သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အာဖဂန်မြို့တော်က ပေါက်ကွဲမှုများ ၁၀ ဦးထက်မနည်း သေဆုံး


အာဖဂနစ္စတန်နိုင်ငံ ကာဘူးမြို့တော်မှာ ဒီကနေ့ အစောပိုင်း ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ခဲ့ရာက အနည်းဆုံး ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။

သတ္ထုတူးဖော်ရေးနဲ့ ရေနံဝန်ကြီးဌာနက ၀န်ထမ်းတွေ အလုပ်သွားဖို့ စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကား တစင်းကို အသေခံဗုံးခွဲသမားတဦးက ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Nasrat Rahimi ကပြောပါတယ်။

တိုက်ခိုက်မှုဖြစ်တဲ့ နေရာမှာပဲ ဒုတိယတကြိမ် ပေါက်ကွဲမှုတခုလည်း ထပ်ဖြစ်ခဲ့တာပါ။ ကာဘူးမြို့တော်က တိုက်ခိုက်မှုတွေအတွင်း နောက်ဆက်တွဲ ပေါက်ကွဲမှုတွေ ကြုံရလေ့ရှိပြီး၊ ကယ်ဆယ်ရေး ၀န်ထမ်းတွေ၊ သတင်းထောက်တွေ သေဆုံးလေ့ ရှိတတ်ပါတယ်။ နာရီပိုင်းအကြာမှာပဲ ကာဘူးမြို့တော်က Jalalabad လမ်းပေါ်မှာ ကားဗုံးပေါက်ကွဲမှုတခု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဒေသခံ ရုပ်မြင်သံကြား သတင်းတွေမှာတော့ ဆေးရုံတွေမှာ မိသားစုဝင်တွေကို သက်ဆိုင်ရာ ဆွေမျိုးသားချင်းတွေက လိုက်လံရှာဖွေနေတာတွေကို ပြသခဲ့ကြတာပါ။ ကာဘူးမြို့တော်က တိုက်ခိုက်မှုတွေအတွက် တာလီဘန်တွေက သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီကနေ့မှာပဲ Nangarhar ပြည်နယ် ၊ မြို့တော် Jalalabad မြို့မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုမှာတော့ မိသားစုတစုထဲက အမျိုးသမီး ၆ ဦးနဲ့ ကလေး ၃ ဦး၊ စုစုပေါင်း ၉ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူ ၅ ဦးကတော့ စိုးရိမ်စရာ မရှိကြောင်းလည်း ဆေးရုံတာဝန်ရှိသူတယောက်က ပြောဆိုခဲ့တာပါ။ ကာဘူးမြို့တော်က တိုက်ခိုက်မှုတွေအပေါ် အာဖဂန်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး John Bass က Twitter လူမှုကွန်ရက်ကနေ ရှုတ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG