သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ဒီမိုကရက္ သမၼတေလာင္း ဘယ္သူျဖစ္လာမလဲ


(Zawgyi/Unicode)

အေမရိကန္ ဒီမိုကရက္ပါတီရဲ႕ သမၼတေလာင္း ျဖစ္ေရး ယွဥ္ၿပိဳင္ေနၾကသူေတြ လနဲ႔ခ်ီ စည္းရံုးေရး ေဆာင္ရြက္ခဲ႔ၿပီးေနာက္မွာေတာ့ တနလာၤေန႔ ညမွာ စၿပီး ပါတီ၀င္ေတြက စတင္ၿပီး မဲေပး ေရြးခ်ယ္ေနၾကပါၿပီ။

ဒီိမိုကရက္ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ေနာက္ဆံုးစကားစစ္ထိုးပဲြသတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

လာမယ့္ ႏို၀င္ဘာလမွာ ရီပတ္ပလီကန္ သမၼတ Donald Trump နဲ႔ ယွဥ္ၿပိဳင္မယ့္ ဒီမိုကရက္ ပါတီ သမၼတေလာင္းကို အိုင္အို၀ါ ျပည္နယ္မွာ စတင္မဲေပးေနၾကတာပါ။ ဒီမိုကရက္ပါတီ သမၼတေလာင္း ျဖစ္ေရး ယွဥ္ၿပိဳင္ေနသူ ကိုယ္စားလွယ္ ၁၁ ဦးထဲက ဘယ္သူ အႏုိင္ရမလဲ ဆိုတဲ႔ ရလဒ္ကေတာ့ မေရမရာ ရွိေနဆဲပါ။

ျပည္နယ္တ၀န္းက ဒီမိုကရက္ေတြကို ေကာက္ယူထားတဲ႔ သေဘာထား စစ္တမ္း အရေတာ့ အမ်ားဆံုး ေထာက္ခံမႈရထားတဲ႔ ဗာေမာင့္ အထက္လႊတ္ေတာ္ အမတ္ Bernie Sanders နဲ႔ ဒုတိယ သမၼတေဟာင္း Joe Biden တို႔ၾကားမွာ ေထာက္ခံမႈ မတိမ္းမယိမ္း ျဖစ္ေနပါတယ္။

ေထာက္ခံမႈ အမ်ားဆံုးရထားတဲ႔ ကိုယ္စားလွယ္ေလာင္း ႏွစ္ဦးရဲ႕ ေနာက္က ကပ္ၿပီး လိုက္ေနတာကေတာ့ Harvard ဥပေဒ ပါေမာကၡေဟာင္း အထက္လႊတ္ေတာ္ အမတ္ Elizabeth Warren ၊ ေနာက္ တဦးတည္းေသာ Gay ကိုယ္စားလွယ္ေလာင္း ျဖစ္တဲ႔ အင္ဒီးယားနား ျပည္နယ္ South Bend ၿမိဳ႕ေတာ္၀န္ေဟာင္း Pete Buttigieg ၊ ေနာက္ အထက္လႊတ္ေတာ္ အမတ္ Amy Klobuchar တို႔ ျဖစ္ပါတယ္။

ကန္ဒီမိုကရက္ သမၼတေလာင္း ဘယ္သူျဖစ္လာမလဲ
please wait

No media source currently available

0:00 0:01:02 0:00
တိုက္႐ိုက္ လင့္ခ္


......................

ကန်ဒီမိုကရက် သမ္မတလောင်း ဘယ်သူဖြစ်လာမလဲ

(Unicode)

အမေရိကန် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်နေကြသူတွေ လနဲ့ချီ စည်းရုံးရေး ဆောင်ရွက်ခဲ့ပြီးနောက်မှာတော့ တနလာၤနေ့ ညမှာ စပြီး ပါတီဝင်တွေက စတင်ပြီး မဲပေး ရွေးချယ်နေကြပါပြီ။

လာမယ့် နိုဝင်ဘာလမှာ ရီပတ်ပလီကန် သမ္မတ Donald Trump နဲ့ ယှဉ်ပြိုင်မယ့် ဒီမိုကရက် ပါတီ သမ္မတလောင်းကို အိုင်အိုဝါ ပြည်နယ်မှာ စတင်မဲပေးနေကြတာပါ။ ဒီမိုကရက်ပါတီ သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်နေသူ ကိုယ်စားလှယ် ၁၁ ဦးထဲက ဘယ်သူ အနိုင်ရမလဲ ဆိုတဲ့ ရလဒ်ကတော့ မရေမရာ ရှိနေဆဲပါ။

ပြည်နယ်တဝန်းက ဒီမိုကရက်တွေကို ကောက်ယူထားတဲ့ သဘောထား စစ်တမ်း အရတော့ အများဆုံး ထောက်ခံမှုရထားတဲ့ ဗာမောင့် အထက်လွှတ်တော် အမတ် Bernie Sanders နဲ့ ဒုတိယ သမ္မတဟောင်း Joe Biden တို့ကြားမှာ ထောက်ခံမှု မတိမ်းမယိမ်း ဖြစ်နေပါတယ်။

ဒီမိုကရက်ကိုယ်စားလှယ်လောင်းတွေရဲ့ နောက်ဆုံးစကားစစ်ထိုးပွဲသတင်းကို ဖတ်ရှုနိုင်ပါပြီ။

ထောက်ခံမှု အများဆုံးရထားတဲ့ ကိုယ်စားလှယ်လောင်း နှစ်ဦးရဲ့ နောက်က ကပ်ပြီး လိုက်နေတာကတော့ Harvard ဥပဒေ ပါမောက္ခဟောင်း အထက်လွှတ်တော် အမတ် Elizabeth Warren ၊ နောက် တဦးတည်းသော Gay ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ အင်ဒီးယားနား ပြည်နယ် South Bend မြို့တော်ဝန်ဟောင်း Pete Buttigieg ၊ နောက် အထက်လွှတ်တော် အမတ် Amy Klobuchar တို့ ဖြစ်ပါတယ်။

XS
SM
MD
LG