သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် တိုက်ခိုက်မှု ၆၀ ကျော် သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ဟယ်လ်မန်း ပြည်နယ်တွင်း တာလီဘန်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အစိုးရ တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ ကျဆုံးကြောင်း အာဖဂန် အစိုးရ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Sangin ဒေသတွင်းက လုံခြုံရေး စခန်းတွေကို စနေနေ့ မနက်လင်းအားကြီး အချိန် တာလီဘန်တို့က အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ ပြည်နယ် အစိုးရ ပြောခွင့်ရ Omar Zwak ကတော့ လုံခြုံရေး တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ သေဆုံး ဒဏ်ရာရကြောင်း ဗွီအိုအေကို ပြောပါတယ်။ အသေးစိတ်ကိုတော့ မပြောပါဘူး။

တိုက်ခိုက်မှု အတွင်း အစိုးရ လိုလားတဲ့ တပ်ဖွဲ့တွေဘက်က အနည်းဆုံး ၆၅ ယောက် ကျဆုံးခဲ့တဲ့ အထဲမှာ အာဖဂန် အမျိုးသား စစ်တပ်က ၄၈ ယောက် ပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၃၈ ဦး ရှိကြောင်း အထက်လွှတ်တော် အမတ် Mohammed Hasim Alokozai က ဗွီအိုအေကို ပြောပါတယ်။

သူပုန်တွေကို တိုက်ထုတ်ရေး တပ်ကူပေးဖို့ Sangin ကို သွားတဲ့ အာဖဂန် စစ်တပ် ယာဉ်တန်းကို တာလီဘန်က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်က သေဆုံးထိခိုက် ဒဏ်ရာရတာလို့လည်း အထက်လွှတ်တော် အမတ်က ပြောပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG