သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမဝတီမွာ COVID-19 ေစာင့္ၾကည့္ဌာန ထားဖို႔ စီစဥ္ေန


ထိုင္းနယ္စပ္ ျမ၀တီဂိတ္မွာ ေတြ႔ရတဲ့ ေနရပ္ျပန္မည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား (သတင္းဓာတ္ပံု - မတ္ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ ျမ၀တီၿမိဳ႕မွာ COVID-19 ေရာဂါေစာင့္ၾကည့္ေရးစင္တာထားဖို႔ စီစဥ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။

ထိုင္းႏိုင္ငံ ေနရပ္ျပန္ျမန္မာေတြ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနရပ္မျပန္ႏိုင္ေသးတဲ့ ကာလမွာ ကိုရိုနာဗုိင္းရပ္စ္နဲ႔ ပတ္သက္လို႔ သံသယရွိတာမ်ိဳး ေတြရွိခဲ့ရင္ မိသားစုထံ မျပန္ေသးဘဲ မိမိဆႏၵအေလ်ာက္ ေစာင့္ၾကည့္ ၁၄ ရက္တာထားႏိုင္ဖို႔ စီစဥ္ေနတာပါ။ ဒီလို ျပန္၀င္လာတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြကုိ ထားဖို႔ ျမ၀တီျမိဳ႕က အေဆာက္အဦးသစ္ေတြကို အကူညီေတာင္းျပီး စီစဥ္ေဆာင္ရြက္ေနျပီလို႔ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဆုိပါတယ္။ လက္ရွိမွာ ေနရပ္ျပန္ျမန္မာ တဦးကိုေတာ့ ေစာင့္ႀကည့္ကာလအေနနဲ႔ အေဆာက္အဦး တခုမွာ စတင္ထားထားေနၿပီလို႔ ျမ၀တီခရိုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။

"သူက ေစာင့္ၾကည့္အျဖစ္ ေနခ်င္တယ္လို႔ဆို ခဏထားတာပါ။ သူကျပန္လာတာ သူအခန္းေဖာ္က ဖ်ားလို႔ေနခဲ့တယ္။ ဖ်ားေပမဲ့ ကိုဗစ္ေတာ့ မဟုတ္ဘူး။ ထုိင္းမွာက က်န္းမာေရးအာမခံထားေတာ့ ဖ်ားတယ္ဆုိေတာ့ ဒီဘက္ကို မလဲြေပးထားဘူး။ သူအခန္းအေဖာ္ကေနခဲ့တယ္။ သူစိတ္ထဲ မရွင္းဘူး။ သူအခန္းေဖာ္ကသာ ကုိဗစ္ရွိရင္ သူ့မိသားစုကို ကူးမွာစုိးလို႔ပါ။"

ကရင္ျပည္နယ္ ျမ၀တီခရိုင္ဟာ နယ္စပ္ ၀င္ေပါက္ထြက္ေပါက္ျဖစ္တာေၾကာင့္ ကိုရိုနာဗုိင္းရပ္စ္နဲ႔ ပတ္သက္လုိ႔ စုိးရိမ္ရတဲ့နယ္ေျမ ျဖစ္ပါတယ္။ နယ္စပ္ျပန္ေတြထဲက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူတုိ႔ ေနရပ္ကို မျပန္ႏိုင္ရင္ေသးရင္ျဖစ္ျဖစ္၊ သံသယရွိသူေတြျဖစ္လာတာမ်ိဳးေတြကို ၾကံဳရရင္ပဲျဖစ္ျဖစ္ ေဆးရံုသာမက တျခားအေဆာက္အဦးသစ္ေတြက ပုိင္ရွင္ေတြကိုလည္း အကူညီေတာင္းျပီး ထားတာမ်ိဳးေတြလုပ္ဖို႔ က်န္မားေရး၀န္ႀကီးဌာနနဲ႔ စီစဥ္ေဆာင္ရြက္ေနတယ္လို႔လည္း ဆုိပါတယ္။ သံသယလူနာရွိပါက ေဆးရံုမွာပဲ ထားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

"ေဆးရံုပဲ ထားမယ္။ သံသယရွိရင္ သံသယရွိသူမ်ားလာရင္ ေဆးရံုမွာက်န္တဲ့ေဆးရံုမွာမထားေတာ့ဘူး။ ေဆးရံုမွာေတာ့ ကုိဗစ္နဲ႔ ပတ္သက္တဲ့ သံသယလူနာပဲ ထားေတာ့မယ္။အဲဒီလိုက်မွ သန္႔မယ္ထင္တယ္။ အကုန္လံုးေတာ့ မျပီးေသးဘူး။ အစီစဥ္ေတာ့ဆဲြေနတာပဲ။ မေဆာက္ဘဲနဲ႔ လုပ္ရတဲ့ နည္းလမ္းေတြရွိတယ္။ အေဆာက္အဦးအသံုး ျပဳခြင့္ရွိတယ္ဆိုရင္ ေဆးရံုပံုစံ လုပ္မွာေတြရွိတယ္။ က်ေနာ္တို႔က ေဆာက္တာၾကာမယ္။ ယာယီေဆးရံုပံုစံလုပ္တာျမန္မွာကိုး က်ေနာ္တို႔က ဒါမ်ိဳးႀကီးကုိ လုပ္ခ်င္တယ္လို႔ ေျပာလို႔ မရဘူးက်န္းမာေရး၀န္ႀကီးဌာနကုိ ျပရတယ္။ ဒီအေဆာက္အဦးကို ဘယ္လိုသံုးလို႔ မရလဲ အဲဒါသံုးလို႔ရရင္ က်ေနာ္တုိ႔က ဘာပံ့ပိုးေပးရမလဲ။ ဒါေတြ ေပါင္းစပ္ျပီးလုပ္ရတာကုိး။"

မေန႔ မတ္လ၂၆ ရက္ေန႔က ျမန္မာျပည္ထဲကို တရားမ၀င္လမ္းက ၀င္ခဲ့လို႔ ဖမ္းဆီးခံရတဲ့ ျမန္မာအလုပ္သမား ၈၀ ေက်ာ္ကိုေတာ့ ထုိင္းအာဏာပုိင္ေတြက ျပန္လႊတ္ေပးခဲ့ျပီး ေနရပ္ျပန္ဖို႔ စီစဥ္ေပးခဲ့တယ္လို႔ သိရပါတယ္။ ဒီထဲမွာ အေထာက္အထား မရွိသူေတြလည္း ပါ၀င္ပါတယ္။ ဒီကေန႔မွာလည္း မဲေဆာက္ျမ၀တီခ်စ္ၾကည္ေရး အမွတ္ (၂) ကေန ျမန္မာေရႊ႕ေျပာင္းအလုပ္သမား အနည္းငယ္ ေနရပ္ျပန္ေနၾကဆဲ ျဖစ္ပါတယ္။

ျမဝတီမွာ COVID-19 ေစာင့္ၾကည့္ဌာန ထားဖို႔ စီစဥ္ေန
please wait

No media source currently available

0:00 0:02:54 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြဝတီမှာ COVID-19 စောင့်ကြည့်ဌာန ထားဖို့ စီစဉ်နေ

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှာ COVID-19 ရောဂါစောင့်ကြည့်ရေးစင်တာထားဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။

ထိုင်းနိုင်ငံ နေရပ်ပြန်မြန်မာတွေ အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးတဲ့ ကာလမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သံသယရှိတာမျိုး တွေရှိခဲ့ရင် မိသားစုထံ မပြန်သေးဘဲ မိမိဆန္ဒအလျောက် စောင့်ကြည့် ၁၄ ရက်တာထားနိုင်ဖို့ စီစဉ်နေတာပါ။ ဒီလို ပြန်ဝင်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထားဖို့ မြဝတီမြို့က အဆောက်အဦးသစ်တွေကို အကူညီတောင်းပြီး စီစဉ်ဆောင်ရွက်နေပြီလို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ လက်ရှိမှာ နေရပ်ပြန်မြန်မာ တဦးကိုတော့ စောင့်ကြည့်ကာလအနေနဲ့ အဆောက်အဦး တခုမှာ စတင်ထားထားနေပြီလို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

"သူက စောင့်ကြည့်အဖြစ် နေချင်တယ်လို့ဆို ခဏထားတာပါ။ သူကပြန်လာတာ သူအခန်းဖော်က ဖျားလို့နေခဲ့တယ်။ ဖျားပေမဲ့ ကိုဗစ်တော့ မဟုတ်ဘူး။ ထိုင်းမှာက ကျန်းမာရေးအာမခံထားတော့ ဖျားတယ်ဆိုတော့ ဒီဘက်ကို မလွဲပေးထားဘူး။ သူအခန်းအဖော်ကနေခဲ့တယ်။ သူစိတ်ထဲ မရှင်းဘူး။ သူအခန်းဖော်ကသာ ကိုဗစ်ရှိရင် သူ့မိသားစုကို ကူးမှာစိုးလို့ပါ။"

ကရင်ပြည်နယ် မြဝတီခရိုင်ဟာ နယ်စပ် ဝင်ပေါက်ထွက်ပေါက်ဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့နယ်မြေ ဖြစ်ပါတယ်။ နယ်စပ်ပြန်တွေထဲက အကြောင်းအမျိုးမျိုးကြောင့် သူတို့ နေရပ်ကို မပြန်နိုင်ရင်သေးရင်ဖြစ်ဖြစ်၊ သံသယရှိသူတွေဖြစ်လာတာမျိုးတွေကို ကြုံရရင်ပဲဖြစ်ဖြစ် ဆေးရုံသာမက တခြားအဆောက်အဦးသစ်တွေက ပိုင်ရှင်တွေကိုလည်း အကူညီတောင်းပြီး ထားတာမျိုးတွေလုပ်ဖို့ ကျန်မားရေးဝန်ကြီးဌာနနဲ့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ သံသယလူနာရှိပါက ဆေးရုံမှာပဲ ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

"ဆေးရုံပဲ ထားမယ်။ သံသယရှိရင် သံသယရှိသူများလာရင် ဆေးရုံမှာကျန်တဲ့ဆေးရုံမှာမထားတော့ဘူး။ ဆေးရုံမှာတော့ ကိုဗစ်နဲ့ ပတ်သက်တဲ့ သံသယလူနာပဲ ထားတော့မယ်။အဲဒီလိုကျမှ သန့်မယ်ထင်တယ်။ အကုန်လုံးတော့ မပြီးသေးဘူး။ အစီစဉ်တော့ဆွဲနေတာပဲ။ မဆောက်ဘဲနဲ့ လုပ်ရတဲ့ နည်းလမ်းတွေရှိတယ်။ အဆောက်အဦးအသုံး ပြုခွင့်ရှိတယ်ဆိုရင် ဆေးရုံပုံစံ လုပ်မှာတွေရှိတယ်။ ကျနော်တို့က ဆောက်တာကြာမယ်။ ယာယီဆေးရုံပုံစံလုပ်တာမြန်မှာကိုး ကျနော်တို့က ဒါမျိုးကြီးကို လုပ်ချင်တယ်လို့ ပြောလို့ မရဘူးကျန်းမာရေးဝန်ကြီးဌာနကို ပြရတယ်။ ဒီအဆောက်အဦးကို ဘယ်လိုသုံးလို့ မရလဲ အဲဒါသုံးလို့ရရင် ကျနော်တို့က ဘာပံ့ပိုးပေးရမလဲ။ ဒါတွေ ပေါင်းစပ်ပြီးလုပ်ရတာကိုး။"

မနေ့ မတ်လ၂၆ ရက်နေ့က မြန်မာပြည်ထဲကို တရားမဝင်လမ်းကဝင်ခဲ့လို့ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၈၀ ကျော်ကိုတော့ ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပြီး နေရပ်ပြန်ဖို့ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီထဲမှာ အထောက်အထား မရှိသူတွေလည်း ပါဝင်ပါတယ်။ ဒီကနေ့မှာလည်း မဲဆောက်မြဝတီချစ်ကြည်ရေး အမှတ် (၂) ကနေ မြန်မာရွှေ့ပြောင်းအလုပ်သမား အနည်းငယ် နေရပ်ပြန်နေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG