သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G7 ထိပ်သီးဆွေးနွေးပွဲ ဒီကနေ့ စတင်


G-7 ထိပ်သီးအစည်းအဝေးတက်ရန် ပြင်သစ်နိုင်ငံသို့ ရောက်ရှိလာသည့် သမ္မတ ထရမ့်နှင့် ဇနီး။ (သြဂုတ် ၂၄၊ ၂၀၁၉)
G-7 ထိပ်သီးအစည်းအဝေးတက်ရန် ပြင်သစ်နိုင်ငံသို့ ရောက်ရှိလာသည့် သမ္မတ ထရမ့်နှင့် ဇနီး။ (သြဂုတ် ၂၄၊ ၂၀၁၉)

ကမ္ဘာ့စက်မှုစီးပွားရေးအင်အားကြီး ၇ နိုင်ငံအုပ်စု G-7 ရဲ့ နှစ်ပတ်လည် ထိပ်သီးစည်းဝေးပွဲကို ပြင်သစ်နိုင်ငံက ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ဖြစ်တဲ့ Biarritz မှာ ဒီကနေ့ စနေနေ့ကစပြီး တနင်္လာနေ့ထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။

ဒီထိပ်သီးအစည်းအဝေးအတွင်း G-7 ခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးရမယ့် အကြောင်းအရာတွေထဲမှာ လက်ရှိကာလ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး စီးပွားရေးကိစ္စရပ်တွေသာမက ကမ္ဘာလွှမ်းခြုံဆက်ဆံရေးကို ဆန့်ကျင်တဲ့အမြင်ရှိသူ၊ မဟာမိတ်တွေကို ထိုးနှက်ဝေဖန်တိုက်ခိုက်တတ်သူ အမေရိကန်သမ္မတနဲ့လည်း ဆက်ဆံကြရမှာပါ။

ထိပ်သီးညီလာခံကို တက်ဖို့ သမ္မတ အိမ်ဖြူတော်ကနေ မထွက်ခွာခင်မှာပဲ ပြင်သစ်ဝိုင်အရက်တွေအပေါ် အခွန်ကောက်ခံမယ်လို့ သမ္မတ Trump က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ညီလာခံတက်ရောက်လာမယ့် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သိပ်ကို အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ကျင်းပနိုင်ဖို့ မျှော်လင့်နေပါတယ်လို့လည်း သမ္မတ Trump က ပြောဆိုပါတယ်။

ဒီနှစ် ထိပ်သီးအစည်းအဝေးအပြီးမှာတော့ ပူးတွဲကြေညာချက် ထုတ်ပြန်မှာ မဟုတ်ဘူးလို့ အိမ်ရှင် ပြင်သစ်သမ္မတ Emmanuel Macron က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောထားပါတယ်။ အီရန်နိုင်ငံအရေးကိစ္စနဲ့ ဥတုရာသီပြောင်းလဲမှုလို အဓိကကျတဲ့ ကိစ္စရပ်တွေမှာ သမ္မတ Trump နဲ့ တခြားခေါင်းဆောင်တွေကြား သဘောမတူတဲ့ အချက်တွေကြောင့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်မှာမဟုတ်တဲ့ အကြောင်းရင်း ဖြစ်တယ်လို့ သမ္မတ Macron က ပြောပါတယ်။ ဒါဟာ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းမရှိတဲ့ ပထမဆုံး G-7 ထိပ်သီးအစည်းအဝေး ဖြစ်ပါလိမ့်မယ်။

G7 ထိပ်သီးဆွေးနွေးပွဲ ဒီကနေ့ စတင်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG