သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆာ္ဒီအာေရးဗ် မွာ ကန္တပ္ဖြဲ႔ တိုးျမွင္႔ခ်ထားမည္


အီရန္နဲ႔ တင္းမာေနတဲ႔ ေဆာ္ဒီအာေရးဗ်မွာ အေမရိကန္ တပ္ဖြဲ႔ေတြ တိုးျမွင့္ခ်ထားမယ္လို႔ အေမရိကန္ စစ္ဌာနခ်ဳပ္ ပင္တဂြန္က ေၾကညာၿပီးေနာက္ ရက္ပိုင္း အၾကာမွာဘဲ အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Mark Esper ေဆာ္ဒီအာေရးဗ်ကို တနလာၤေန႔က ႀကိဳတင္ မေၾကညာဘဲ ေရာက္ရွိေနေၾကာင္း AFP သတင္းက ေဖာ္ျပပါတယ္။

အာဖဂန္နစၥတန္ ခရီးစဥ္ကေန ေဆာ္ဒီအာေရးဗ်ကို ေရာက္ရွိလာတဲ႔ အေမရိကန္ ကာကြယ္ေရး ၀န္ႀကီးရဲ႕ ခရီးစဥ္ အေသးစိတ္ကိုေတာ့ Al-Ekhbariyah ရုပ္သံမွာ ထုတ္လႊင့္ မသြားပါဘူး။

ေဆာ္ဒီရဲ႕ ေရနံလုပ္ကြက္ေတြ အေပၚ စက္တင္ဘာလ လယ္ပိုင္းက ေမာင္းသူမဲ႔ ဒရုန္းယာဥ္နဲ႔ တိုက္ခုိက္ခံရမႈေနာက္ပိုင္း အင္အား ထပ္ျဖည့္ဖို႔ ေဆာ္ဒီ အစိုးရဘက္က ေတာင္းဆိုခဲ႔ၿပီးေနာက္ ေဆာ္ဒီမွာ အေမရိကန္ တပ္ဖြဲ႔သစ္ေတြ ခ်ထားမယ့္ အေၾကာင္း ပင္တဂြန္ စစ္ဌာနခ်ဳပ္က ေအာက္တိုဘာလ ၁၁ ရက္ေန႔က ေျပာဆိုထားပါတယ္။

ေဆာ္ဒီ ေရနံလုပ္ကြက္ေတြ အေပၚ အီရန္ဘက္က တိုက္ခုိက္တာလို႔လည္း အေမရိကန္က ျပစ္တင္ေျပာဆိုထားတာပါ။ တိုက္ခိုက္ေရး တပ္ဖြဲ႔ ၂ ခုနဲ႔ ေနာက္ထပ္ ဒံုးက်ည္ရန္ ကာကြယ္ေရး တပ္ဖြဲ႔ေတြကိုလည္း ေဆာ္ဒီကို ေစလႊတ္ထားၿပီး ၿပီးခဲ႔တဲ႔ လက စလို႔ ေဆာ္ဒီမွာ တပ္ခ်တဲ႔ တပ္ဖြဲ႔၀င္ အေရအတြက္ စုစုေပါင္း ၃၀၀၀ ေလာက္ ရွိေနေၾကာင္းလည္း အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Esper က ေျပာပါတယ္။

...................

{Unicode}

ဆော်ဒီအာရေးဗျ မှာ ကန်တပ်ဖွဲ့ တိုးမြှင့်ချထားမည်

အီရန်နဲ့ တင်းမာနေတဲ့ ဆော်ဒီအာရေးဗျမှာ အမေရိကန် တပ်ဖွဲ့တွေ တိုးမြှင့်ချထားမယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ကြေညာပြီးနောက် ရက်ပိုင်း အကြာမှာဘဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Mark Esper ဆော်ဒီအာရေးဗျကို တနလာၤနေ့က ကြိုတင် မကြေညာဘဲ ရောက်ရှိနေကြောင်း AFP သတင်းက ဖော်ပြပါတယ်။

အာဖဂန်နစ္စတန် ခရီးစဉ်ကနေ ဆော်ဒီအာရေးဗျကို ရောက်ရှိလာတဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးရဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ Al-Ekhbariyah ရုပ်သံမှာ ထုတ်လွှင့် မသွားပါဘူး။

ဆော်ဒီရဲ့ ရေနံလုပ်ကွက်တွေ အပေါ် စက်တင်ဘာလ လယ်ပိုင်းက မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခံရမှုနောက်ပိုင်း အင်အား ထပ်ဖြည့်ဖို့ ဆော်ဒီ အစိုးရဘက်က တောင်းဆိုခဲ့ပြီးနောက် ဆော်ဒီမှာ အမေရိကန် တပ်ဖွဲ့သစ်တွေ ချထားမယ့် အကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အောက်တိုဘာလ ၁၁ ရက်နေ့က ပြောဆိုထားပါတယ်။

ဆော်ဒီ ရေနံလုပ်ကွက်တွေ အပေါ် အီရန်ဘက်က တိုက်ခိုက်တာလို့လည်း အမေရိကန်က ပြစ်တင်ပြောဆိုထားတာပါ။ တိုက်ခိုက်ရေး တပ်ဖွဲ့ ၂ ခုနဲ့ နောက်ထပ် ဒုံးကျည်ရန် ကာကွယ်ရေး တပ်ဖွဲ့တွေကိုလည်း ဆော်ဒီကို စေလွှတ်ထားပြီး ပြီးခဲ့တဲ့ လက စလို့ ဆော်ဒီမှာ တပ်ချတဲ့ တပ်ဖွဲ့ဝင် အရေအတွက် စုစုပေါင်း ၃၀၀၀ လောက် ရှိနေကြောင်းလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး Esper က ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG