သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမဝတီ- မဲေဆာက္ နယ္စပ္ဂိတ္ အေျခအေန


ထိုင္းႏိုင္ငံကေန ေနရပ္ျပန္လာတဲ့ ျမန္မာအလုပ္သမားမ်ား

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ တိုးလာေနတဲ့ ထိုင္းႏိုင္ငံဟာ သူ႔ႏိုင္ငံတြင္းကေန ျမန္မာဘက္ျခမ္းကိုကူးတဲ့ နယ္စပ္ဂိတ္ေတြကို ပိတ္လိုက္တယ္ဆိုေပမဲ့ ႏွစ္ဘက္တာ၀န္ရိွသူေတြ ညိွႏိႈင္းၿပီး ဗီဇာသက္တမ္း ကုန္ခါနီးျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ေရးကိုေတာ့ ေဆာင္ရြက္ေပးလ်က္ ရွိပါတယ္။ ျမ၀တီ-မဲေဆာက္ နယ္စပ္ဂိတ္ဘက္က အေျခအေနကိုေတာ့ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ ျမ၀တီဘက္မွာ ဗီဇာသက္တမ္းကုန္ခါနီး ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ေရးကို ႏွစ္ဘက္အာဏာပိုင္ေတြ ညိွႏိႈင္းေဆာင္ရြက္ေနတဲ့အေၾကာင္း တင္ဆက္ေပးပါမယ္။

☞ ကို႐ိုနာကူးစက္မႈ ပိုဆိုးလာလို႔ ထိုင္း-ျမန္မာနယ္စပ္ဂိတ္ေတြ ပိတ္တဲ့အေၾကာင္းလည္းဖတ္ႏိုင္ပါၿပီ။

ကုိရိုနာေရာဂါပိုး ေန႔စဥ္ လူ ၁၀၀ ေက်ာ္ တိုးလာေနတာေၾကာင့္ ထုိင္းအစုိးရက သူတို႔ရဲ႕ ခရိုင္အသီးသီးက ၀င္ေပါက္ထြက္ေပါက္ေတြကို ပိတ္ပင္ထားလိုက္ပါတယ္။ အခုဆိုရင္ ထုိင္းႏုိင္ငံမွာ ကုိရိုနာဗိုင္းရပ္စ္ကူးစက္သူ လူဦးေရ ၇၀၀ ေက်ာ္အထိ တိုးလာပါျပီ။ ေရာဂါပုိးကုိ ထိမ္းခ်ဳပ္တဲ့အေနနဲ႔ လူစုလူေ၀းနဲ႔ သြားလာေနတဲ့ ထုိင္းျမန္မာနယ္စပ္က နယ္စပ္ဂိတ္ေတြ ပိတ္ထားပါတယ္။ ဒါေပမဲ့ အခုလို ပိတ္ထားေပမဲ့ ဗီဇာသက္တမ္း ကုန္ခါနီး ျမန္မာေတြ ျမန္မာျပည္ဘက္ျပန္ၿပီး ဗီဇာသက္တမ္းတိုးေရး ေဆာင္ရြက္ႏိုင္ဖို႔ ႏွစ္ဘက္ ညိွႏိႈင္းကူညီေပးေနတယ္လို႔ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမူးက အခုလိုေျပာျပပါတယ္။

"ပထမေန႔က ၆,၀၀၀ ေက်ာ္၊ မေန႔က ၅,၀၀၀ ေက်ာ္ ဒီေန႔ကေတာ့ နည္းမယ္။ ၁,၀၀၀ နဲ႔ ၂,၀၀၀ ၾကားေပါ့။ ႏွစ္ဘက္ညိွႏွိုင္းျပီး သြားတယ္။ လက္ရွိကတာ့ MOU တို႔ ေနရပ္ျပန္တို႔တခုတည္းပဲ လုပ္တာ တံတားဖြင့္တာေတာ့ မဟုတ္ဘူး။ ဒီအတုိင္းပဲ လႊတ္လိုက္ရင္ တံုးထုလို႔ မရဘူး။ ထံုးထုလို႔ မရရင္ ျပန္၀င္ဖို႔ ခက္မယ္။ ဒါေႀကာင့္ တရား၀င္ျဖတ္သန္းလို႔ ရေအာင္လုပ္ေပးတာ။"

ထိုင္းျမန္မာနယ္စပ္ ျမ၀တီနယ္စပ္ဂိတ္မွာေတြ႔ရတဲ့ ေနရပ္ျပန္လာတဲ့ ျမန္မာအလုပ္သမားမ်ားနဲ႔ သက္ဆိုင္ရာတာ၀န္ရွိ ရဲ၀န္ထမ္းမ်ား
ထိုင္းျမန္မာနယ္စပ္ ျမ၀တီနယ္စပ္ဂိတ္မွာေတြ႔ရတဲ့ ေနရပ္ျပန္လာတဲ့ ျမန္မာအလုပ္သမားမ်ားနဲ႔ သက္ဆိုင္ရာတာ၀န္ရွိ ရဲ၀န္ထမ္းမ်ား

၂ ရက္အတြင္း ထုိင္းကေန ေနရပ္ျပန္လာတဲ့ ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမား လူဦးေရ ၁၀,၀၀၀ ေက်ာ္ ေနရပ္ျပန္ခဲ့ပါတယ္။ မတ္လ ၂၃ ရက္ေန႔မွာ ေနရပ္ျပန္သူကိုေတြကို ေရာဂါကာကြယ္ေရးအတြက္ ေစာင့္ၾကည့္မႈေတြ ပိုလုပ္ႏိုင္ေအာင္ ျပည္နယ္အစိုးကေန သူတို႔ သက္ဆိုင္ရာေနရပ္ေတြကို ကားေတြနဲ႔ စီစဥ္ပို႔ေဆာင္ေပးေနတယ္လို႔လည္း ဦးေတဇေအာင္က ေျပာပါတယ္။

"ျပန္လာတာေတာ့ သိပ္မမ်ားေတာ့ဘူး။ ဒါေပမဲ့ ဒီေန႔က်ေတာ့ ေဒသအေလွ်ာက္ကို ကရင္ျပည္နယ္အစုိးရကေတာ့ ေနရပ္ျပန္ဖို႔ စီစဥ္တယ္။ ရန္ကုန္-မႏၱေလးကား၊ စစ္ကုိင္းကား စသျဖင့္၊ ျပည္ကားစသျဖင့္ စီစဥ္ေပးတယ္။ အဓိက ကေတာ့ ေနအိမ္ေတြမွာ ေစာင့္ၾကည့္စစ္ေဆးမႈေတြ လုပ္တာအဆင္ေျပေအာင္လို႔ေပါ့။ သက္ဆိုင္ရာေဒသမွာ အိမ္မွာ ေနရမွာေပါ့။ သက္ဆုိင္ရာကားနဲ႔ Name List နဲ႔ ေပါ့။ ပထမေတာ့ တဦးခ်င္း မွတ္ပံုတင္တဲ့ လုပ္ငန္းစဥ္ကေန အခုေတာ့ ကားအလုိက္ ျပန္လုပ္ရတာေပါ့။"

ထိုင္း-ျမန္မာနယ္စပ္ျဖစ္တဲ့ ျမ၀တီ-မဲေဆာက္ ေနရာ တခုတည္းမွာပဲ အထူးအစဥ္နဲ႔ ခ်စ္ၾကည္ေရးတံတားအမွတ္ (၂) ကို ပိတ္ထားတဲ့ၾကားကပဲ ေနရပ္ျပန္ႏုိင္ေရး ႏွစ္ဘက္အစိုးရေတြညိွႏိႈင္း ေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္။

ျမဝတီ- မဲေဆာက္ နယ္စပ္ဂိတ္ အေျခအေန
please wait

No media source currently available

0:00 0:02:45 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြဝတီ- မဲဆောက် နယ်စပ်ဂိတ် အခြေအနေ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးလာနေတဲ့ ထိုင်းနိုင်ငံဟာ သူ့နိုင်ငံတွင်းကနေ မြန်မာဘက်ခြမ်းကိုကူးတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တယ်ဆိုပေမဲ့ နှစ်ဘက်တာဝန်ရှိသူတွေ ညှိနှိုင်းပြီး ဗီဇာသက်တမ်း ကုန်ခါနီးမြန်မာအလုပ်သမားတွေ နေရပ်ပြန်ရေးကိုတော့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ဘက်က အခြေအနေကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မြဝတီဘက်မှာ ဗီဇာသက်တမ်းကုန်ခါနီး မြန်မာအလုပ်သမားတွေ နေရပ်ပြန်ရေးကို နှစ်ဘက်အာဏာပိုင်တွေ ညှိနှိုင်းဆောင်ရွက်နေတဲ့အကြောင်း တင်ဆက်ပေးပါမယ်။

☞ ကိုရိုနာကူးစက်မှု ပိုဆိုးလာလို့ ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေ ပိတ်တဲ့အကြောင်းလည်းဖတ်နိုင်ပါပြီ။

ကိုရိုနာရောဂါပိုး နေ့စဉ် လူ ၁၀၀ ကျော် တိုးလာနေတာကြောင့် ထိုင်းအစိုးရက သူတို့ရဲ့ ခရိုင်အသီးသီးက ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ပင်ထားလိုက်ပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ လူဦးရေ ၇၀၀ ကျော်အထိ တိုးလာပါပြီ။ ရောဂါပိုးကို ထိမ်းချုပ်တဲ့အနေနဲ့ လူစုလူဝေးနဲ့ သွားလာနေတဲ့ ထိုင်းမြန်မာနယ်စပ်က နယ်စပ်ဂိတ်တွေ ပိတ်ထားပါတယ်။ ဒါပေမဲ့ အခုလို ပိတ်ထားပေမဲ့ ဗီဇာသက်တမ်း ကုန်ခါနီး မြန်မာတွေ မြန်မာပြည်ဘက်ပြန်ပြီး ဗီဇာသက်တမ်းတိုးရေး ဆောင်ရွက်နိုင်ဖို့ နှစ်ဘက် ညှိနှိုင်းကူညီပေးနေတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမူးက အခုလိုပြောပြပါတယ်။

"ပထမနေ့က ၆,၀၀၀ ကျော်၊ မနေ့က ၅,၀၀၀ ကျော် ဒီနေ့ကတော့ နည်းမယ်။ ၁,၀၀၀ နဲ့ ၂,၀၀၀ ကြားပေါ့။ နှစ်ဘက်ညှိနှိုင်းပြီး သွားတယ်။ လက်ရှိကတာ့ MOU တို့ နေရပ်ပြန်တို့တခုတည်းပဲ လုပ်တာ တံတားဖွင့်တာတော့ မဟုတ်ဘူး။ ဒီအတိုင်းပဲ လွှတ်လိုက်ရင် တုံးထုလို့ မရဘူး။ ထုံးထုလို့ မရရင် ပြန်ဝင်ဖို့ ခက်မယ်။ ဒါကြောင့် တရားဝင်ဖြတ်သန်းလို့ ရအောင်လုပ်ပေးတာ။"

၂ ရက်အတွင်း ထိုင်းကနေ နေရပ်ပြန်လာတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား လူဦးရေ ၁၀,၀၀၀ ကျော် နေရပ်ပြန်ခဲ့ပါတယ်။ မတ်လ ၂၃ရက်နေ့မှာ နေရပ်ပြန်သူကိုတွေကို ရောဂါကာကွယ်ရေးအတွက် စောင့်ကြည့်မှုတွေ ပိုလုပ်နိုင်အောင် ပြည်နယ်အစိုးကနေ သူတို့ သက်ဆိုင်ရာနေရပ်တွေကို ကားတွေနဲ့ စီစဉ်ပို့ဆောင်ပေးနေတယ်လို့လည်း ဦးတေဇအောင်က ပြောပါတယ်။

"ပြန်လာတာတော့ သိပ်မများတော့ဘူး။ ဒါပေမဲ့ ဒီနေ့ကျတော့ ဒေသအလျှောက်ကို ကရင်ပြည်နယ်အစိုးရကတော့ နေရပ်ပြန်ဖို့ စီစဉ်တယ်။ ရန်ကုန်-မန္တလေးကား၊ စစ်ကိုင်းကား စသဖြင့်၊ ပြည်ကားစသဖြင့် စီစဉ်ပေးတယ်။ အဓိက ကတော့ နေအိမ်တွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်တာအဆင်ပြေအောင်လို့ပေါ့။ သက်ဆိုင်ရာဒေသမှာ အိမ်မှာ နေရမှာပေါ့။ သက်ဆိုင်ရာကားနဲ့ Name List နဲ့ ပေါ့။ ပထမတော့ တဦးချင်း မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကနေ အခုတော့ ကားအလိုက် ပြန်လုပ်ရတာပေါ့။"

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီ-မဲဆောက် နေရာ တခုတည်းမှာပဲ အထူးအစဉ်နဲ့ ချစ်ကြည်ရေးတံတားအမှတ် (၂) ကို ပိတ်ထားတဲ့ကြားကပဲ နေရပ်ပြန်နိုင်ရေး နှစ်ဘက်အစိုးရတွေညှိနှိုင်း ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG