သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္စစ္ပြဲ ကေလးသူငယ္ေသဆံုးမႈ ကုလ႐ႈတ္ခ်


ၿပီးခဲ့တဲ့ ၄ ႏွစ္အတြင္း အာဖဂန္နစၥတန္ ႏိုင္ငံတလႊား လုံၿခဳံေရးအေျခအေန ယုိယြင္းလာတဲ့ အတြက္ေၾကာင့္ ကေလးသူငယ္ေပါင္း ၃၅၀၀ နီးပါး အသတ္ခံရၿပီး ၊ ၉ ေထာင္ေက်ာ္ ဒဏ္ရာရရွိခဲ့တာ အပါအဝင္ ဆုိးရြားတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖါက္မႈေပါင္း ၁ ေသာင္းခြဲခန္႔ ျဖစ္ပြားခဲ့တယ္လုိ႔ ကုလသမဂၢ အစီရင္ခံစာ တေစာင္မွာ ေဖၚျပထားပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က ကေလးသူငယ္မ်ားအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စိုးရိမ္ဖြယ္ အဆင့္ထိ ေရာက္လာတဲ့ကိစၥကို ရႈတ္ခ်လိုက္ပါတယ္။

ၾကာသပေတးေန႔ကျဖန္႔ခ်ီလိုက္တဲ့ ဒီအစီရင္ခံစာထဲမွာ အစိုးရနဲ႔ အစိုးရလုိလားတဲ့ တပ္ဖြဲ႔ေတြရဲ႕ ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ ကေလးသူငယ္ေတြ ေသဆုံးမႈ မ်ားလာတဲ့ကိစၥကို အထူးစိုးရိမ္မကင္း ျဖစ္မိတယ္လို႔ ဆုိပါတယ္။ ကုလ အစီရင္ခံစာအရ ေလေၾကာင္းတုိက္ခိုက္မႈေၾကာင့္ ေသဆုံးရတဲ့ ကေလးသူငယ္ အေရအတြက္ဟာ ၂၀၁၅ ကစၿပီး ႏွစ္စဥ္မ်ားျပားလာေနတယ္လို႔လညး္ ေဖၚျပထားပါတယ္။

..................

{Unicode}

အာဖဂန်စစ်ပွဲ ကလေးသူငယ်သေဆုံးမှု ကုလရှုတ်ချ

ပြီးခဲ့တဲ့ ၄ နှစ်အတွင်း အာဖဂန်နစ္စတန် နိုင်ငံတလွှား လုံခြုံရေးအခြေအနေ ယိုယွင်းလာတဲ့ အတွက်ကြောင့် ကလေးသူငယ်ပေါင်း ၃၅၀၀ နီးပါး အသတ်ခံရပြီး ၊ ၉ ထောင်ကျော် ဒဏ်ရာရရှိခဲ့တာ အပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုပေါင်း ၁ သောင်းခွဲခန့် ဖြစ်ပွားခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တစောင်မှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကလေးသူငယ်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စိုးရိမ်ဖွယ် အဆင့်ထိ ရောက်လာတဲ့ကိစ္စကို ရှုတ်ချလိုက်ပါတယ်။

ကြာသပတေးနေ့ကဖြန့်ချီလိုက်တဲ့ ဒီအစီရင်ခံစာထဲမှာ အစိုးရနဲ့ အစိုးရလိုလားတဲ့ တပ်ဖွဲ့တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေ သေဆုံးမှု များလာတဲ့ကိစ္စကို အထူးစိုးရိမ်မကင်း ဖြစ်မိတယ်လို့ ဆိုပါတယ်။ ကုလ အစီရင်ခံစာအရ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ ကလေးသူငယ် အရေအတွက်ဟာ ၂၀၁၅ ကစပြီး နှစ်စဉ်များပြားလာနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

အာဖဂန္စစ္ပြဲ ကေလးသူငယ္ေသဆံုးမႈ ကုလ႐ႈတ္ခ်
please wait

No media source currently available

0:00 0:00:41 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG