သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus အေျခအေနအေၾကာင္း ၿဗိိတိန္ရွိ ျမန္မာဆရာ၀န္တဦးရဲ႕အျမင္


ျဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာ ေတြ႔ရတဲ့ ႏွာေခါင္းစည္းတပ္ထားတဲ့ အမ်ိဳးသား တဦး (သတင္းဓာတ္ပံု - ဇန္န၀ါရီ ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

ၿဗိတိန္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈအေျခအေန ျမန္ဆန္လာတဲ့အတြက္ ေဆးရံုေတြမွာ လူနာေတြကို လံုလံုေလာက္ေလာက္ ေစာင့္ေရွာက္ဖို႔ အေျခအေန ထိခိုက္လာမယ့္အေရး စိုးရိမ္ရေၾကာင္း ျမန္မာႏြယ္ဖြား ဆီးခ်ဳိအထူးကုဆရာ၀န္ ေဒါက္တာသက္ကိုကိုက ေျပာပါတယ္။

ၿဗိတိန္ အစိုးရက ကိုရိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး ႏိုင္ငံသားေတြ လိုက္နာရမယ့္ တင္းၾကပ္တဲ့ အစီအစဥ္ အေသးစိတ္ကို ၀န္ႀကီးခ်ဳပ္ Boris Johnson ကိုယ္တိုင္ေၾကညာထားပါတယ္။ ကမၻာ့ကပ္ေရာဂါအျဖစ္က်ေရာက္လာတဲ့ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ တိုက္ဖ်က္ေရး ၿဗိတိန္ရဲ႕ ႀကိဳးပမ္းမႈကို Leeds ၿမိဳ႕က အထူးကုဆရာ၀န္ ေဒါက္တာသက္ကိုကို နဲ႔ မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ျဗိတိန္ႏို္င္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအေျခအေနကို သူတို႔ တိုက္ဖ်က္ေရး ခုခံကာကြယ္ဖို႔ ႀကိဳးပမ္းေနတဲ့ အေနအထား ေနာက္ဆံုးအေျခအေနကို သိရဖို႔ပဲ ျဖစ္ပါတယ္။

အင္ၾကင္းႏိုင္။ ။ ဟုတ္ကဲ့ ဆရာေရ။ အခု ျဗိတိန္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအေျခအေနဟာ တျဖည္းျဖည္းနဲ႔လည္း ျမန္လာၿပီေပါ့ေနာ္။ အဲ့ဒီေတာ့ ေနာက္ဆံုးအေျခအေနနဲ႔ ဒီကူးစက္မႈကို ကာကြယ္ေနတဲ့ အေျခအေနကို ေျပာျပပါအံုးရွင္။

ေဒါက္တာသက္ကိုကို။ ။အစိုးရ တရား၀င္ထုတ္ျပန္တဲ့ cases က စုစုေပါင္း ၁,၅၄၃ ေယာက္ေပါ့ေနာ္။ သူတို႔ ေရာဂါပိုးေတြ႔ရွိပါတယ္။ အဲ့ဒီအထဲမွာ ၅၅ ေယာက္ကေတာ့ ဆံုးသြားပါတယ္ေပါ့ေနာ္။ ၂၄ နာရီအတြင္းမွာ အသစ္ျဖစ္တဲ့ case က ၁၇၁ ေယာက္ အကူးခံရပါတယ္။ အဲ့ဒီေတာ့ ၀န္ၾကီးခ်ဳပ္ Boris Johnson ကေနၿပီးေတာ့ က်ေနာ္တို႔ကို ဒီေန႔ပဲ မိန္႔ခြန္းေျပာသြားပါတယ္။ ၿပီးတဲ့ အခါမွာ သူ႔ေဘးမွာလည္း scientists ေတြလည္း ပါပါတယ္။ ၿပီးလို႔ရွိရင္ ဒီ သူ႔ရဲ႕ advisors ေတြပါ ပါပါတယ္။ သူတို႔က ဘာေျပာလဲ ဆိုလို႔ရွိရင္ community ထဲမွာေပါ့ေနာ္.... ဒီ လူေနအိမ္ေျခရပ္ကြက္ေတြထဲမွာရွိေသာ ျပည္သူလူထုထဲမွာ ေခ်ာင္းဆိုးတာ ဆက္တိုက္ ေခ်ာင္းဆိုးတာ၊ ဒါမွမဟုတ္ရင္ အဖ်ားတတ္တာ ရွိလို႔႔ရွိရင္တဲ့ မိမိကိုယ္တိုင္ ဒါမွမဟုတ္ရင္ မိမိရဲ႕ မိသားစု၀င္ထဲမွာ တေယာက္ေယာက္မ်ား ျဖစ္ခဲ့လို႔ရွိရင္ ၁၄ ရက္ အျပင္မထြက္ပါနဲ႔တဲ့။ သူက ၿပီးရင္ ဘာေျပာလဲဆိုလို႔ရွိရင္ ျဖစ္ႏိုင္ရင္ေပါ့ေနာ္... food ေတြ ဘာေတြလည္း online က မွာစားလို႔ရပါတယ္တဲ့။ ၿပီးလို႔ရွိရင္ ကိုယ့္ရဲ႕ ရပ္ကြက္ထဲမွာ ရွိတဲ့ လူေတြကေနၿပီးေတာ့ က်န္းမာတဲ့လူေတြကေနၿပီးေတာ့ ကိုယ့္ကို ပို႔ေပးလို႔ရပါတယ္တဲ့။ family member ျဖစ္ျဖစ္ ဒါမွမဟုတ္ရင္ သူငယ္ခ်င္းေတြကေန လာပို႔လို႔ရပါတယ္တဲ့ အဲ့ဒီလို ေျပာတယ္။ ၿပီးေတာ့ ေတာ္ရံုတန္ရံု ဒီလိုမ်ိဳး ဖ်ားတာ၊ ေခ်ာင္းဆိုးရံုနဲ႔ လူက ေကာင္းေကာင္းမြန္မြန္ အိမ္ထဲမွာ ေနထိုင္ႏိုင္တယ္ဆိုလို႔ရွိရင္ emergency ကို ဖုန္းမဆက္ၾကပါနဲ႔တဲ့။ online မွာ ၾကည့္ၿပီးေတာ့ က်န္းမာေရး ၀န္ႀကီးဌာနက ဘာညႊန္ၾကားခ်က္ထုတ္ျပန္လဲဆိုတာကို ေန႔စဥ္နဲ႔ အမွ်ၾကည့္ပါတဲ့၊ နာရီနဲ႔ အမွ်ၾကည့္ပါတဲ့။ ဘာလို႔လည္းဆိုေတာ့ ေန႔စဥ္နဲ႔ အမွ် နာရီနဲ႔ အမွ် ေျပာင္းလဲေနလို႔ပါတဲ့။

ၿပီးတဲ့ အခါမွာ သူက ဘာေျပာလဲဆိုရင္ တေယာက္နဲ႔ တေယာက္ လူအခ်င္းခ်င္း ထိေတြ႔ ဆက္ဆံမႈ အနည္းဆံုး ျဖစ္ေအာင္ေနရမယ္။ ျဖစ္ႏိုင္ရင္ အိမ္မွာ ေနၿပီးေတာ့ work from home ေပါ့ ... အိမ္ကေန အလုပ္လုပ္ခ်င္ရင္ လုပ္ႏုိင္ပါတယ္တဲ့။ ၿပီးလို႔ရွိရင္ emergency က လဲြလို႔ ေဆးရံုကို မလာၾကပါနဲ႔တဲ့။ အခု ရုပ္ရွင္ရံုေတြ၊ ႏိုက္ကလပ္ေတြ၊ ဘားေတြ ၿပီးလို႔ရွိရင္ ျပဇာတ္ကတဲ့ဟာေတြေပါ့ေနာ္၊ ၿပီးလို႔ရွိရင္ confrence ေတြ၊ ၿပီးလို႔ရွိရင္ ဘီယာေတြေသာက္တဲ့ေနရာေတြ အကုန္လံုးကို ပိတ္ခိုင္းပါတယ္။ ၿပီးလို႔ရွိရင္ ခရီးသြားရင္ မလိုအပ္ဘဲနဲ႔ ခရီးသြားတာေတြကို ေရွာင္ၾကဥ္ပါတဲ့။ ၿပီးလို႔ရွိရင္ လူစုလူေ၀း family gathering၊ သူငယ္ခ်င္း gathering ေတြ အားလံုးလည္း မလုပ္ပါနဲ႔လို႔ ေျပာပါတယ္။ သက္ႀကီးရြယ္အိုေတြ အသက္ ၇၀ အထက္နဲ႔ ၿပီးရင္ေပါ့ေနာ္၊ ၿပီးရင္ေပါ့ေနာ္ ေရာဂါေတြ ရွိတဲ့လူေတြ၊ ကုိယ္၀န္ေဆာင္ေတြေပါ့ေနာ္ တတ္ႏိုင္ရင္ အျပင္မထြက္ဖို႔ ပိုမွာပါတယ္။ သူကအဓိက ေျပာသြားတာက ေရာဂါေတြ အမ်ားႀကီးရွိတဲ့သူ ဥပမာ ေက်ာက္ကပ္ေရာဂါ၊ နာတာရွည္ေရာဂါေတြေပါ့ေနာ္၊ ဆီးခ်ိဳေရာဂါတို႔၊ ေက်ာက္ကပ္ေရာဂါတို႔ အဲ့ဒီလိုမ်ိဳး လူမမာေတြဆိုလို႔ရွိရင္ ၁၂ ပတ္ေတာင္ အိမ္အျပင္ကို မထြက္ခိုင္းပါဘူးလို႔ အဲ့ဒီလိုေျပာသြားပါတယ္ ခင္ဗ်။

အင္းၾကင္းႏိုင္။ ။ အခု ဒီ ျဗိတိန္ႏုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္တဲ့ ဇစ္ျမစ္အေၾကာင္းရင္း ဘာေၾကာင့္ ျဗိတိန္ႏိုင္ငံကို ကူးစက္လာလည္းဆိုတဲ့ အေၾကာင္းရင္းေရာ သိရၿပီလားရွင့္။

ေဒါက္တာသက္ကိုကို။ ။ အခု အစိုးရကေတာ့ တရား၀င္ဘာမွ မထုတ္ျပန္ေသးဘူး။ ဒါမဲ့ က်ေနာ္တို႔ရဲ experience နဲ႔ တေယာက္နဲ႔ တေယာက္ေပါ့ေနာ္... ဆရာ၀န္ အခ်င္းခ်င္းေျပာၾကတာ ေဆးရံုအခ်င္းခ်င္းေျပာၾကတာ ဘာေတြ႔ရွိရလဲဆိုေတာ့ က်ေနာ္တို႔က အဓိက ကူးလာတာက ဥေရာပတိုက္က ကူးလာတာပါ။ အီတလီတို႔၊ ျပင္သစ္တို႔၊ စပိန္တို႔ဘက္ကေန က်ေနာ္တို႔ကို ပါလာတာပါ။

အင္းၾကင္းႏို္င္။ ။ အဲ့ဒီေတာ့ ဆရာတို႔ အခုေဆးရံုအေျခအေနေရာ။ ခု ဗိုင္းရပ္စ္ကူးစက္ခံရတဲ့ လူနာေတြ ေရာက္ေနလား။ ဆရာတို႔ ေဆးရံု အေျခအေနဘယ္လိုရွိလဲ။

ေဒါက္တာသက္ကိုကို။ ။ က်ေနာ္တို႔ကေတာ့ အခုကေတာ့ suspected case ေတြကို သက္သက္ ward တခုနဲ႔ သက္သက္ထားပါတယ္။ ၿပီးသြားရင္ က်ေနာ္က infectious disease specialist လည္း မဟုတ္ပါဘူး။ က်ေနာ္က ရင္ေခါင္း specialist လည္းမဟုတ္ဘူး။ က်ေနာ့္ရဲ႕ အဓိကက ဆီးခ်ိဳ အထူးကုဆရာ၀န္ပါ။ ဒါေပမဲ့ က်ေနာ္တို႔က general physician မွာပါတဲ့အတြက္ internal madicine မွာလည္းပါတဲ့အတြက္ အဲ့ဒါေတြကို ၾကည့္ရပါတယ္။ က်ေနာ္တို႔ ဘယ္လိုလုပ္ထားလဲဆိုလို႔ရွိရင္ အခန္းေတြမွာ negative pressure လို႔ေခၚတယ္ ေလေတြကို စုပ္ယူတဲ့စနစ္နဲ႔ ထားတဲ့ အခန္းေတြကို suspected case ေတြ အတြက္ေပါ့ေနာ္၊ သံသယရွိတဲ့ case ေတြ အတြက္ သက္သက္ထားေပးပါတယ္။ ထားေပးၿပီးေတာ့မွ သူတို႔ကို အရင္ဆံုး test လုပ္ပါတယ္။ test က within 24 hours မွာ ျပန္လာပါတယ္။ လာလို႔ရွိရင္ positive ျဖစ္ရင္ positive အေလ်ာက္သြားပါတယ္။ ၿပီးရင္ လူ ၂၀ မွာ တေယာက္က intensive care သြားရမယ္လို႔ က်ေနာ္တို႔ ခန္႔မွန္းထားပါတယ္။ uk မွာ united kingdom တႏိုင္ငံလံုးမွာ intensive care မွာ ventilator အလံုး ၅,၀၀၀ ရွိပါတယ္။ အဲ့ဒီ အလံုး ၅,၀၀၀ ကုန္ရင္ ဘာျဖစ္မလဲဆိုတာ လူေတြက ေတာ္ေတာ္ကို စိုးရိမ္ၿပီးေတာ့ က်ေနာ္တို႔ ဆရာ၀န္အသိုင္းအ၀ိုင္းကလည္း စိုးရိမ္ေနၾကပါတယ္။

ျဗိတိန္ႏိုင္ငံက ဆီးခ်ိဳ အထူးကုဆရာ၀န္ ေဒါက္တာသက္ကိုကို ကို skype ကေန ဆက္သြယ္ေမးျမန္းခဲ့တာပါရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Coronavirus အခြေအနေအကြောင်း ဗြိတိန်ရှိ မြန်မာဆရာဝန်တဦးရဲ့အမြင်

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ မြန်ဆန်လာတဲ့အတွက် ဆေးရုံတွေမှာ လူနာတွေကို လုံလုံလောက်လောက် စောင့်ရှောက်ဖို့ အခြေအနေ ထိခိုက်လာမယ့်အရေး စိုးရိမ်ရကြောင်း မြန်မာနွယ်ဖွား ဆီးချိုအထူးကုဆရာဝန် ဒေါက်တာသက်ကိုကိုက ပြောပါတယ်။

ဗြိတိန် အစိုးရက ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး နိုင်ငံသားတွေ လိုက်နာရမယ့် တင်းကြပ်တဲ့ အစီအစဉ် အသေးစိတ်ကို ဝန်ကြီးချုပ် Boris Johnson ကိုယ်တိုင်ကြေညာထားပါတယ်။ ကမ္ဘာ့ကပ်ရောဂါအဖြစ်ကျရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေး ဗြိတိန်ရဲ့ ကြိုးပမ်းမှုကို Leeds မြို့က အထူးကုဆရာဝန် ဒေါက်တာသက်ကိုကို နဲ့ မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေကို သူတို့ တိုက်ဖျက်ရေး ခုခံကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ အနေအထား နောက်ဆုံးအခြေအနေကို သိရဖို့ပဲ ဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ ဆရာရေ။ အခု ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေဟာ တဖြည်းဖြည်းနဲ့လည်း မြန်လာပြီပေါ့နော်။ အဲ့ဒီတော့ နောက်ဆုံးအခြေအနေနဲ့ ဒီကူးစက်မှုကို ကာကွယ်နေတဲ့ အခြေအနေကို ပြောပြပါအုံးရှင်။

ဒေါက်တာသက်ကိုကို။ ။အစိုးရ တရားဝင်ထုတ်ပြန်တဲ့ cases က စုစုပေါင်း ၁,၅၄၃ ယောက်ပေါ့နော်။ သူတို့ ရောဂါပိုးတွေ့ရှိပါတယ်။ အဲ့ဒီအထဲမှာ ၅၅ ယောက်ကတော့ ဆုံးသွားပါတယ်ပေါ့နော်။ ၂၄ နာရီအတွင်းမှာ အသစ်ဖြစ်တဲ့ case က ၁၇၁ ယောက် အကူးခံရပါတယ်။ အဲ့ဒီတော့ ဝန်ကြီးချုပ် Boris Johnson ကနေပြီးတော့ ကျနော်တို့ကို ဒီနေ့ပဲ မိန့်ခွန်းပြောသွားပါတယ်။ ပြီးတဲ့ အခါမှာ သူ့ဘေးမှာလည်း scientists တွေလည်း ပါပါတယ်။ ပြီးလို့ရှိရင် ဒီ သူ့ရဲ့ advisors တွေပါ ပါပါတယ်။ သူတို့က ဘာပြောလဲ ဆိုလို့ရှိရင် community ထဲမှာပေါ့နော်.... ဒီ လူနေအိမ်ခြေရပ်ကွက်တွေထဲမှာရှိသော ပြည်သူလူထုထဲမှာ ချောင်းဆိုးတာ ဆက်တိုက် ချောင်းဆိုးတာ၊ ဒါမှမဟုတ်ရင် အဖျားတတ်တာ ရှိလို့ရှိရင်တဲ့ မိမိကိုယ်တိုင် ဒါမှမဟုတ်ရင် မိမိရဲ့ မိသားစုဝင်ထဲမှာ တယောက်ယောက်များ ဖြစ်ခဲ့လို့ရှိရင် ၁၄ ရက် အပြင်မထွက်ပါနဲ့တဲ့။ သူက ပြီးရင် ဘာပြောလဲဆိုလို့ရှိရင် ဖြစ်နိုင်ရင်ပေါ့နော်... food တွေ ဘာတွေလည်း online က မှာစားလို့ရပါတယ်တဲ့။ ပြီးလို့ရှိရင် ကိုယ့်ရဲ့ ရပ်ကွက်ထဲမှာ ရှိတဲ့ လူတွေကနေပြီးတော့ ကျန်းမာတဲ့လူတွေကနေပြီးတော့ ကိုယ့်ကို ပို့ပေးလို့ရပါတယ်တဲ့။ family member ဖြစ်ဖြစ် ဒါမှမဟုတ်ရင် သူငယ်ချင်းတွေကနေ လာပို့လို့ရပါတယ်တဲ့ အဲ့ဒီလို ပြောတယ်။ ပြီးတော့ တော်ရုံတန်ရုံ ဒီလိုမျိုး ဖျားတာ၊ ချောင်းဆိုးရုံနဲ့ လူက ကောင်းကောင်းမွန်မွန် အိမ်ထဲမှာ နေထိုင်နိုင်တယ်ဆိုလို့ရှိရင် emergency ကို ဖုန်းမဆက်ကြပါနဲ့တဲ့။ online မှာ ကြည့်ပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာနက ဘာညွှန်ကြားချက်ထုတ်ပြန်လဲဆိုတာကို နေ့စဉ်နဲ့ အမျှကြည့်ပါတဲ့၊ နာရီနဲ့ အမျှကြည့်ပါတဲ့။ ဘာလို့လည်းဆိုတော့ နေ့စဉ်နဲ့ အမျှ နာရီနဲ့ အမျှ ပြောင်းလဲနေလို့ပါတဲ့။

ပြီးတဲ့ အခါမှာ သူက ဘာပြောလဲဆိုရင် တယောက်နဲ့ တယောက် လူအချင်းချင်း ထိတွေ့ ဆက်ဆံမှု အနည်းဆုံး ဖြစ်အောင်နေရမယ်။ ဖြစ်နိုင်ရင် အိမ်မှာ နေပြီးတော့ work from home ပေါ့ ... အိမ်ကနေ အလုပ်လုပ်ချင်ရင် လုပ်နိုင်ပါတယ်တဲ့။ ပြီးလို့ရှိရင် emergency က လွဲလို့ ဆေးရုံကို မလာကြပါနဲ့တဲ့။ အခု ရုပ်ရှင်ရုံတွေ၊ နိုက်ကလပ်တွေ၊ ဘားတွေ ပြီးလို့ရှိရင် ပြဇာတ်ကတဲ့ဟာတွေပေါ့နော်၊ ပြီးလို့ရှိရင် confrence တွေ၊ ပြီးလို့ရှိရင် ဘီယာတွေသောက်တဲ့နေရာတွေ အကုန်လုံးကို ပိတ်ခိုင်းပါတယ်။ ပြီးလို့ရှိရင် ခရီးသွားရင် မလိုအပ်ဘဲနဲ့ ခရီးသွားတာတွေကို ရှောင်ကြဉ်ပါတဲ့။ ပြီးလို့ရှိရင် လူစုလူဝေး family gathering၊ သူငယ်ချင်း gathering တွေ အားလုံးလည်း မလုပ်ပါနဲ့လို့ ပြောပါတယ်။ သက်ကြီးရွယ်အိုတွေ အသက် ၇၀ အထက်နဲ့ ပြီးရင်ပေါ့နော်၊ ပြီးရင်ပေါ့နော် ရောဂါတွေ ရှိတဲ့လူတွေ၊ ကိုယ်ဝန်ဆောင်တွေပေါ့နော် တတ်နိုင်ရင် အပြင်မထွက်ဖို့ ပိုမှာပါတယ်။ သူကအဓိက ပြောသွားတာက ရောဂါတွေ အများကြီးရှိတဲ့သူ ဥပမာ ကျောက်ကပ်ရောဂါ၊ နာတာရှည်ရောဂါတွေပေါ့နော်၊ ဆီးချိုရောဂါတို့၊ ကျောက်ကပ်ရောဂါတို့ အဲ့ဒီလိုမျိုး လူမမာတွေဆိုလို့ရှိရင် ၁၂ ပတ်တောင် အိမ်အပြင်ကို မထွက်ခိုင်းပါဘူးလို့ အဲ့ဒီလိုပြောသွားပါတယ် ခင်ဗျ။

အင်းကြင်းနိုင်။ ။ အခု ဒီ ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ ဇစ်မြစ်အကြောင်းရင်း ဘာကြောင့် ဗြိတိန်နိုင်ငံကို ကူးစက်လာလည်းဆိုတဲ့ အကြောင်းရင်းရော သိရပြီလားရှင့်။

ဒေါက်တာသက်ကိုကို။ ။ အခု အစိုးရကတော့ တရားဝင်ဘာမှ မထုတ်ပြန်သေးဘူး။ ဒါမဲ့ ကျနော်တို့ရဲ experience နဲ့ တယောက်နဲ့ တယောက်ပေါ့နော်... ဆရာဝန် အချင်းချင်းပြောကြတာ ဆေးရုံအချင်းချင်းပြောကြတာ ဘာတွေ့ရှိရလဲဆိုတော့ ကျနော်တို့က အဓိက ကူးလာတာက ဥရောပတိုက်က ကူးလာတာပါ။ အီတလီတို့၊ ပြင်သစ်တို့၊ စပိန်တို့ဘက်ကနေ ကျနော်တို့ကို ပါလာတာပါ။

အင်းကြင်းနိုင်။ ။ အဲ့ဒီတော့ ဆရာတို့ အခုဆေးရုံအခြေအနေရော။ ခု ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေ ရောက်နေလား။ ဆရာတို့ ဆေးရုံ အခြေအနေဘယ်လိုရှိလဲ။

ဒေါက်တာသက်ကိုကို။ ။ ကျနော်တို့ကတော့ အခုကတော့ suspected case တွေကို သက်သက် ward တခုနဲ့ သက်သက်ထားပါတယ်။ ပြီးသွားရင် ကျနော်က infectious disease specialist လည်း မဟုတ်ပါဘူး။ ကျနော်က ရင်ခေါင်း specialist လည်းမဟုတ်ဘူး။ ကျနော့်ရဲ့ အဓိကက ဆီးချို အထူးကုဆရာဝန်ပါ။ ဒါပေမဲ့ ကျနော်တို့က general physician မှာပါတဲ့အတွက် internal madicine မှာလည်းပါတဲ့အတွက် အဲ့ဒါတွေကို ကြည့်ရပါတယ်။ ကျနော်တို့ ဘယ်လိုလုပ်ထားလဲဆိုလို့ရှိရင် အခန်းတွေမှာ negative pressure လို့ခေါ်တယ် လေတွေကို စုပ်ယူတဲ့စနစ်နဲ့ ထားတဲ့ အခန်းတွေကို suspected case တွေ အတွက်ပေါ့နော်၊ သံသယရှိတဲ့ case တွေ အတွက် သက်သက်ထားပေးပါတယ်။ ထားပေးပြီးတော့မှ သူတို့ကို အရင်ဆုံး test လုပ်ပါတယ်။ test က within 24 hours မှာ ပြန်လာပါတယ်။ လာလို့ရှိရင် positive ဖြစ်ရင် positive အလျောက်သွားပါတယ်။ ပြီးရင် လူ ၂၀ မှာ တယောက်က intensive care သွားရမယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။ uk မှာ united kingdom တနိုင်ငံလုံးမှာ intensive care မှာ ventilator အလုံး ၅,၀၀၀ ရှိပါတယ်။ အဲ့ဒီ အလုံး ၅,၀၀၀ ကုန်ရင် ဘာဖြစ်မလဲဆိုတာ လူတွေက တော်တော်ကို စိုးရိမ်ပြီးတော့ ကျနော်တို့ ဆရာဝန်အသိုင်းအဝိုင်းကလည်း စိုးရိမ်နေကြပါတယ်။

ဗြိတိန်နိုင်ငံက ဆီးချို အထူးကုဆရာဝန် ဒေါက်တာသက်ကိုကို ကို skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါရှင်။

XS
SM
MD
LG