သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပကျပန္လာသူေတြအတြက္ သီးသန္႔ေစာင့္ၾကည့္ေနရာမ်ား ျပင္ဆင္ေန


ႏွာေခါင္းစည္းတပ္ထားတဲ့ အမ်ိဳးသားတဦးကို ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေတြ႔ရ (သတင္းဓာတ္ပံု - မတ္ ၁၈၊ ၂၀၂၀)

(Zawgyi/Unicode)

ႏိုင္ငံျခားကေန ေလေၾကာင္းလိုင္းကေရာ နယ္စပ္လမ္းကပါ ျပန္လည္ေရာက္ရွိလာၾကတဲ့ ျပည္ေတာ္ျပန္ေတြအတြက္ ၁၄ ရက္ သီးသန႔္ ေစာင့္ၾကည့္မယ့္ ေနရာေတြကို ၿမိဳ႕နယ္အလိုက္၊ ရပ္ကြက္အလိုက္ ျပင္ဆင္ေနၾကတဲ့ အေၾကာင္းကို ေျပာျပေပးပါမယ္။

ထိုင္းနယ္စပ္က ဝင္ေရာက္လာၾကတဲ့သူေတြနဲ႔ ႏိုင္ငံျခားကေန တရားဝင္လမ္းေၾကာင္းနဲ႔ေရာက္လာၾကတဲ့သူေတြကို ၁၄ ရက္ သီးသန႔္ေစာင့္ၾကည့္မယ့္ ေနရာေတြကို ၿမိဳ႕နယ္အလိုက္ က်န္းးမာေရးဌာနေတြ အုပ္ခ်ဳပ္ေရးပိုင္းက တာဝန္ရွိသူေတြ ပူးေပါင္းၿပီး ေဆာင္႐ြက္ေနၾကပါတယ္။

ေရာဂါျဖစ္ပြားေနတဲ့ ႏိုင္ငံကေန ျပန္လာၾကသူေတြအေနနဲ႔ သက္ဆိုင္ရာ ရပ္ကြက္ရဲ႕ တာဝန္ရွိသူေတြဆီကို အေၾကာင္းမၾကား၊ စစ္ေဆးမႈ မခံယူဘဲ တိတ္တဆိတ္ဝင္ေရာက္ေနထိုင္တာက အႏၲရာယ္ႀကီးတဲ့အတြက္ ေဒသႏၲရ အမိန႔္ေတြ ထုတ္ျပန္ထားၿပီး မလိုက္နာရင္ အေရးယူေဆာင္႐ြက္တာေတြ လုပ္သြားမယ္လို႔ မဂၤလာေတာင္ၫြန႔္ၿမိဳနယ္ ျပည္သူ႔လြတ္ေတာ္ကိုယ္စားလွယ္ ေဒၚျဖဴျဖဴသင္းက ေျပာပါတယ္။

သီးသန႔္ေနမယ္ဆိုရင္ ေၾကာက္စရာမလိုေပမဲ့ ျဖစ္သလိုေတြ ေနထိုင္သြားၿပီးေတာ့ က်န္တဲ့လူေတြကို ကူးစက္ေအာင္ လုပ္သြားရင္ေတာ့ က်မတို႔အတြက္ အရမ္းကို အႏၲရာယ္ရွိတယ္။ အဲ့တာကိုေတာ့ က်မတို႔စိုးရိမ္တာေပါ့ေနာ္။ အဓိကကေတာ့ ဝင္လာၿပီးေတာ့ တကယ္မွန္မွန္ကန္ကန္နဲ႔ သတ္မွတ္ထားတဲ့ စည္းမ်ဥ္း၊ စည္းကမ္းေတြနဲ႔ အညီ ၁၄ ရက္ေစာင့္ၾကည့္တာကို လက္ခံၿပီးေနမယ္ဆိုရင္ေတာ့ က်မတို႔အတြက္ အႏၲရာယ္က နည္းမယ္ေပါ့။ အဲ့လိုမွမဟုတ္ဘူးဆိုလို႔ရွိရင္ေတာ့ က်မတို႔ ေဒသႏၲရအမိန႔္ေတြကိုလည္း ထုတ္ျပန္ေနတယ္။ စည္းမ်ဥ္း၊ စည္းကမ္းေတြလည္း ရွိတယ္။ လက္မခံဘဲ ျငင္းဆန္တဲ့သူေတြအတြက္လည္း ျပစ္မႈျပစ္ဒဏ္ေတြ ရွိၿပီးသား ျဖစ္တဲ့ အတြက္ အဲ့ဒီအတိုင္းပဲ ေဆာင္႐ြက္သြားရမွာေပါ့ေနာ္။”

က်န္းမားေရဌာနနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းတာဝန္ရွိသူေတြ ပူးေပါင္းအုပ္စုေတြဖြဲ႕ထားၿပီး၊ ရပ္ကြက္က အေၾကာင္ၾကားတာရိွခဲ့ရင္ အခ်ိန္နဲ႔ တေျပးညီ သြားေရာက္ၿပီး က်န္းမာေရး စစ္ေဆးတာေတြ လုပ္ေဆာင္ေပးႏိုင္ေအာင္ အဆင္သင့္ျပင္ဆင္ထားတယ္လို႔ဆိုပါတယ္။

ႏိုင္ငံျခားက ျပန္လာတဲ့ သူေတြ ရာနဲ႔ခ်ီၿပီး ရွိလာမယ္ဆိုရင္ေတာ့ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္အေနနဲ႔ ေအာင္ဆန္း မိုးလုံေလလုံ အားကစားကြင္းကို Quarantine Center အျဖစ္ အသုံးျပဳဖို႔ စီမံထားတယ္လို႔လည္း ေဒၚျဖဴျဖဴသင္းက ေျပာပါတယ္။

သာေကတၿမိဳ႕နယ္မွာေတာ့ နယ္စပ္လမ္းကေန ဝင္လာတဲ့သူေတြကိုသိရင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးေတြဆီကို အေၾကာင္းၾကားေပးဖို႔ႏွင့္ ၁၄ ရက္သီးသန႔္ေစာင့္ၾကည့္ဖို႔အတြက္ ျပင္ဆင္ေနတာေတြရွိပါတယ္။

ခုလက္ရွိမွာ ႏိုင္ငံျခားကေန ျပန္လာသူ ငါးဦး ရွိေနၿပီး ၁၄ ရက္ သီးသန႔္ေနထိုင္ၿပီး အိမ္ျပင္မထြက္ဖို႔ ၫႊန္ၾကားထားတယ္လို႔ ထူပါ႐ုံ ၁ ရပ္ကြက္က ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးမင္းလတ္က ေျပာပါတယ္။

အဲ့ဒီလူ ငါး ဦးကို ေစာင့္ၾကည့္ရာမွာ က်န္းမာေရး ဝန္ထမ္းမေလာက္ငွတာေၾကာင့္ သူ႔ရဲ႕ မိသားစုဝင္ေတြနဲ႔ အိမ္နီးခ်င္းေတြကို အျပင္ထြက္မထြက္ ေစာင့္ၾကည့္ခိုင္းထားၿပီး ၫႊန္ၾကားခ်က္ မလိုက္နာတာရွိရင္ သတင္းေပးဖို႔ ေျပာထားတယ္လို႔ ဆိုပါတယ္။

ေနာက္ထပ္ ဝင္လာသူ မ်ားလာမယ္ဆိုရင္ေတာ့ Quarantine Center ေတြသတ္မွတ္ၿပီး ေဆာင္႐ြက္မယ္ ဆိုတဲ့ အေၾကာင္းကို ဦးမ်ိဳးမင္းလတ္က ခုလို ေျပာျပပါတယ္။

"အဲ့ဒီေနရာမွာ က်န္းမာေရး ဝန္ထမ္းေတြ ထားေပးမယ္။ သူတို႔ ၁၄ ရက္စာ ေနဖို႔ စားဖို႔ အတြက္ကို လုံၿခဳံေရး အျပည့္နဲ႔ ေစာင့္ၾကည့္မယ္ ေနရာတခုကို က်ေနာ္တို႔ ဇိနမာန္ေအာင္ ဘုရားဝင္းအတြင္းမွာရွိတဲ့ ဝိမုတၱိ ဓမၼာ႐ုံ အဲ့ဒါႀကီးကို က်ေနာ္တို႔ ျပင္ဆင္ထားပါတယ္။ အဲ့ဒါေၾကာင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူတို႔ အခက္အခဲေၾကာင့္ နယ္စပ္ကေန ျပန္လာမယ္ သတင္းမေပးဘူး။ ဒါေပမဲ့ ခ်က္ခ်င္း ရပ္ကြက္ထဲမွာ သတင္းရပီဆိုလို႔ရွိရင္ ခ်က္ခ်င္း Quarantine ထားဖို႔ ျပင္ဆင္ထားပါတယ္။ က်ေနာ္တို႔ မွန္းထားတာေတာ့ အနည္းဆုံး ၂၀၀ ပတ္ဝန္းက်င္ေလာက္ကေတာ့ ေကာင္းေကာင္း ဆန႔္ပါတယ္။ အဝန္းအဝိုင္းလည္း က်ယ္တယ္ ေနရာအေနအထားကလည္း စိတ္ခ်ရတယ္ ေနရာကလည္း က်ယ္က်ယ္ဝန္းဝန္းရွိတယ္။ အဲ့တာေၾကာင့္ အဲ့ဒီေနရာကို ၿမိဳ႕နယ္အဆင့္ အေနနဲ႔ က်ေနာ္တို႔ Quarantine ထားမယ့္ ေနရာလို႔ သတ္မွတ္ထားပါတယ္။”

PPE ဝတ္စုံေတြ ဝယ္ဖို႔အတြက္ကိုလည္း သာေကတ ၁၉ ရပ္ကြက္ စုေပါင္းၿပီး တရပ္ကြက္ကို ငါး စုံစီ စုေပါင္းဝယ္ယူထားၾကဖို႔ က်န္းမာေရးဦးစီးဌာနနဲ႔ ၿမိဳ႕နယ္ ေထြအုပ္ကေန ၫႊန္ၾကားထားတယ္လို႔ ဆိုပါတယ္။ လူေနထူထပ္တဲ့ ေနရာေတြကို ပရဟိတ အဖြဲ႕ေတြက ပိုးသတ္ေဆး လိုက္ျဖန္းေနတာေတြကိုလည္း လုပ္ေနၾကပါတယ္။

ဒီလို ႏိုင္ငံျခားကျပန္လာၿပီး ေစာင့္ၾကည့္မခံဘဲ တိတ္တဆိတ္ေနတဲ့သူေတြရွိေနရင္ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မွာကို ရပ္ကြက္ေန ျပည္သူေတြကလည္း စိုးရိမ္ေနၾကပါတယ္။ မိသားစုနဲ႔ ျပည္သူေတြကို ကူညီတဲ့အေနနဲ႔ ၁၄ ရက္ ေစာင့္ၾကည့္ခံသင့္တယ္လို႔ ရပ္ကြက္ေန ျပည္သူတဦး ျဖစ္တဲ့ မျမျမေထြးက ေျပာပါတယ္။

“မႀကီးတို႔ အေနနဲ႔ဆိုရင္ေတာ့ ၁၄ ရက္ေတာ့ ေနသင့္တယ္လို႔ထင္တယ္။ ျပည္သူကိုလည္း ကူညီရာက်တယ္ သူတို႔ေတြလည္း save ျဖစ္တယ္။"

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္က COVID-19 ေရာဂါပိုးေတြ႕ရွိရတဲ့ လူနာရဲ႕ မိသားစုနဲ႔ သူေနထိုင္ရာ တတိုက္လုံးကို ေစာင့္ၾကည့္ေနရာအျဖစ္ သတ္မွတ္လိုက္ၿပီး သူေနထိုင္ရာလမ္းကိုလည္း ပိတ္ထားပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးေတြ႕ရွိသူ ငါး ဦးရွိေနၿပီး မတ္လ ၂၅ ရက္ေန႔ကေန ၂၆ ရက္ေန႔ ညေန ၆ နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ ၄၈ ဦး ရွိေနပါတယ္။

တစ္ကမာၻလုံးမွာ COVID-19 ျဖစ္ပြားေနတဲ့ ႏိုင္ငံေပါင္း ၁၉၉ ႏိုင္ငံ ရွိေနၿပီး ေရာဂါျဖစ္ပြားသူစုစုေပါင္း က ၅၅၀,၀၀၀ နီးပါး ရွိေနပါတယ္။ ျပန္လည္သက္သာလာသူ စုစုေပါင္းက ၁၂၀,၀၀၀ ေက်ာ္ ရွိေနၿပီး ေသဆုံးသူ စုစုေပါင္းက ၂၅,၀၀၀ နီးပါး ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပကပြန်လာသူတွေအတွက် သီးသန့်စောင့်ကြည့်နေရာများ ပြင်ဆင်နေ

နိုင်ငံခြားကနေ လေကြောင်းလိုင်းကရော နယ်စပ်လမ်းကပါ ပြန်လည်ရောက်ရှိလာကြတဲ့ ပြည်တော်ပြန်တွေအတွက် ၁၄ ရက် သီးသန့် စောင့်ကြည့်မယ့် နေရာတွေကို မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် ပြင်ဆင်နေကြတဲ့ အကြောင်းကို ပြောပြပေးပါမယ်။

ထိုင်းနယ်စပ်က ဝင်ရောက်လာကြတဲ့သူတွေနဲ့ နိုင်ငံခြားကနေ တရားဝင်လမ်းကြောင်းနဲ့ရောက်လာကြတဲ့သူတွေကို ၁၄ ရက် သီးသန့်စောင့်ကြည့်မယ့် နေရာတွေကို မြို့နယ်အလိုက် ကျန်းးမာရေးဌာနတွေ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆောင်ရွက်နေကြပါတယ်။

ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံကနေ ပြန်လာကြသူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်ရဲ့ တာဝန်ရှိသူတွေဆီကို အကြောင်းမကြား၊ စစ်ဆေးမှု မခံယူဘဲ တိတ်တဆိတ်ဝင်ရောက်နေထိုင်တာက အန္တရာယ်ကြီးတဲ့အတွက် ဒေသန္တရ အမိန့်တွေ ထုတ်ပြန်ထားပြီး မလိုက်နာရင် အရေးယူဆောင်ရွက်တာတွေ လုပ်သွားမယ်လို့ မင်္ဂလာတောင်ညွန့်မြိုနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

သီးသန့်နေမယ်ဆိုရင် ကြောက်စရာမလိုပေမဲ့ ဖြစ်သလိုတွေ နေထိုင်သွားပြီးတော့ ကျန်တဲ့လူတွေကို ကူးစက်အောင် လုပ်သွားရင်တော့ ကျမတို့အတွက် အရမ်းကို အန္တရာယ်ရှိတယ်။ အဲ့တာကိုတော့ ကျမတို့စိုးရိမ်တာပေါ့နော်။ အဓိကကတော့ ဝင်လာပြီးတော့ တကယ်မှန်မှန်ကန်ကန်နဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ အညီ ၁၄ ရက်စောင့်ကြည့်တာကို လက်ခံပြီးနေမယ်ဆိုရင်တော့ ကျမတို့အတွက် အန္တရာယ်က နည်းမယ်ပေါ့။ အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ ကျမတို့ ဒေသန္တရအမိန့်တွေကိုလည်း ထုတ်ပြန်နေတယ်။ စည်းမျဉ်း၊ စည်းကမ်းတွေလည်း ရှိတယ်။ လက်မခံဘဲ ငြင်းဆန်တဲ့သူတွေအတွက်လည်း ပြစ်မှုပြစ်ဒဏ်တွေ ရှိပြီးသား ဖြစ်တဲ့ အတွက် အဲ့ဒီအတိုင်းပဲ ဆောင်ရွက်သွားရမှာပေါ့နော်။”

ကျန်းမားရေဌာနနဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေ ပူးပေါင်းအုပ်စုတွေဖွဲ့ထားပြီး၊ ရပ်ကွက်က အကြောင်ကြားတာရှိခဲ့ရင် အချိန်နဲ့ တပြေးညီ သွားရောက်ပြီး ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ဆောင်ပေးနိုင်အောင် အဆင်သင့်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

နိုင်ငံခြားက ပြန်လာတဲ့ သူတွေ ရာနဲ့ချီပြီး ရှိလာမယ်ဆိုရင်တော့ မင်္ဂလာတောင်ညွန့်မြို့နယ်အနေနဲ့ အောင်ဆန်း မိုးလုံလေလုံ အားကစားကွင်းကို Quarantine Center အဖြစ် အသုံးပြုဖို့ စီမံထားတယ်လို့လည်း ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

သာကေတမြို့နယ်မှာတော့ နယ်စပ်လမ်းကနေ ဝင်လာတဲ့သူတွေကိုသိရင် ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေဆီကို အကြောင်းကြားပေးဖို့နှင့် ၁၄ ရက်သီးသန့်စောင့်ကြည့်ဖို့အတွက် ပြင်ဆင်နေတာတွေရှိပါတယ်။

ခုလက်ရှိမှာ နိုင်ငံခြားကနေ ပြန်လာသူ ငါးဦး ရှိနေပြီး ၁၄ ရက် သီးသန့်နေထိုင်ပြီး အိမ်ပြင်မထွက်ဖို့ ညွှန်ကြားထားတယ်လို့ ထူပါရုံ ၁ ရပ်ကွက်က ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းလတ်က ပြောပါတယ်။

အဲ့ဒီလူ ငါး ဦးကို စောင့်ကြည့်ရာမှာ ကျန်းမာရေး ဝန်ထမ်းမလောက်ငှတာကြောင့် သူ့ရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေကို အပြင်ထွက်မထွက် စောင့်ကြည့်ခိုင်းထားပြီး ညွှန်ကြားချက် မလိုက်နာတာရှိရင် သတင်းပေးဖို့ ပြောထားတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဝင်လာသူ များလာမယ်ဆိုရင်တော့ Quarantine Center တွေသတ်မှတ်ပြီး ဆောင်ရွက်မယ် ဆိုတဲ့ အကြောင်းကို ဦးမျိုးမင်းလတ်က ခုလို ပြောပြပါတယ်။

"အဲ့ဒီနေရာမှာ ကျန်းမာရေး ဝန်ထမ်းတွေ ထားပေးမယ်။ သူတို့ ၁၄ ရက်စာ နေဖို့ စားဖို့ အတွက်ကို လုံခြုံရေး အပြည့်နဲ့ စောင့်ကြည့်မယ် နေရာတခုကို ကျနော်တို့ ဇိနမာန်အောင် ဘုရားဝင်းအတွင်းမှာရှိတဲ့ ဝိမုတ္တိ ဓမ္မာရုံ အဲ့ဒါကြီးကို ကျနော်တို့ ပြင်ဆင်ထားပါတယ်။ အဲ့ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် သူတို့ အခက်အခဲကြောင့် နယ်စပ်ကနေ ပြန်လာမယ် သတင်းမပေးဘူး။ ဒါပေမဲ့ ချက်ချင်း ရပ်ကွက်ထဲမှာ သတင်းရပီဆိုလို့ရှိရင် ချက်ချင်း Quarantine ထားဖို့ ပြင်ဆင်ထားပါတယ်။ ကျနော်တို့ မှန်းထားတာတော့ အနည်းဆုံး ၂၀၀ ပတ်ဝန်းကျင်လောက်ကတော့ ကောင်းကောင်း ဆန့်ပါတယ်။ အဝန်းအဝိုင်းလည်း ကျယ်တယ် နေရာအနေအထားကလည်း စိတ်ချရတယ် နေရာကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ အဲ့တာကြောင့် အဲ့ဒီနေရာကို မြို့နယ်အဆင့် အနေနဲ့ ကျနော်တို့ Quarantine ထားမယ့် နေရာလို့ သတ်မှတ်ထားပါတယ်။”

PPE ဝတ်စုံတွေ ဝယ်ဖို့အတွက်ကိုလည်း သာကေတ ၁၉ ရပ်ကွက် စုပေါင်းပြီး တရပ်ကွက်ကို ငါး စုံစီ စုပေါင်းဝယ်ယူထားကြဖို့ ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ် ထွေအုပ်ကနေ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ လူနေထူထပ်တဲ့ နေရာတွေကို ပရဟိတ အဖွဲ့တွေက ပိုးသတ်ဆေး လိုက်ဖြန်းနေတာတွေကိုလည်း လုပ်နေကြပါတယ်။

ဒီလို နိုင်ငံခြားကပြန်လာပြီး စောင့်ကြည့်မခံဘဲ တိတ်တဆိတ်နေတဲ့သူတွေရှိနေရင် ရောဂါကူးစက်ပျံ့နှံ့မှာကို ရပ်ကွက်နေ ပြည်သူတွေကလည်း စိုးရိမ်နေကြပါတယ်။ မိသားစုနဲ့ ပြည်သူတွေကို ကူညီတဲ့အနေနဲ့ ၁၄ ရက် စောင့်ကြည့်ခံသင့်တယ်လို့ ရပ်ကွက်နေ ပြည်သူတဦး ဖြစ်တဲ့ မမြမြထွေးက ပြောပါတယ်။

“မကြီးတို့ အနေနဲ့ဆိုရင်တော့ ၁၄ ရက်တော့ နေသင့်တယ်လို့ထင်တယ်။ ပြည်သူကိုလည်း ကူညီရာကျတယ် သူတို့တွေလည်း save ဖြစ်တယ်။"

မင်္ဂလာတောင်ညွန့်မြို့နယ်က COVID-19 ရောဂါပိုးတွေ့ရှိရတဲ့ လူနာရဲ့ မိသားစုနဲ့ သူနေထိုင်ရာ တတိုက်လုံးကို စောင့်ကြည့်နေရာအဖြစ် သတ်မှတ်လိုက်ပြီး သူနေထိုင်ရာလမ်းကိုလည်း ပိတ်ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ငါး ဦးရှိနေပြီး မတ်လ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့ ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာအသစ် ၄၈ ဦး ရှိနေပါတယ်။

တစ်ကမ္ဘာလုံးမှာ COVID-19 ဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၁၉၉ နိုင်ငံ ရှိနေပြီး ရောဂါဖြစ်ပွားသူစုစုပေါင်း က ၅၅၀,၀၀၀ နီးပါး ရှိနေပါတယ်။ ပြန်လည်သက်သာလာသူ စုစုပေါင်းက ၁၂၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ စုစုပေါင်းက ၂၅,၀၀၀ နီးပါး ရှိနေပါတယ်။

XS
SM
MD
LG