သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမၻာတလႊား COVID-19 ကူးစက္ခံရသူ ၇ သိန္းနီးပါး ေရာက္ရွိ


အီတလီတြင္ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံ လူနာအား ေစာင့္ၾကည့္ေနသည့္ က်န္းမာေရးဝန္ထမ္းတဦး။ (မတ္ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကမၻာ့ကပ္ေရာဂါ COVID-19 ကူးစက္မႈဟာ တကမၻာလံုးကို ပ်ံ႕ႏွံ႔လာေနရာမွာ ကူးစက္ခံရသူနဲ႔ ေသဆံုးသူအေရအတြက္ ဆက္လက္ၿပီး တေရြ႕ေရြ႕နဲ႔ တိုးလာေနတာပါ။ တနဂၤေႏြေန႔ အေစာပိုင္းအရ တကမၻာလံုးမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၆၈၀,၀၀၀ ေက်ာ္ ရွိေနပါၿပီ။

လက္ရွိ ေရာဂါကူးစက္မႈ ဗဟိုခ်က္မျဖစ္လာတဲ့ အေမရိကန္ျပည္ေထာင္စုမွာ ကူးစက္ခံရသူေပါင္း ၁၂၄,၆၈၆ ရွိေနၿပီး ဥေရာပႏိုင္ငံေတြထဲမွာ အဆိုးဆံုးျဖစ္ေနတဲ့ အီတလီမွာေတာ့ ကူးစက္ခံရသူေပါင္း ၉ ၂,၄၇၂ ရွိေနပါတယ္။

အေမရိကန္ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ရဲ႕ စစ္တမ္းအရ တနဂၤေႏြေန႔က တကမၻာလံုးမွာ ေရာဂါေၾကာင့္ ေသဆံုးသူေပါင္း ၃၁,၀၀၀ နီးပါး ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဒါဟာ အေမရိကန္နဲ႔ ျပင္သစ္ႏိုင္ငံေတြက တႏိုင္ငံခ်င္းစီမွာ တေန႔တည္း လူေပါင္း ၂,၀၀၀ ေက်ာ္မက ေသဆံုးခဲ့တဲ့ စာရင္းေတြကို ထည့္သြင္းေရတြက္ခဲ့တာ ျဖစ္ပါတယ္။

ကမၻာမွာ တတိယေျမာက္ အဆိုးဆံုးႏုိင္ငံျဖစ္ေနတဲ့ အီတလီမွာ COVID-19 ေရာဂါေၾကာင့္ လူေပါင္း ၁၀,၀၀၀ ေက်ာ္မက ေသဆံုးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ကို႐ုိနာဗိုင္းရပ္စ္ စတင္ကူးစက္ ပ်ံ႕ႏွံ႔ခဲ့တဲ့ တ႐ုတ္ႏုိင္ငံ ၀ူဟန္ၿမိဳ႕ကို လေပါင္းမ်ားစြာ လံုး၀ပိတ္ဆို႔ထားခဲ့ၿပီးေနာက္ အာဏာပိုင္ေတြဟာ ၿပီးခဲ့တဲ့ စေနေန႔ကစၿပီး တျဖည္းျဖည္းနဲ႔ ျပန္ဖြင့္ေပးခဲ့ပါတယ္။ ဟူေဘျပည္နယ္မွာ ရွိေနတဲ့ ၀ူဟန္ၿမိဳ႕ကို လူေတြ ေထာင္နဲ႔ခ်ီ စတင္ေရာက္ရွိလာၿပီ ျဖစ္ပါတယ္။

၀န္ႀကီးခ်ဳပ္ Boris Johnson ကုိယ္တိုင္ COVID-19 ကူးစက္ခံထားရတဲ့ ၿဗိတိန္ႏိုင္ငံမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၁၇,၃၁၅ ရွိေနၿပီး ေသဆံုးသူေပါင္း ၁,၀၁၉ ဦးေလာက္ရွိေနၿပီျဖစ္ေၾကာင္း Johns Hopkins တကၠသိုလ္ သုေတသနဌာနက ဆိုပါတယ္။

စပိန္ႏိုင္ငံမွာေတာ့ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆံုးသူေပါင္း ၈၃၈ ဦး ရွိခဲ့တဲ့အတြက္ ႏိုင္ငံတြင္း ေသဆံုးသူစုစုေပါင္း ၆,၅၀၀ ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံမွာေတာ့ ဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၉၈၇ ဦးနဲ႔ ေသဆံုးသူ ၂၅ ဦး ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------------

(Unicode)

ကမ္ဘာတလွှား COVID-19 ကူးစက်ခံရသူ ၇ သိန်းနီးပါး ရောက်ရှိ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်မှုဟာ တကမ္ဘာလုံးကို ပျံ့နှံ့လာနေရာမှာ ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက် ဆက်လက်ပြီး တရွေ့ရွေ့နဲ့ တိုးလာနေတာပါ။ တနင်္ဂနွေနေ့ အစောပိုင်းအရ တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၆၈၀,၀၀၀ ကျော် ရှိနေပါပြီ။

လက်ရှိ ရောဂါကူးစက်မှု ဗဟိုချက်မဖြစ်လာတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ခံရသူပေါင်း ၁၂၄,၆၈၆ ရှိနေပြီး ဥရောပနိုင်ငံတွေထဲမှာ အဆိုးဆုံးဖြစ်နေတဲ့ အီတလီမှာတော့ ကူးစက်ခံရသူပေါင်း ၉ ၂,၄၇၂ ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းအရ တနင်္ဂနွေနေ့က တကမ္ဘာလုံးမှာ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၁,၀၀၀ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေက တနိုင်ငံချင်းစီမှာ တနေ့တည်း လူပေါင်း ၂,၀၀၀ ကျော်မက သေဆုံးခဲ့တဲ့ စာရင်းတွေကို ထည့်သွင်းရေတွက်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာမှာ တတိယမြောက် အဆိုးဆုံးနိုင်ငံဖြစ်နေတဲ့ အီတလီမှာ COVID-19 ရောဂါကြောင့် လူပေါင်း ၁၀,၀၀၀ ကျော်မက သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက် ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကို လပေါင်းများစွာ လုံးဝပိတ်ဆို့ထားခဲ့ပြီးနောက် အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ စနေနေ့ကစပြီး တဖြည်းဖြည်းနဲ့ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဟူဘေပြည်နယ်မှာ ရှိနေတဲ့ ဝူဟန်မြို့ကို လူတွေ ထောင်နဲ့ချီ စတင်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Boris Johnson ကိုယ်တိုင် COVID-19 ကူးစက်ခံထားရတဲ့ ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၇,၃၁၅ ရှိနေပြီး သေဆုံးသူပေါင်း ၁,၀၁၉ ဦးလောက်ရှိနေပြီဖြစ်ကြောင်း Johns Hopkins တက္ကသိုလ် သုတေသနဌာနက ဆိုပါတယ်။

စပိန်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူပေါင်း ၈၃၈ ဦး ရှိခဲ့တဲ့အတွက် နိုင်ငံတွင်း သေဆုံးသူစုစုပေါင်း ၆,၅၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၉၈၇ ဦးနဲ့ သေဆုံးသူ ၂၅ ဦး ရှိနေပါတယ်။

XS
SM
MD
LG