သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအရာရှိအပါအဝင် မြန်မာမှာ COVID-19 ကူးစက်သူ ၃ ဦးတိုး


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ဝန်ထမ်းတဦးလည်း ပါဝင်ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ပြန်ကြားရေးရုံးက အတည်ပြုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံက ပြန်လာချိန်ကစပြီး ကုလသမဂ္ဂ ဝန်ထမ်းဟာ သီးသန့်ခွဲ နေထိုင်နေကြောင်းလည်း စနေနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးဟာ ဒီလလယ်မှာတုန်းက ဆွစ်ဇာလန်နိုင်ငံကို ရောက်ရှိနေစဉ် COVID-19 ရောဂါရှိကြောင်း အတည်ပြုထားတဲ့ ဖခင်ဖြစ်သူနဲ့ ၂ နာရီကြာ အနီးကပ် ထိတွေ့ခဲ့ကြောင်း ပြောဆိုထားပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စနေနေ့ထုတ်ပြန်ချက်အရ ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးအပြင် နောက်ထပ် ၂ ဦးကိုလည်း ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့တဲ့အတွက် အခုဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူအဖြစ် အတည်ပြုထားသူ ၈ ဦးအထိ ရှိသွားပါပြီ။

အခုနောက်ဆုံး အတည်ပြုခဲ့သူ ၂ ဦးအနက် တဦးကတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က အသက် ၂၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး၊ တတိယမြောက် အတည်ပြုထားသူ လူနာနဲ့အတူ ပြည်ပခရီးသွားခဲ့သူ ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ နောက်တဦးကတော့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က အသက် ၆၀ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးဖြစ်ပြီး၊ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ပြည်ပကို ခရီးသွားခဲ့ဘူးသူ မဟုတ်ကြောင်းလည်း ပြောပါတယ်။

ရောဂါကူးစက်ကြောင်း အတည်ပြုထားသူ ၃ ဦး စလုံးရဲ့ ကျန်းမာရေး အခြေအနေဟာ ကောင်းမွန်နေပြီး၊ အခုအခါ သက်ဆိုင်ရာ ဆေးရုံတွေမှာ သီးသန့်ထားပြီး စောင့်ကြည့်စစ်ဆေး ကုသမှုပေးထားကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)





XS
SM
MD
LG