သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အသေခံဗုံးခွဲမှု ၆၃ဦးထက်မနည်း သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကဘူူးလ်မြို့က မနေ့ညကပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်တခုမှာ အသေခံးဗုံးခွဲမှုဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ထပ်တိုးလာပြီး အခုဆိုရင် ၆၃ ယောက်ထက်မနည်းသေဆုံးပြီး၊ ၁၈၃ ယောက် ဒဏ်ရာရသွားတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

အာဖဂန်မှာရှိတဲ့ IS အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ခွဲကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒီအသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့ မင်္ဂလောင်ဆောင်အတွင်း ထိခိုက်သေဆုံးသူအများစုဟာ ရှီယာဟာဇာရာ လူနည်းစုဝင်တွေဖြစ်ကြပါတယ်။

အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Nasrat Rahimi ကတော့ ထိခိုက်သေဆုံးသူ အရေအတွက်ကို ဒီကနေ့မနက်အစောပိုင်းက ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပြီး၊ အဲဒီသေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ နဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

အခုလို မင်္ဂလာဆောင်အခမ်းအနားမှာ အသေခံဗုံးခွဲတိုက်ခိုက်တာဟာ အာဖဂန်မှာရှိတဲ့ ရှီယာမျိုးနွယ်စုတွေအပေါ် ရက်စက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒါ့အပြင် အခုလို အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာဟာ ရက်စက်ရမ်းကားမှုဖြစ်ပြီး ဒါဟာ သရဲဘောကြောင်စွာနဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ အာဖဂန်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ အကြီးအကဲ Tadamichi Yamamoto က ပြောလိုက်ပါတယ်။

ဒါ့အပြင် အာဖဂန်နိုင်ငံဆိုင်ရာ အမေရိကန်သံအအမတ်ကလည်း ဒီတိုက်ခိုက်မှုဟာ အလွန်ကိုယုတ်မာရိုင်းစိုင်းတဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး တွစ်တာကနေ ပြစ်တင်ရှုတ်ချလိုက်သလို အာဖဂန်သမ္မတဟာမစ်ကာဇိုင်းကလည်း ဒါဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောလိုကပါတယ်။

အာဖဂန်အသေခံဗုံးခွဲမှု ၆၃ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG