သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Joe Biden နဲ႔ Bernie Sanders ႐ုပ္သံေပၚမွာ စကားစစ္ထိုးမည္


စကားစစ္ထိုးမည့္ Joe Biden (ဝဲ) ႏွင့္ Bernie Sanders. (မတ္ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ ဒီမိုကရက္ပါတီရဲ႕ သမၼတေလာင္းျဖစ္ေရး ယွဥ္ၿပိဳင္ေနၾကတဲ့ Joe Biden နဲ႔ Bernie Sanders တို႔ အေမရိကန္စံေတာ္ခ်ိန္ ဒီကေန႔ တနဂၤေႏြေန႔ညမွာ ၀ါရွင္တန္ဒီစီမွာ ပထမဆံုးအႀကိမ္ မ်က္ႏွာခ်င္းဆိုင္ စကားစစ္ထိုးၾကမွာ ျဖစ္ပါတယ္။

လက္ရွိမွာ ပါတီညီလာခံ ကိုယ္စားလွယ္မဲ အမ်ားဆံုးရထားတဲ့ ဒုတိယသမၼတေဟာင္း Joe Biden နဲ႔ ဆိုရွယ္ဒီမိုကရက္အျဖစ္ ေၾကညာထားတဲ့ ဗားေမာင့္ အထက္လႊတ္ေတာ္အမတ္ Barnie Sanders တို႔ထဲက ဒီမိုကရက္ပါတီ သမၼတေလာင္းအျဖစ္ အႏုိင္ရသူက လာမယ့္ ႏို၀င္ဘာလမွာ လက္ရွိ ရီပတ္ဘလစ္ကန္သမၼတ Donald Trump နဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

အေမရိကန္စံေတာ္ခ်ိန္ တနဂၤေႏြေန႔ည ၈ နာရီမွာ စမယ့္ ဒီမိုကရက္ပါတီရဲ႕ သမၼေလာင္းျဖစ္ေရး ယွဥ္ၿပိဳင္ေနၾကတဲ့ ကိုယ္စားလွယ္ေလာင္း ၂ ဦးရဲ႕ စကားစစ္ထိုးပြဲမွာေတာ့ တက္ေရာက္သူမရွိဘဲ CNN ႐ုပ္သံက တိုက္႐ုိက္ထုတ္လႊင့္မွာ ျဖစ္ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အေရးေၾကာင့္ အရင္က အရီဇိုးနားျပည္နယ္ Phoenix ၿမိဳ႕မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ဒီမိုကရက္ပါတီ သမၼတ ကိုယ္စားလွယ္ေလာင္းျဖစ္ေရး ယွဥ္ၿပိဳင္ေနၾကသူ ၂ ဦးရဲ႕ စကားစစ္ထိုးပြဲကို ၿမိဳ႕ေတာ္ ၀ါရွင္တန္ဒီစီမွာ ေျပာင္းၿပီး က်င္းပတာ ျဖစ္ပါတယ္။

Joe Biden နဲ႔ Bernie Sanders ႐ုပ္သံေပၚမွာ စကားစစ္ထိုးမည္
please wait

No media source currently available

0:00 0:01:04 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

Joe Biden နဲ့ Bernie Sanders ရုပ်သံပေါ်မှာ စကားစစ်ထိုးမည်

အမေရိကန် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေကြတဲ့ Joe Biden နဲ့ Bernie Sanders တို့ အမေရိကန်စံတော်ချိန် ဒီကနေ့ တနင်္ဂနွေနေ့ညမှာ ဝါရှင်တန်ဒီစီမှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် စကားစစ်ထိုးကြမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ပါတီညီလာခံ ကိုယ်စားလှယ်မဲ အများဆုံးရထားတဲ့ ဒုတိယသမ္မတဟောင်း Joe Biden နဲ့ ဆိုရှယ်ဒီမိုကရက်အဖြစ် ကြေညာထားတဲ့ ဗားမောင့် အထက်လွှတ်တော်အမတ် Barnie Sanders တို့ထဲက ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် အနိုင်ရသူက လာမယ့် နိုဝင်ဘာလမှာ လက်ရှိ ရီပတ်ဘလစ်ကန်သမ္မတ Donald Trump နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ည ၈ နာရီမှာ စမယ့် ဒီမိုကရက်ပါတီရဲ့ သမ္မလောင်းဖြစ်ရေး ယှဉ်ပြိုင်နေကြတဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲမှာတော့ တက်ရောက်သူမရှိဘဲ CNN ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရေးကြောင့် အရင်က အရီဇိုးနားပြည်နယ် Phoenix မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်းဖြစ်ရေး ယှဉ်ပြိုင်နေကြသူ ၂ ဦးရဲ့ စကားစစ်ထိုးပွဲကို မြို့တော် ဝါရှင်တန်ဒီစီမှာ ပြောင်းပြီး ကျင်းပတာ ဖြစ်ပါတယ်။

XS
SM
MD
LG