သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူးချုပ် FIFA အရေးယူ


အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော်တွင်လုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရသည့် ထိုအချိန် AFF အတွင်းရေးမှူးချုပ် Sayed Aghazada၊ ဒီဇင်ဘာလ ၁၊ ၂၀၁၈။ (မှတ်တမ်းရုပ်ပုံ)
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော်တွင်လုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရသည့် ထိုအချိန် AFF အတွင်းရေးမှူးချုပ် Sayed Aghazada၊ ဒီဇင်ဘာလ ၁၊ ၂၀၁၈။ (မှတ်တမ်းရုပ်ပုံ)

အာဖဂန်နစ္စတန် အမျိုးသမီး ဘောလုံးသမားတွေက သူတို့ကို လိင်ပိုင်း မတော်မတရား ပြုမူတာတွေ ရှိတယ်လို့ တိုင်ကြားတာကို အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဖဂန်ဘောလုံးအဖွဲ့ချုပ် (AFF) က အကြီးတန်း တာဝန်ရှိသူဟောင်းတဦးကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ၅ နှစ် ပိတ်ပင်ကန့်သတ်လိုက်တဲ့အပေါ် အမေရိကန်က ကြိုဆိုလိုက်ပါတယ်။

“လိင်ပိုင်းမတော်မတရား ပြုမူခံခဲ့ရသူတွေအနေနဲ့ တရားမျှတမှု ရသင့်ပါတယ်၊ စွပ်စွဲခံရတဲ့ တာဝန်ရှိသူတွေကို အာဖဂန်အာဏာပိုင်တွေက အရေးယူရပါမယ်” လို့ တောင်နဲ့ ဗဟိုအာရှရေးရာ အမေရိကန် ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alice Wells က Twitter မှာ စနေနေ့က ရေးပါတယ်။

အာဖဂန် အမျိုးသမီးဘောလုံးသမား အတော်များများက တိုင်ကြားထားတဲ့အပေါ် စုံစမ်းစစ်ဆေးနေတာကနေ AFF အတွင်းရေးမှူးချုပ်ဟောင်း Sayed Aghazada ဟာ FIFA ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်မှုနဲ့ အပြစ်ရှိတယ်ဆိုပြီး FIFA က သောကြာနေ့မှာ ကြေညာခဲ့တာပါ။

Aghazada အတွင်းရေးမှူးချုပ်တာဝန် ယူထားချိန် ၂၀၁၃ နဲ့ ၂၀၁၈ ခုနှစ်အတွင်း AFF ဥက္ကဋ္ဌဟောင်း Keramuudin Karim ဟာ လိင်ပိုင်း မတော်မတရားလုပ်မှုကို အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်လို့ တိုင်ကြားချက်မှာ စွပ်စွဲထားပါတယ်။ အမျိုးသမီး ဘောလုံးသမားတွေက သူတို့တိုင်ကြားချက်ကို ပြီးခဲ့တဲ့နှစ်မှာ လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီးတဲ့နောက် FIFA က စုံစမ်းစစ်ဆေးခဲ့ရပြီး ဇွန်လမှာတော့ ဥက္ကဋ္ဌဟောင်း Karim ကို ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ငွေ ဒေါ်လာ ၁ သန်း ပေးဆောင်ဖို့လည်း ချမှတ်ခဲ့ပါတယ်။

Aghazada ဟာ ဒီမတော်မတရားလုပ်မှုတွေကို သိခဲ့ပြီး အစီရင်ခံဖို့နဲ့ တားဆီးဖို့ တာဝန်ရှိတယ်လို့ FIFA က သောကြာနေ့မှာ ပြောပါတယ်။

----------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG