သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းက ျပန္လာလာသူေတြကုိ COVID-19 ရွိမရွိ စနစ္တက် ေစာင့္ၾကည့္ႏုိင္ပါရဲ႕လား


ထုိင္းက ျပန္လာလာသူေတြကုိ COVID-19 ရွိမရွိ စစ္ေဆးေန

(Zawgyi/Unicode)

ထိုင္းႏိုင္ငံက ျပန္၀င္လာတဲ့ ျမန္မာအလုပ္သမားေတြကို သက္ဆိုင္ရာနယ္ေျမအလိုက္ေစာင့္ၾကည့္မႈနဲ႔ ပတ္သက္လို႔ တကယ္ပဲ ထိထိေရာက္ေရာက္လုပ္နိင္ရဲ႕လားဆိုတာကို မအိမ့္သႏၲာထြန္း သတင္းေပးပို႔ထားပါတယ္။

ထိုင္းနဲ႔ ျမန္မာနယ္စပ္ျဖစ္တဲ့ ျမဝတီဘက္ကေန အလုံးအရင္းနဲ႔ ျပန္လည္ဝင္ေရာက္လာၾကတဲ့ ျမန္မာအလုပ္သမားေတြကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးနဲ႔ သူနာျပဳသင္တန္းေက်ာင္းက ေနာက္ဆုံးႏွစ္ ေက်ာင္းသားေတြပါ လာေရာက္ၿပီး က်န္းမာေရး စစ္ေဆးတာေတြကို ကူညီေပးေနပါတယ္။ ဒီလို ထိုင္းဘက္ကေန အလုံးအရင္းနဲ႔ ဝင္လာၾကတဲ့အလုပ္သမားေတြကို နယ္စပ္ဝင္ေပါက္ေတြမွာ က်န္းမာေရးစစ္ေဆးတာေတြ ေသခ်ာလုပ္ေဆာင္ေပးေနေပမယ့္ ဝင္ေရာက္လာၾကတဲ့ လူအင္အားမ်ားတာေၾကာင့္ ၁၄ ရက္ ေစာင့္ၾကည့္မယ့္ကိစၥကို သူတို႔ေနထိုင္ရာေဒသအလိုက္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးပိုင္းကို လႊဲထားပါတယ္။ ဒါေၾကာင့္ ျပန္၀င္လာတဲ့စာရင္းအတိုင္း သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းတာ၀န္ရွိသူေတြကို ေပးပို႔ၿပီး ေဒသအလိုက္ေစာင့္ၾကည့္ဖို႔ စီစဥ္ထားတယ္လို႔ ကရင္ျပည္နယ္ လြတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ေျပာပါတယ္။

“သူတို႔က ၿမိဳ႕နယ္တစ္ခုတစ္ခုစီဆိုေတာ့ အဲ့ေလာက္အမ်ားႀကီးေတာ့ မဟုတ္ဘူးေပါ့ေႏွာ္။ အဲ့ေတာ့ သူတို႔ေတြ ဒီလူေတြကို Home Quarantine လုပ္ဖို႔သူတို႔အစီအစဥ္နဲ႔ သြားမွာေပါ့။ ဘာလို႔ဆို ကြၽန္ေတာ္တို႔က ဒီဘက္မွာကလည္း အေန႔ညကဆို ကြၽန္ေတာ္တို႔ ည ၁၁ နာရီ ၁ နာရီ ၂ နာရီ အခ်ိန္ထိ ျပန္ပို႔းေပးေနရတုန္း။ လူေတြကို ျပန္ပို႔ေပးေနရတယ့္ အေနအထားလည္းရွိတယ္။ အဲ့ေတာ့ ကြၽန္ေတာ္တို႔ အဲ့ဒီအထိလိုက္မၾကည့္ေပးႏိုင္ဘူး။ ကြၽန္ေတာ္တို႔က ဒီမွာက်ေတာ့ တာဝန္က အရမ္းႀကီးတယ္ေပါ့ေႏွာ္။ ကိုယ့္ၿမိဳ႕နယ္နဲ႔ ကိုယ္က်ေတာ့ အဲ့ာေလာက္ တာဝန္မႀကီးေတာ့ဘူးေပါ့။ သူတို႔ စီစဥ္မွာပါ၊ စီစဥ္ပါလိမ့္မယ္။”

ေန႔တိုင္းဝင္ထြက္မႈမ်ားတာေၾကာင့္ ျမဝတီမွာ သီးသန႔္ေစာင့္ၾကည့္မႈ မလုပ္ႏိုင္ဘဲ သက္ဆိုင္ရာၿမိဳနယ္၊ ျပည္နယ္၊ တိုင္းအလိုက္ကို ကရင္ျပည္နယ္ အစိုးရရဲ႕ အစီအစဥ္နဲ႔ ျပန္ၾကမယ့္ တိုင္းေဒသႀကီး အသီးသီးကို ခ်ိတ္ဆက္ၿပီး အခမဲ့ေမာ္ေတာ္ယာဥ္ ေတြနဲ႔ ပို႔ေဆာင္ေပးေနပါတယ္။

ျမဝတီ နယ္စပ္ဂိတ္ေပါက္ကေန ဝင္လာၾကတဲ့ အလုပ္သမားေတြ သူတို႔ရဲ႕ ဇာတိကို ျပန္ေရာက္ရင္ က်န္းမာေရး စမ္းသပ္စစ္ေဆးေစာင့္ၾကည့္ဖို႔နဲ႔ ႏိုင္ငံျခားကေန ေရာက္လာတဲ့သူရွိရင္ အုပ္ခ်ဳပ္ေရးမွဴးေတြဆီကို အေၾကာင္းၾကားဖို႔ ၫႊန္ၾကားထာၿပီး ေဆး႐ုံေတြမွာလည္း တတ္ႏိုင္သေလာက္ အဆင္သင့္ ျပင္ဆင္ထားတယ္လို႔ ရမည္းသင္းၿမိဳ႕နယ္ လြတ္ေတာ္ကိုယ္စာလွယ္ ဦးတင့္လြင္က ေျပာပါတယ္။

“အေထြေထြအုပ္ခ်ဳပ္ေရးမွဴးကေနၿပီးေတာ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႈးေတြ တာဝန္ခံေတြဆီကို ၫႊန္ၾကားထားတာေပါ့ေႏွာ္။ အဲ့ဒီလို ျပန္လာတဲ့သူရွိရင္ ၿမိဳ႕နယ္ကိုလည္း သတင္းပို႔ေပါ့ေနာ္ အဲ့လူရဲ႕ အေျခအေနကိုလည္း ေစာင့္ၾကည့္ေပါ့

အားလုံးျပည့္စုံတယ္ဆိုတာကေတာ့ မျဖစ္ႏိုင္ပါဘူးဗ်ာ။ အဲ့တာကို စမ္းသပ္စစ္ေဆးၿပီးေတာ့ ေတ႔ြရွိတယ္ဆိုရင္ေတာ့ သီးသန႔္ထားဖို႔ ေဆ႐ုံမွာ ေနရာရယ္ ေဆး႐ုံႏွင့္ မဆံ့ရင္ အျခားေနရာေပါ့ေႏွာ္။ အမ်ားပိုင္ဆိုင္တဲ့ ေနရာတစ္ခုခုကိုေတာ့ ဒါ လ်ာထားထားပါတယ္ဗ်။ ေဆး႐ုံမွာလည္းကယ္ဆယ္ေရး ပစၥည္းေတြနဲ႔ ပတ္သက္လို႔ အဆင္ေျပေအာင္ အစုံအလင္ေတာ့ ျပဳလုပ္ထားပါတယ္ခင္ဗ်။ ေဆး႐ုံေတြမွာလည္း အတတ္ႏိုင္ဆုံးေတာ့ ျဖည့္ဆည္းေပးေနတာပဲ၊ ဝတ္စုံေတြဘာေတြကေတာ့ ေထာက္ပံ့ထားၿပီးသားပါ။”

ထိုင္း-ျမန္မာနယ္ျခား ေသာင္ရင္းျမစ္ကမ္း တစ္ေလွ်ာက္ ႏိုင္ငံတကာ ဝင္ေပါက္ထြက္ေပါက္ေတြ ျဖစ္တဲ့ ခ်စ္ၾကည္ေရး တံတား ၂ စင္းႏွင့္ ေလွဂိတ္ေတြအားလုံး လူဝင္ထြက္သြားလာခြင့္ကို ထိုင္းဘက္ျခမ္းက မတ္လ ၂၂ ရက္ေန႔က စၿပီး ပိတ္မယ္လို႔ဆိုေပမယ့္ ေန႔စဥ္ေထာင္နဲ႔ခ်ီတဲ့ ထိုင္းျပန္ ျမန္မာလုပ္သားေတြ ဝင္ေရာက္လ်က္ရွိပါတယ္။ မတ္လ ၂၁ ရက္ကေန ၂၅ ရက္ေန႔အထိ ျပန္လည္ဝင္ေရာက္လာတဲ့ အလုပ္သမားစုစုေပါင္းက ၂ ေသာင္း ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။

ဒီလို ျပန္လည္ဝင္ေရာက္လာၾကတဲ့ အလုပ္သမားတြနဲ႔ ႏိုင္ငံျခားက ျပန္လာသူေတြမွာ ေရာဂါပိုးပါလာတယ္ မပါလာဘူးဆိုတာကို ေသခ်ာမေစာင့္ၾကည့္ ႏိုင္ဘဲ ၁၄ ရက္ Home Quarantine လုပ္ခိုင္းတာက အႏၲရာယ္ရွိတယ္လို႔ ေခ်ာင္းဆုံၿမိဳ႕နယ္ေဒသခံ မိဝိဇယက ေျပာျပပါတယ္။

“႐ြာမွာဆိုရင္ေလ အိမ္မွာ ထားလိုက္ပါေတာ့ အိမ္သားေတြကႏိုင္ငံျခားကေန ျပန္လာတယ္။ သီးသန႔္ေနဖိုု႔လည္း ေျပာထားတယ္။ ဒါေပမယ့္ ႐ြာမွာ ဒီေဒသမွာေပါ့ေႏွာ္ အိမ္ေတြမွာ သူ႔အခန္းနဲ႔ သူအိပ္တာက သိပ္မရွိဘူးေလ။ ႐ြာမွာ သီးသန႔္ခန္းေတြက သိပ္မရွိဘူး။ အကယ္၍အိမ္မွာေနရင္လည္း သီးသန႔္ အဲ့လိုမ်ိဳး ေဆ႐ုံမွာ လိုမ်ိဳး သီးသန႔္ဆိုတဲ့ဟာ လုပ္ဖို႔ကေတာ့ ျဖစ္ႏိုင္ေခ် အရမ္းနည္းတယ္။ အစ္မ ျမင္တာေပါ့ေႏွာ္။ အႏၲရာယ္အရမ္းမ်ားတယ္ေလ။ ခုသိတဲ့အတိုင္းပဲ ဒီေရာဂါက ေရာဂါပိုးကူးစက္ခံရလို႔ရွိရင္ ေရာဂါလကၡဏာက ခ်က္ခ်င္းမျပဘူးေလ။ အကယ္လို႔ အိမ္မွာ ေနတဲ့ သူက ေရာဂါကူးစက္ခံရတဲ့ လကၡဏာရွိရင္ ဒါက တစ္အိမ္သားလုံးအတြက္ ျပသနာရွိႏိုင္တယ္။ အဲ့ဒါေၾကာင့္ ႏိုင္ငံျခားက ျပန္လာရင္ အိမ္မွာထား ၁၄ ရက္ေနၿပီးမွ အျပင္ထြက္ အဲ့ဒါက အႏၲရာယ္ကေတာ့ လုံးဝမကင္းဘူး။ ေရာဂါပိုးကူးစက္မႈရွိရင္ေတာ့ အႏၲရာယ္တအားမ်ားတယ္။”

အခုလက္ရွိ ျမန္မာႏိုင္ငံမွာ COVID 19 ေရာဂါပိုး ေတြ႕ရွိသူ ၃ ဦးနဲ႔ ေစာင့္ၾကည့္နဲ႔ သံသယလူနာ ၂၃၇ ဦးရွိေနပါတယ္။ ကမာၻမွာ COVID 19 ျဖစ္ပြားေနသူ စုစုေပါင္း ၄ သိန္းေက်ာ္ႏွင့္ ေသဆုံးသူက ၂ ေသာင္း နီးပါးရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ထိုင်းက ပြန်လာလာသူတွေကို COVID-19 ရှိမရှိ စနစ်တကျ စောင့်ကြည့်နိုင်ပါရဲ့လား

(Unicode)

ထိုင်းနိုင်ငံက ပြန်ဝင်လာတဲ့ မြန်မာအလုပ်သမားတွေကို သက်ဆိုင်ရာနယ်မြေအလိုက်စောင့်ကြည့်မှုနဲ့ ပတ်သက်လို့ တကယ်ပဲ ထိထိရောက်ရောက်လုပ်နိင်ရဲ့လားဆိုတာကို မအိမ့်သန္တာထွန်း သတင်းပေးပို့ထားပါတယ်။

ထိုင်းနဲ့ မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီဘက်ကနေ အလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်လာကြတဲ့ မြန်မာအလုပ်သမားတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ သူနာပြုသင်တန်းကျောင်းက နောက်ဆုံးနှစ် ကျောင်းသားတွေပါ လာရောက်ပြီး ကျန်းမာရေး စစ်ဆေးတာတွေကို ကူညီပေးနေပါတယ်။ ဒီလို ထိုင်းဘက်ကနေ အလုံးအရင်းနဲ့ ဝင်လာကြတဲ့အလုပ်သမားတွေကို နယ်စပ်ဝင်ပေါက်တွေမှာ ကျန်းမာရေးစစ်ဆေးတာတွေ သေချာလုပ်ဆောင်ပေးနေပေမယ့် ဝင်ရောက်လာကြတဲ့ လူအင်အားများတာကြောင့် ၁၄ ရက် စောင့်ကြည့်မယ့်ကိစ္စကို သူတို့နေထိုင်ရာဒေသအလိုက် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကို လွှဲထားပါတယ်။ ဒါကြောင့် ပြန်ဝင်လာတဲ့စာရင်းအတိုင်း သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတာဝန်ရှိသူတွေကို ပေးပို့ပြီး ဒေသအလိုက်စောင့်ကြည့်ဖို့ စီစဉ်ထားတယ်လို့ ကရင်ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

“သူတို့က မြို့နယ်တစ်ခုတစ်ခုစီဆိုတော့ အဲ့လောက်အများကြီးတော့ မဟုတ်ဘူးပေါ့နှော်။ အဲ့တော့ သူတို့တွေ ဒီလူတွေကို Home Quarantine လုပ်ဖို့သူတို့အစီအစဉ်နဲ့ သွားမှာပေါ့။ ဘာလို့ဆို ကျွန်တော်တို့က ဒီဘက်မှာကလည်း အနေ့ညကဆို ကျွန်တော်တို့ ည ၁၁ နာရီ ၁ နာရီ ၂ နာရီ အချိန်ထိ ပြန်ပို့းပေးနေရတုန်း။ လူတွေကို ပြန်ပို့ပေးနေရတယ့် အနေအထားလည်းရှိတယ်။ အဲ့တော့ ကျွန်တော်တို့ အဲ့ဒီအထိလိုက်မကြည့်ပေးနိုင်ဘူး။ ကျွန်တော်တို့က ဒီမှာကျတော့ တာဝန်က အရမ်းကြီးတယ်ပေါ့နှော်။ ကိုယ့်မြို့နယ်နဲ့ ကိုယ်ကျတော့ အဲ့ာလောက် တာဝန်မကြီးတော့ဘူးပေါ့။ သူတို့ စီစဉ်မှာပါ၊ စီစဉ်ပါလိမ့်မယ်။”

နေ့တိုင်းဝင်ထွက်မှုများတာကြောင့် မြဝတီမှာ သီးသန့်စောင့်ကြည့်မှု မလုပ်နိုင်ဘဲ သက်ဆိုင်ရာမြိုနယ်၊ ပြည်နယ်၊ တိုင်းအလိုက်ကို ကရင်ပြည်နယ် အစိုးရရဲ့ အစီအစဉ်နဲ့ ပြန်ကြမယ့် တိုင်းဒေသကြီး အသီးသီးကို ချိတ်ဆက်ပြီး အခမဲ့မော်တော်ယာဉ် တွေနဲ့ ပို့ဆောင်ပေးနေပါတယ်။

မြဝတီ နယ်စပ်ဂိတ်ပေါက်ကနေ ဝင်လာကြတဲ့ အလုပ်သမားတွေ သူတို့ရဲ့ ဇာတိကို ပြန်ရောက်ရင် ကျန်းမာရေး စမ်းသပ်စစ်ဆေးစောင့်ကြည့်ဖို့နဲ့ နိုင်ငံခြားကနေ ရောက်လာတဲ့သူရှိရင် အုပ်ချုပ်ရေးမှူးတွေဆီကို အကြောင်းကြားဖို့ ညွှန်ကြားထာပြီး ဆေးရုံတွေမှာလည်း တတ်နိုင်သလောက် အဆင်သင့် ပြင်ဆင်ထားတယ်လို့ ရမည်းသင်းမြို့နယ် လွတ်တော်ကိုယ်စာလှယ် ဦးတင့်လွင်က ပြောပါတယ်။

“အထွေထွေအုပ်ချုပ်ရေးမှူးကနေပြီးတော့ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေ တာဝန်ခံတွေဆီကို ညွှန်ကြားထားတာပေါ့နှော်။ အဲ့ဒီလို ပြန်လာတဲ့သူရှိရင် မြို့နယ်ကိုလည်း သတင်းပို့ပေါ့နော် အဲ့လူရဲ့ အခြေအနေကိုလည်း စောင့်ကြည့်ပေါ့

အားလုံးပြည့်စုံတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူးဗျာ။ အဲ့တာကို စမ်းသပ်စစ်ဆေးပြီးတော့ တေ့ွရှိတယ်ဆိုရင်တော့ သီးသန့်ထားဖို့ ဆေရုံမှာ နေရာရယ် ဆေးရုံနှင့် မဆံ့ရင် အခြားနေရာပေါ့နှော်။ အများပိုင်ဆိုင်တဲ့ နေရာတစ်ခုခုကိုတော့ ဒါ လျာထားထားပါတယ်ဗျ။ ဆေးရုံမှာလည်းကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ပတ်သက်လို့ အဆင်ပြေအောင် အစုံအလင်တော့ ပြုလုပ်ထားပါတယ်ခင်ဗျ။ ဆေးရုံတွေမှာလည်း အတတ်နိုင်ဆုံးတော့ ဖြည့်ဆည်းပေးနေတာပဲ၊ ဝတ်စုံတွေဘာတွေကတော့ ထောက်ပံ့ထားပြီးသားပါ။”

ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ်ကမ်း တစ်လျှောက် နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်တွေ ဖြစ်တဲ့ ချစ်ကြည်ရေး တံတား ၂ စင်းနှင့် လှေဂိတ်တွေအားလုံး လူဝင်ထွက်သွားလာခွင့်ကို ထိုင်းဘက်ခြမ်းက မတ်လ ၂၂ ရက်နေ့က စပြီး ပိတ်မယ်လို့ဆိုပေမယ့် နေ့စဉ်ထောင်နဲ့ချီတဲ့ ထိုင်းပြန် မြန်မာလုပ်သားတွေ ဝင်ရောက်လျက်ရှိပါတယ်။ မတ်လ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိ ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားစုစုပေါင်းက ၂ သောင်း ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ဒီလို ပြန်လည်ဝင်ရောက်လာကြတဲ့ အလုပ်သမားတွနဲ့ နိုင်ငံခြားက ပြန်လာသူတွေမှာ ရောဂါပိုးပါလာတယ် မပါလာဘူးဆိုတာကို သေချာမစောင့်ကြည့် နိုင်ဘဲ ၁၄ ရက် Home Quarantine လုပ်ခိုင်းတာက အန္တရာယ်ရှိတယ်လို့ ချောင်းဆုံမြို့နယ်ဒေသခံ မိဝိဇယက ပြောပြပါတယ်။

“ရွာမှာဆိုရင်လေ အိမ်မှာ ထားလိုက်ပါတော့ အိမ်သားတွေကနိုင်ငံခြားကနေ ပြန်လာတယ်။ သီးသန့်နေဖို့လည်း ပြောထားတယ်။ ဒါပေမယ့် ရွာမှာ ဒီဒေသမှာပေါ့နှော် အိမ်တွေမှာ သူ့အခန်းနဲ့ သူအိပ်တာက သိပ်မရှိဘူးလေ။ ရွာမှာ သီးသန့်ခန်းတွေက သိပ်မရှိဘူး။ အကယ်၍အိမ်မှာနေရင်လည်း သီးသန့် အဲ့လိုမျိုး ဆေရုံမှာ လိုမျိုး သီးသန့်ဆိုတဲ့ဟာ လုပ်ဖို့ကတော့ ဖြစ်နိုင်ချေ အရမ်းနည်းတယ်။ အစ်မ မြင်တာပေါ့နှော်။ အန္တရာယ်အရမ်းများတယ်လေ။ ခုသိတဲ့အတိုင်းပဲ ဒီရောဂါက ရောဂါပိုးကူးစက်ခံရလို့ရှိရင် ရောဂါလက္ခဏာက ချက်ချင်းမပြဘူးလေ။ အကယ်လို့ အိမ်မှာ နေတဲ့ သူက ရောဂါကူးစက်ခံရတဲ့ လက္ခဏာရှိရင် ဒါက တစ်အိမ်သားလုံးအတွက် ပြသနာရှိနိုင်တယ်။ အဲ့ဒါကြောင့် နိုင်ငံခြားက ပြန်လာရင် အိမ်မှာထား ၁၄ ရက်နေပြီးမှ အပြင်ထွက် အဲ့ဒါက အန္တရာယ်ကတော့ လုံးဝမကင်းဘူး။ ရောဂါပိုးကူးစက်မှုရှိရင်တော့ အန္တရာယ်တအားများတယ်။”

အခုလက်ရှိ မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုး တွေ့ရှိသူ ၃ ဦးနဲ့ စောင့်ကြည့်နဲ့ သံသယလူနာ ၂၃၇ ဦးရှိနေပါတယ်။ ကမ္ဘာမှာ COVID 19 ဖြစ်ပွားနေသူ စုစုပေါင်း ၄ သိန်းကျော်နှင့် သေဆုံးသူက ၂ သောင်း နီးပါးရှိနေပါတယ်။

XS
SM
MD
LG