သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ ဗြိတိန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ


ဗြိတိန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။
ဗြိတိန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ G-7 လို့ခေါ်တဲ့ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၇ နိုင်ငံရဲ့ အစည်းအဝေးကို တက်ရောက်ဖို့အတွက် ပြင်သစ်နိုင်ငံ Biarritz မြို့ကို ရောက်ရှိနေပြီးတော့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ပထမဆုံး တွေ့ဆုံခဲ့ပါတယ်။

သမ္မတထရမ့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်တို့ဟာ ဒီကနေ့ မနက်စာအတူစားရင်း အလုပ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ Brexit လို့ခေါ်တဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘာအကြံမှ ပေးစရာမလိုဘဲ ဝန်ကြီးချုပ်ဂျွန်ဆင်ဟာ ဝန်ကြီးချုပ်တာဝန်အတွက် အသင့်တော်ဆုံးသူဖြစ်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေတာကို အဆုံးသတ်ဖို့ မဟာမိတ်တွေဘက်က သူ့အပေါ်မှာ ဖိအားပေးတာမရှိဘူးလို့ သမ္မတထရမ့်က ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်ကတော့ သမ္မတထရမ့်က သူ့ကို ချီးကျူးပြောဆိုခဲ့တဲ့အပေါ်မှာ ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန်ရဲ့ စီးပွားရေး တက်လာတဲ့အပေါ်မှာ ဂုဏ်ယူကြောင်း ပြောကြားခဲ့ပေမယ့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေတာထက် အဆင်ပြေပြေ ဖြစ်စေချင်တယ်လို့ ပြောလိုက်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်က အဲဒီလို ပြောလိုက်တဲ့အတွက် သမ္မတထရမ့်ဟာ အတော်လေးကို စိတ်မသက်မသာဖြစ်ခဲ့တဲ့ပုံ တွေ့ခဲ့ရပါတယ်။

ဗြိတိန်ဘက်ကကတော့ သူတို့အနေနဲ့ ဥရောပသမဂ္ဂကနေ နုတ်ထွက်ပြီးတဲ့နောက်မှာ ဗြိတိန်ကုန်ပစ္စည်းတွေ အမေရိကန်ဈေးကွက်မှာ ရောင်းချနိုင်ဖို့အတွက် အမေရိကန်နဲ့ ၂ နိုင်ငံ ကုန်သွယ်ရေး သဘောတူစာချုပ်တခုကို ချုပ်ဆိုနိုင်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

သမ္မတထရမ့်ဟာ ဒီကနေ့မှာတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG