(Zawgyi / Unicode)
COVID-19 ကမၻာ့ကပ္ေရာဂါ အႀကီးအက်ယ္ ခံေနရတဲ့ အေမရိကန္ျပည္ေထာင္စုမွာ လာမယ့္ ႏုိ၀င္ဘာလ သမၼတေရြးေကာက္ပဲြ ပါ၀င္ယွဥ္ၿပိဳင္ဖို႔အတြက္ ရန္ပံုေငြေကာက္ခံေရးမွာ အႀကီးအက်ယ္ အခက္အခဲ ေတြ႔ေနရပါတယ္။
လူနာေတြနဲ႔ ျပည့္လွ်ံေနတဲ့ ေဆး႐ုံေတြ၊ ဘာမွမလုပ္ႏိုင္တဲ့ ေငြေၾကးေစ်းကြက္ စီးပြားေရးအေျခအေန၊ လူေပါင္း သံုးသန္းေက်ာ္ ဘာမွမလုပ္ႏိုင္ဘဲ ျဖစ္ေနတဲ့ အေျခအေန စတာေတြေၾကာင့္ မဲဆြယ္စည္း႐ုံးေနၾကတဲ့ သမၼတ Donald Trump နဲ႔ သူ႔ရဲ႕ၿပိဳင္ဘက္ ျဖစ္လာႏိုင္ေခ်ရွိတဲ့ ဒီမိုကရက္ပါတီ သမၼတ ကိုယ္စားလွယ္ေလာင္း Joe Biden တို႔အတြက္ အၾကပ္႐ုိက္ေစပါတယ္။
ေငြေၾကးခ်မ္းသာတဲ့ အလွဴရွင္ေတြဘက္က လွဴဒါန္းခ်င္စိတ္ရွိေနလား၊ ဒါမွမဟုတ္ ေအာက္ေျခက ေထာက္ခံၾကတဲ့ ျပည္သူေတြဘက္ကေရာ သူတို႔တတ္ႏိုင္သေလာက္ ေပးလွဴခ်င္ရဲ႕လားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။
အခုခ်ိန္မွာ သမၼတေရြးေကာက္ပဲြအတြက္ တစံုတေယာက္ကို စည္း႐ုံးေျပာဆိုဖို႔ေတာင္ အလြန္ခက္ခဲေနေၾကာင္း ဒီမိုကရက္ပါတီ သမၼတေလာင္း ျဖစ္ေရး ယွဥ္ၿပိဳင္ခဲ့သူ Amy Klobuchar ရဲ႕ ေရြးေကာက္ပြဲ စည္း႐ုံးေရးအဖြဲ႔အတြက္ ရန္ပံုေငြျမႇင့္တင္ေရး စည္း႐ုံးလႈပ္ရွားေပးခဲ့သူ Greg Goddard က ေျပာပါတယ္။
------------------------------
(Unicode)
COVID-19 ဂယက်ကြောင့် အမေရိကန် သမ္မတရွေးကောက်ပွဲ ဝင်မယ့်သူတွေ အခက်တွေ့
COVID-19 ကမ္ဘာ့ကပ်ရောဂါ အကြီးအကျယ် ခံနေရတဲ့ အမေရိကန်ပြည်ထောင်စုမှာ လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ရန်ပုံငွေကောက်ခံရေးမှာ အကြီးအကျယ် အခက်အခဲ တွေ့နေရပါတယ်။
လူနာတွေနဲ့ ပြည့်လျှံနေတဲ့ ဆေးရုံတွေ၊ ဘာမှမလုပ်နိုင်တဲ့ ငွေကြေးဈေးကွက် စီးပွားရေးအခြေအနေ၊ လူပေါင်း သုံးသန်းကျော် ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေတဲ့ အခြေအနေ စတာတွေကြောင့် မဲဆွယ်စည်းရုံးနေကြတဲ့ သမ္မတ Donald Trump နဲ့ သူ့ရဲ့ပြိုင်ဘက် ဖြစ်လာနိုင်ချေရှိတဲ့ ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း Joe Biden တို့အတွက် အကြပ်ရိုက်စေပါတယ်။
ငွေကြေးချမ်းသာတဲ့ အလှူရှင်တွေဘက်က လှူဒါန်းချင်စိတ်ရှိနေလား၊ ဒါမှမဟုတ် အောက်ခြေက ထောက်ခံကြတဲ့ ပြည်သူတွေဘက်ကရော သူတို့တတ်နိုင်သလောက် ပေးလှူချင်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
အခုချိန်မှာ သမ္မတရွေးကောက်ပွဲအတွက် တစုံတယောက်ကို စည်းရုံးပြောဆိုဖို့တောင် အလွန်ခက်ခဲနေကြောင်း ဒီမိုကရက်ပါတီ သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်ခဲ့သူ Amy Klobuchar ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးအဖွဲ့အတွက် ရန်ပုံငွေမြှင့်တင်ရေး စည်းရုံးလှုပ်ရှားပေးခဲ့သူ Greg Goddard က ပြောပါတယ်။