(Zawgyi / Unicode)
ကမာၻတ၀ွမ္းမွာရွိတဲ့ ကုလသမဂၢ၀န္ထမ္း ၈၆ ေယာက္ဟာ COVID-19 လို႔ေခၚတဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ပုိး ကူးစက္ခံထားရတယ္္လို႔ ကုလသမဂၢက ေျပာလိုက္ပါတယ္။
အဲဒီထဲက အမ်ားစုဟာ ဥေရာပႏုိင္ငံေတြမွာျဖစ္ၿပီး အာဖရိက၊ အာရွ၊ အေရွ႕အလယ္ပိုင္းနဲ႔ အေမရိကန္ျပည္ေထာင္စုမွာလည္း ရွိတယ္လို႔ ကုလသမဂၢေျပာခြင့္ရ Stephane Dujarric က ေျပာလိုက္ပါတယ္။
ဒါေပမယ့္လည္း ဗုိင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ အခုအခါမွာေတာ့ ကုလသမဂၢ ၀န္ထမ္းေတြဟာ အိမ္ကေန အလုပ္လုပ္ေနၾကတယ္လို႔ ေျပာပါတယ္။
နယူးေယာက္ၿမိဳ႕က ကုလသမဂၢ႐ုံးခ်ဳပ္မွာ ပုံမွန္အလုပ္လာတဲ့သူ အေရအတြက္ဟာ ၁၁၀၀၀ ေလာက္ရွိေပမယ့္ ေသာၾကာေန႔ကေတာ့ ၁၄၀ ပဲ ရွိေတာ့တယ္လို႔ ေျပာပါတယ္။
ဂ်ီနီဗာက ကုလသမဂၢ႐ုံးမွာလည္း ၄၀၀၀ ေလာက္ရွိရာကေန အခုဆုိ ၇၀ ေလာက္ပဲ ရွိၿပီး အမ်ားစုက အိမ္ကေန အလုပ္လုပ္ေနၾကတယ္လို႔ ဆုိပါတယ္။
----------------------------------
(Unicode)
ကမ္ဘာတဝှမ်း ကုလဝန်ထမ်း ၈၆ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
ကမ္ဘာတဝှမ်းမှာရှိတဲ့ ကုလသမဂ္ဂဝန်ထမ်း ၈၆ ယောက်ဟာ COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
အဲဒီထဲက အများစုဟာ ဥရောပနိုင်ငံတွေမှာဖြစ်ပြီး အာဖရိက၊ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာလည်း ရှိတယ်လို့ ကုလသမဂ္ဂပြောခွင့်ရ Stephane Dujarric က ပြောလိုက်ပါတယ်။
ဒါပေမယ့်လည်း ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ အခုအခါမှာတော့ ကုလသမဂ္ဂ ဝန်ထမ်းတွေဟာ အိမ်ကနေ အလုပ်လုပ်နေကြတယ်လို့ ပြောပါတယ်။
နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ပုံမှန်အလုပ်လာတဲ့သူ အရေအတွက်ဟာ ၁၁၀၀၀ လောက်ရှိပေမယ့် သောကြာနေ့ကတော့ ၁၄၀ ပဲ ရှိတော့တယ်လို့ ပြောပါတယ်။
ဂျီနီဗာက ကုလသမဂ္ဂရုံးမှာလည်း ၄၀၀၀ လောက်ရှိရာကနေ အခုဆို ၇၀ လောက်ပဲ ရှိပြီး အများစုက အိမ်ကနေ အလုပ်လုပ်နေကြတယ်လို့ ဆိုပါတယ်။