သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ ရွမ္း ႏုိင္ငံေရးေဆြးေႏြးပြဲ ရက္အကန္႔အသတ္မရွိ ေရႊ႕ဆိုုင္း


ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ကိုယ္စားလွယ္အဖဲြ႕နဲ႔ အစိုးရကိုယ္စားလွယ္အဖဲြ႕တို႔ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွ NCA လမ္းေၾကာင္းအတိုင္း ဆက္လက္ေဆာင္ရြက္ႏိုင္ေရးအတြက္ အလြတ္သေဘာ ေဆြးေႏြးပဲြကိုက်င္းပခဲ့ခ်ိန္။ (မွတ္တမ္းဓာတ္ပံု - U Nay Min)

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ (Covid-19) ေၾကာင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS က ဒီလကုန္မွာ က်င္းပဖို႔ ရည္မွန္းထားတဲ့ ရွမ္းအမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပဲြေတြကို ရက္အကန္႔အသတ္မရိွ ေရႊ႕ဆိုင္းလုိက္ပါတယ္။ ဒီလို ေရႊ႕ဆိုင္းလိုက္ေပမဲ့ ဧၿပီလကုန္မွာ က်င္းပဖြယ္ရိွတဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု အစည္းအေ၀းကိုေတာ့ တက္ေရာက္ဖို႔ ရိွေနတာပါ။

ရွမ္းအမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပဲြေရႊ႕ဆုိင္းေၾကာင္းနဲ႔ ဘယ္ရက္မွာ ျပန္လည္က်င္းပမယ္ဆုိတာ မဆံုးျဖတ္ရေသးေၾကာင္းကို RCSS ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဒုဗိုလ္မႈးၾကီး စိုင္းအုမ္ေခးက အခုလုိေျပာပါတယ္။

“လက္ရိွ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါေၾကာင့္ အဲဒါကို ခဏ ေရႊ႕ထားတာေပါ့ေနာ္။ ရက္ရယ္၊ လရယ္ အတိအက်ေတာ့ မသိေသးဘူးေနာ္။ မဆံုးျဖတ္ရေသးဘူးေနာ္။”

အစိုးရ၊ တပ္မေတာ္နဲ႔ NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထုိးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြဟာ တႏွစ္ေက်ာ္ၾကာ ရပ္ဆိုင္းထားရတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစု ပင္လံု စတုတၳအစည္းအေ၀းက ဧၿပီလကုန္ပိုင္းမွာ က်င္းပဖုိ႔ သေဘာတူထားတာျဖစ္ပါတယ္။

RCSS အေနနဲ႔ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပဲြ မက်င္းပျဖစ္ရင္လည္း ၂၁ ရာစုပင္လံုကို ပါ၀င္တက္ေရာက္ဖို႔ ရည္ရြယ္ထားေၾကာင္း ဒုဗုိလ္မႈးၾကီး စိုင္းအုမ္ေခးက ဆက္ေျပာပါတယ္။

“ေတြ႔ဆံုေဆြးေႏြးပဲြက ျဖစ္ေအာင္ေတာ့ လုပ္မယ္ေလ။ ၿပီးေတာ့ ၂၁ ရာစုပင္လံုလည္း တက္မွာပါ။ ဘယ္လုိမွ သြားၿပီးေတာ့ ဂယက္ ရိုက္တာ မရိွပါဘူးေနာ။”

ကမၻာ့က်န္းမာေရးအဖဲြ႔ WHO က Covid-19 ကို ကမၻာ့ကပ္ေရာဂါအျဖစ္သတ္မွတ္ေၾကညာခဲ့တဲ့ေနာက္ ျမန္မာႏိုင္ငံအစိုးရကလည္း လူစုလူေ၀းမလုပ္ဖုိ႔ ထုတ္ျပန္ခဲ့သလို ဘုရားပဲြ၊ ရုပ္ရွင္ရံုနဲ႔ မူၾကိဳေက်ာင္း စတာေတြ ဧၿပီလကုန္အထိ ယာယီပိတ္သိမ္းဖုိ႔ ညႊန္ၾကားထားတာျဖစ္ပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစု ပင္လံု စတုတၳအစည္းအေ၀းက်င္းပေရးနဲ႔ပတ္သက္လို႔ေတာ့ အခုခ်ိန္အထိ ရက္အေျပာင္းအလဲ မရိွေသးဘူးလုိ႔လည္း ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ PNLO နာယက ဗိုလ္မႈးၾကီး ခြန္ဥကၠာက ေျပာပါတယ္။

“သၾကၤန္အၿပီး လကုန္ေပါ့။ ဧၿပီလကုန္ကို မွန္းထားပါတယ္။ ဒါေပမဲ့ လြန္ေရာ ကြ်ံေရာက ေမလဆန္းေပါ့ဗ်ာ။ ဧၿပီလကုန္ခါနီးေလာက္ဆိုရင္ေတာ့ ဒီ ဗုိင္းရပ္စ္ရဲ့အေျခအေနကိုေတာ့ တီးမိေခါက္မိၿပီလုိ႔ ယူဆရတာေပါ့ဗ်ာ။ အဲဒါ ျပင္းထန္လာတယ္ဆုိရင္ေတာ့ က်န္းမာေရးကိစၥကို ဦးစားျပန္ေပးရမွာေပါ့ဗ်ာ။ အခုထိေတာ့ ဘာမွ လူၾကီးေတြ ဆံုးျဖတ္ထားတာမရိွေသးဘူးခင္ဗ်။ ေစာင့္ၾကည့္တဲ့အေျခအေနမွာပဲ ျဖစ္ေနတယ္။”

လက္ရိွအေျခအေနမွာေတာ့ ၿငိမ္းခ်မ္းေရးညီလာခံျဖစ္ေျမာက္ေရးအတြက္ လူနည္းနည္းနဲ႔ က်င္းပႏိုင္တဲ့ ေတြ႔ဆုံေဆြးေႏြးပဲြေတြ ဆက္လက္က်င္းပေနၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေနနဲ႔ ရပ္ဆုိင္းတာမရိွေၾကာင္း ေျပာပါတယ္။

အစိုးရနဲ႔ ့ ကခ်င္၊ တအန္း(ပေလာင္)၊ ကိုးကန္႔နဲ႔ ရခိုင္(AA) တပ္ဖဲြ႔ ပါ၀င္တဲ့ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြ အၾကားမွာေတာ့ ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဆိုေရးအတြက္ ေဖေဖာ္၀ါရီလအတြင္း တရုတ္ႏိုင္ငံ ကူမင္းၿမိဳ႕မွာ ေဆြးေႏြးဖို႔ ရိွခဲ့ေပမဲ့ တရုတ္ႏိုင္ငံ ၀ူဟန္ၿမိဳ႕မွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူအမ်ားအျပား နာမက်န္းျဖစ္ ေသဆံုး တာေတြျဖစ္ခဲ့တဲ့ ေတြ႔ဆံုေဆြးေႏြးပဲြေတြကို ရပ္ဆုိင္းထားခဲ့ရပါတယ္။ ေလာေလာဆယ္မွာလည္း ေတြ႔ဆံုမယ့္ ေနရာ မညိွႏိႈင္းႏိုင္ေသးတာေၾကာင့္ ေဆြးေႏြးပဲြကို ဆက္လက္ မက်င္းပႏိုင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကြောင့် ရှမ်း နိုင်ငံရေးဆွေးနွေးပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဒီလကုန်မှာ ကျင်းပဖို့ ရည်မှန်းထားတဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီလို ရွှေ့ဆိုင်းလိုက်ပေမဲ့ ဧပြီလကုန်မှာ ကျင်းပဖွယ်ရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ အစည်းအဝေးကိုတော့ တက်ရောက်ဖို့ ရှိနေတာပါ။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရွှေ့ဆိုင်းကြောင်းနဲ့ ဘယ်ရက်မှာ ပြန်လည်ကျင်းပမယ်ဆိုတာ မဆုံးဖြတ်ရသေးကြောင်းကို RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး စိုင်းအုမ်ခေးက အခုလိုပြောပါတယ်။

“လက်ရှိကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အဲဒါကို ခဏ ရွှေ့ထားတာပေါ့နော်။ ရက်ရယ်၊ လရယ် အတိအကျတော့ မသိသေးဘူးနော်။ မဆုံးဖြတ်ရသေးဘူးနော်။”

အစိုးရ၊ တပ်မတော်နဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တနှစ်ကျော်ကြာ ရပ်ဆိုင်းထားရတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးက ဧပြီလကုန်ပိုင်းမှာ ကျင်းပဖို့ သဘောတူထားတာဖြစ်ပါတယ်။

RCSS အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပဖြစ်ရင်လည်း ၂၁ရာစုပင်လုံကို ပါဝင်တက်ရောက်ဖို့ ရည်ရွယ်ထားကြောင်း ဒုဗိုလ်မှုးကြီး စိုင်းအုမ်ခေးက ဆက်ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးပွဲက ဖြစ်အောင်တော့ လုပ်မယ်လေ။ ပြီးတော့ ၂၁ရာစုပင်လုံလည်း တက်မှာပါ။ ဘယ်လိုမှ သွားပြီးတော့ ဂယက် ရိုက်တာ မရှိပါဘူးနော။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က Covid-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ကြေညာခဲ့တဲ့နောက် မြန်မာနိုင်ငံအစိုးရကလည်း လူစုလူဝေးမလုပ်ဖို့ ထုတ်ပြန်ခဲ့သလို ဘုရားပွဲ၊ ရုပ်ရှင်ရုံနဲ့ မူကြိုကျောင်း စတာတွေ ဧပြီလကုန်အထိ ယာယီပိတ်သိမ်းဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေးနဲ့ပတ်သက်လို့တော့ အခုချိန်အထိ ရက်အပြောင်းအလဲ မရှိသေးဘူးလို့လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“သင်္ကြန်အပြီး လကုန်ပေါ့။ ဧပြီလကုန်ကို မှန်းထားပါတယ်။ ဒါပေမဲ့ လွန်ရော ကျွံရောက မေလဆန်းပေါ့ဗျာ။ ဧပြီလကုန်ခါနီးလောက်ဆိုရင်တော့ ဒီ ဗိုင်းရပ်စ်ရဲ့အခြေအနေကိုတော့ တီးမိခေါက်မိပြီလို့ ယူဆရတာပေါ့ဗျာ။ အဲဒါ ပြင်းထန်လာတယ်ဆိုရင်တော့ ကျန်းမာရေးကိစ္စကို ဦးစားပြန်ပေးရမှာပေါ့ဗျာ။ အခုထိတော့ ဘာမှ လူကြီးတွေ ဆုံးဖြတ်ထားတာမရှိသေးဘူးခင်ဗျ။ စောင့်ကြည့်တဲ့အခြေအနေမှာပဲ ဖြစ်နေတယ်။”

လက်ရှိအခြေအနေမှာတော့ ငြိမ်းချမ်းရေးညီလာခံဖြစ်မြောက်ရေးအတွက် လူနည်းနည်းနဲ့ ကျင်းပနိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အနေနဲ့ ရပ်ဆိုင်းတာမရှိကြောင်း ပြောပါတယ်။

အစိုးရနဲ့ ကချင်၊ တအန်း(ပလောင်)၊ ကိုးကန့်နဲ့ ရခိုင်(AA) တပ်ဖွဲ့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အကြားမှာတော့ နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုရေးအတွက် ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးဖို့ ရှိခဲ့ပေမဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများအပြား နာမကျန်းဖြစ် သေဆုံး တာတွေဖြစ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ရပ်ဆိုင်းထားခဲ့ရပါတယ်။ လောလောဆယ်မှာလည်း တွေ့ဆုံမယ့် နေရာ မညှိနှိုင်းနိုင်သေးတာကြောင့် ဆွေးနွေးပွဲကို ဆက်လက် မကျင်းပနိုင်သေးပါဘူး။

XS
SM
MD
LG