(Zawgyi/Unicode)
ၿဗိတိန္က်န္းမာေရး၀န္ႀကီး Matt Hancock ဟာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း ေသာၾကာေန႔မွာပဲ အတည္ျပဳလုိက္ၿပီး၊ ေရာဂါလကၡဏာ မျပင္းထန္တဲ့အတြက္ အိမ္မွာပဲ သီးသန္႔ခဲြ ေနထုိင္ေနေၾကာင္း ေျပာပါတယ္။ က်န္းမာေရး၀န္ႀကီးရဲ႕ ေၾကညာခ်က္ ထြက္မလာခင္ ၂ နာရီေလာက္ အလုိမွာပဲ ၀န္ႀကီးခ်ဳပ္ Boris Johnson ကလည္း ဗုိင္းရပ္စ္ ကူးစက္ခံေနရေၾကာင္း အတည္ျပဳ ခဲ့တာပါ။
“ကုိယ္ပူေခ်ာင္းဆုိးၿပီး သိပ္မျပင္းထန္တဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ လကၡဏာေတြ႔ခဲ့ရၿပီးေနာက္ က်န္းမာေရး အရာရွိရဲ႕ အႀကံျပဳခ်က္အရ ေဆးစစ္ရာမွာ ေရာဂါပုိးရွိေနတာကုိ အတည္ျပဳႏုိင္ခဲ့ေၾကာင္း” ၀န္ႀကီးခ်ဳပ္ Johnson ဗြီဒီယုိနဲ႔ သတင္းစကားပါးခဲ့တာပါ။
အေနာက္ႏုိင္ငံ ေခါင္းေဆာင္ေတြထဲမွာေတာ့ ၿဗိတိန္၀န္ႀကီးခ်ဳပ္ဟာ ပထမဆုံး ေရာဂါပုိးရွိေၾကာင္း အတည္ျပဳခဲ့သူ တဦးလည္း ျဖစ္ပါတယ္။ ကေနဒါ၀န္ႀကီးခ်ဳပ္ Justin Trudeau ကေတာ့ ဇနီးျဖစ္သူ ဗုိင္းရပ္စ္ကူးစက္ခံရေၾကာင္း အတည္ျပဳခဲ့ၿပီးေနာက္ ဒီလဆန္းမွာပဲ သီးသန္႔ခဲြေနခဲ့တာပါ။
အေမရိကန္သမၼတ Donald Trump နဲ႔ ဂ်ာမန္၀န္ႀကီးခ်ဳပ္ Angela Merkel တုိ႔ဟာလည္း ေဆးစစ္ခံခဲ့ၾကေပမဲ့ ဗုိင္းရပ္စ္ပုိးကင္းရွင္းေၾကာင္း အတည္ျပဳထားပါတယ္။ ဂ်ာမန္၀န္ႀကီးခ်ဳပ္ကေတာ့ သူနဲ႔အနီးကပ္ ေနထုိင္ခဲ့သူ ဆရာ၀န္တေယာက္မွာ ဗုိင္းရပ္စ္ပုိးရွိေၾကာင္း အတည္ျပဳခဲ့တဲ့အတြက္ ဒီသီတင္းပတ္ထဲမွာပဲ အိမ္မွာသီးသန္႔ခဲြ ေနထုိင္ေနရပါတယ္။
ၿဗိတိန္က်န္းမာေရး၀န္ႀကီးကေတာ့ မၾကာေသးခင္ ရက္ေတြအတြင္း အိမ္ကေန အလုပ္လုပ္ေနေပမဲ့ သိပ္မျပင္းထန္တဲ့ ေရာဂါလကၡဏာေတြ႔ရွိခဲ့ရာက ဆရာ၀န္ေတြ အႀကံေပးခ်က္အရ စစ္ေဆးရာမွာ ကူးစက္မႈေတြ႔ရွိခဲ့တာ ျဖစ္ေၾကာင္း Twitter လူမႈကြန္ရက္ကေန ေျပာဆုိခဲ့တာပါ။ ေရွ႕သီတင္းပတ္ ၾကာသပေတးေန႔အထိ အိမ္မွာပဲ သီးသန္႔ခဲြ ေနထုိင္သြားမယ္လုိ႔လည္း ေျပာပါတယ္။
.....................
ဗြိတိသျှကျန်းမာရေးဝန်ကြီး COVID19 ကူးစက်ခံရ
(Unicode)
ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သောကြာနေ့မှာပဲ အတည်ပြုလိုက်ပြီး၊ ရောဂါလက္ခဏာ မပြင်းထန်တဲ့အတွက် အိမ်မှာပဲ သီးသန့်ခွဲ နေထိုင်နေကြောင်း ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးရဲ့ ကြေညာချက် ထွက်မလာခင် ၂ နာရီလောက် အလိုမှာပဲ ဝန်ကြီးချုပ် Boris Johnson ကလည်း ဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း အတည်ပြု ခဲ့တာပါ။
“ကိုယ်ပူချောင်းဆိုးပြီး သိပ်မပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေ့ခဲ့ရပြီးနောက် ကျန်းမာရေး အရာရှိရဲ့ အကြံပြုချက်အရ ဆေးစစ်ရာမှာ ရောဂါပိုးရှိနေတာကို အတည်ပြုနိုင်ခဲ့ကြောင်း” ဝန်ကြီးချုပ် Johnson ဗွီဒီယိုနဲ့ သတင်းစကားပါးခဲ့တာပါ။
အနောက်နိုင်ငံ ခေါင်းဆောင်တွေထဲမှာတော့ ဗြိတိန်ဝန်ကြီးချုပ်ဟာ ပထမဆုံး ရောဂါပိုးရှိကြောင်း အတည်ပြုခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကတော့ ဇနီးဖြစ်သူ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီးနောက် ဒီလဆန်းမှာပဲ သီးသန့်ခွဲနေခဲ့တာပါ။
အမေရိကန်သမ္မတ Donald Trump နဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel တို့ဟာလည်း ဆေးစစ်ခံခဲ့ကြပေမဲ့ ဗိုင်းရပ်စ်ပိုးကင်းရှင်းကြောင်း အတည်ပြုထားပါတယ်။ ဂျာမန်ဝန်ကြီးချုပ်ကတော့ သူနဲ့အနီးကပ် နေထိုင်ခဲ့သူ ဆရာဝန်တယောက်မှာ ဗိုင်းရပ်စ်ပိုးရှိကြောင်း အတည်ပြုခဲ့တဲ့အတွက် ဒီသီတင်းပတ်ထဲမှာပဲ အိမ်မှာသီးသန့်ခွဲ နေထိုင်နေရပါတယ်။
ဗြိတိန်ကျန်းမာရေးဝန်ကြီးကတော့ မကြာသေးခင် ရက်တွေအတွင်း အိမ်ကနေ အလုပ်လုပ်နေပေမဲ့ သိပ်မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ့ရှိခဲ့ရာက ဆရာဝန်တွေ အကြံပေးချက်အရ စစ်ဆေးရာမှာ ကူးစက်မှုတွေ့ရှိခဲ့တာ ဖြစ်ကြောင်း Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့တာပါ။ ရှေ့သီတင်းပတ် ကြာသပတေးနေ့အထိ အိမ်မှာပဲ သီးသန့်ခွဲ နေထိုင်သွားမယ်လို့လည်း ပြောပါတယ်။