစ္စတန် ရောက်ရှိ

တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စဖို့ ကြိုးပမ်းနေချိန်မှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ကြေညာမထားပဲ တနင်္ဂနွေနေ့က အာဖဂန်နစ္စတန်နိုင်ငံကို ရုတ်တရက် ရောက်ရှိသွားပါတယ်။

နိုင်ငံရေးသဘောတူညီချက် အပါအဝင်၊ ငြိမ်းချမ်းရေး သဘောတူညီချက်တချို့ ရဖို့ ခုချိန်ထိ မျှော်လင့်ထားပြီး ဒါဟာ ရှေ့ဆက်ဖို့ အကောင်းဆုံးနည်း ဖြစ်တယ်လို့ Esper က သူနဲ့အတူ လိုက်ပါသွားတဲ့ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်စစ်တပ်တွေ ပြည်ပမှာ ဖြန့်ကြက်ချထားမှု အရှည်ကြာဆုံးဖြစ်တဲ့ ၁၈ နှစ်ကြာ အာဖဂန်ပြည်တွင်းစစ်ကို ရပ်စဲဖို့ အနီးစပ်ဆုံး အခြေအနေ ရောက်လာချိန်မှာ အမေရိကန်-တာလီဘန် ဆွေးနွေးပွဲတွေကို ဖျက်သိမ်းကြောင်း သမ္မတ Donald Trump က ပြီးခဲ့တဲ့လထဲ ရုတ်တရက် ကြေညာခဲ့တာပါ။

အာဖဂန်မှာ အရပ်သားတွေကိုရော အမေရိကန်တပ်သားတွေကိုပါ တာလီဘန်သူပုန်တွေက သေကျေအောင် ဆက်ပြီး တိုက်ခိုက်နေတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကျဆုံးသွားပြီလို့ သမ္မတ Donald Trump က ကြေညာခဲ့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG