သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ကခွဲထွက်ရေး ဗြိတိန်အတိုက်အခံ ကန့်ကွက်မည်


 British Opposition Parties Already Rejecting Latest Brexit Deal
British Opposition Parties Already Rejecting Latest Brexit Deal

ဥရောပသမဂ္ဂ EU ထဲကနေ ဗြိတိန်နိုင်ငံနုတ်ထွက်ရေး Brexit နဲ့ ပတ်သက်ပြီး အခုနောက်ဆုံးရ လိုက်တဲ့ သဘောတူညီချက်ကို စနေနေ့ ဗြိတိသျှပါလီမန်အစည်းအဝေးမှာ လွှတ်တော်အမတ်တွေ ထောက်ခံမဲပေးကြမယ်လို့ EU ခေါင်းဆောင်တွေက မျှော်လင့် နေပါတယ်။ ဒါပေမယ့် အတိုက်အခံ နိုင်ငံရေးပါတီတွေကတော့ ထောက်ခံမှာမဟုတ်ဘူးလို့ ပြောနေကြပါပြီ။

သဘောတူညီချက် ရရ မရရ EU ထဲကနေ ထွက်မယ်လို့ ဝန်ကြီးချုပ် Boris Johson က အခိုင်အမာပြောထားတဲ့ နောက်ဆုံးရက် မတိုင်ခင် သီတင်းနှစ်ပတ်အလိုမှာ ဝန်ကြီးချုပ် Johnson နဲ့ EU အကြား ကြာသပတေးနေ့အစောပိုင်းက သဘောတူညီချက် ရလိုက်ကြတာပါ။

အခုနောက်ဆုံးရတဲ့ သဘောတူညီချက်ဟာ ဗြိတိန်အတွက်၊ ဗြိတိန်လူထုအတွက်၊ EU အတွက် သိပ်ကောင်းတဲ့ သဘောတူညီ ချက်ဖြစ်တယ်လို့ ဝန်ကြီးချုပ် Johnson ကဆိုပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker က ဒီသဘောတူညီချက်ဟာ “မျှတပြီး ဟိုဘက်ဒီဘက် ညီတယ်” လို့ ပြောပါတယ်။ ဒါပေမယ့် ဗြိတိသျှ အတိုက်အခံပါတီတိုင်း သာမက ဝန်ကြီးချုပ် Johnson ရဲ့မဟာမိတ် မြောက်ပိုင်းအိုင်ယာလန် Democratic Unionist ပါတီကပါ ဒီသဘောတူညီချက်ကို ပယ်ချထားပြီးပါပြီ။

အခုသဘောတူညီချက်ထဲမှာ မြောက်ပိုင်းအိုင်ယာလန်ကို EU တခုတည်းသောဈေးကွက်ရဲ့ အစိတ်အပိုင်းအဖြစ် ဆက်သတ်မှတ် သွားမှာဖြစ်တာကြောင့် EU အဖွဲ့ဝင် အိုင်ယာလန်နိုင်ငံထဲကို အကောက်ခွန်ဂိတ်တွေ ဖြတ်စရာမလိုဘဲ ကုန်စည်တွေ ဆက်ပို့နိုင်မှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Teresa May လက်ထက်ကရခဲ့တဲ့ Brexit သဘောတူညီချက် သုံးခုလုံးကို ပါလီမန်က ပယ်ချခဲ့ဖူးပါတယ်။

.....................

{Unicode}








တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG