သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္တရား႐ံုးခ်ဳပ္ဆံုးျဖတ္ခ်က္ရဲ႕ ႏိုင္ငံေရးဂယက္


ၿဗိတိန္ပါလီမန္ကို ဆိုင္းငံ့ဖို႔ ဆံုးျဖတ္ခ်က္ဟာ တရားမ၀င္ဘူးလို႔ ၿဗိတိန္ႏိုင္ငံ တရား႐ံုးခ်ဳပ္က အဂၤါေန႔မွာဆံုးျဖတ္လိုက္ၿပီးတဲ႔ေနာက္ ၀န္ႀကီးခ်ဳပ္ Boris Johnson ဟာ သူ႔ရာထူး ဆက္လက္ တည္ၿမဲေရးအတြက္ ႐ုန္းကန္ေနရပါတယ္။

တရား႐ံုးခ်ဳပ္ ဆံုးျဖတ္ခ်က္အရ အမတ္ေတြ ပါလီမန္ ျပန္တက္ၾကရမွာဆိုေတာ႔ Boris Johnson ရာထူးကႏႈတ္ထြက္ဖို႔ ေတာင္းဆိုသံေတြကလဲ ဆူညံေနပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ လာမယ္႔ေအာက္တိုဘာ ၃၁ ရက္ေန႔ မွာ ဥေရာပသမဂၢက ႏႈတ္ထြက္ဖို႔ကိစၥ ျဖစ္ႏိုင္ပါမလားဆိုတာ ပိုၿပီးသံယျဖစ္လာရတယ္လို႔ VOA သတင္းေထာက္ Henry Ridgwell လန္ဒန္ ကေန သတင္းပို႔ထားပါတယ္။ ဦးေက်ာ္ဇံသာ ေျပာျပမွာပါ။
ၿဗိတိန္ ၀န္ႀကီးခ်ဳပ္ Boris Johnson ရဲ႕ လုပ္ရပ္နဲ႔ ပတ္သက္ၿပီး တရားသူႀကီး ၁၁ ဦးရဲ႕ တညီတညြတ္တည္း သေဘာတူ ဆံုးျဖတ္ခ်က္ကို တရားရံုးခ်ဳပ္ အႀကီးအကဲ Lady Brenda Hale က အခုလို ဖတ္ၾကား ေၾကညာခဲ႔ပါတယ္။
“ ပါလီမန္ကို ဆိုင္းငံံ့ထားဖို႔ ဘုရင္မႀကီးကို အႀကံေပးဖို႔ ဆံုးျဖတ္ခ်က္ဟာ ဥပေဒနဲ႔မညီပါဘူး။ ဒါဟာ ဖြဲ႔စည္းပံုဥပေဒနဲ႔အညီ လုပ္ေဆာင္ရမယ္႔ ပါလီမန္ရဲ႕ လုပ္ငန္းေတြကို က်ိဳးေၾကာင္းခိုင္လံုတဲ႔ အၾကာင္းျပခ်က္ တစံုတရာမ႐ွိပဲ ေႏွာက္ယွက္ ဒါမွမဟုတ္ ဟန္႔တားတဲ႔ အက်ိဳးသက္ေရာက္မႈ ျဖစ္ေစပါတယ္။ ”
ဒီဆံုးျဖတ္ခ်က္ဟာ ၿဗိတိန္ႏုိင္ငံ ဒီမိုကေရစီရဲ႕ မ႑ိဳင္ေတြကို အျပင္းအထန္ ရိုက္ခတ္ခဲ႔တဲ႔ ႏုိင္ငံေရး ေျမငလ်င္ႀကီး တရပ္လည္း ျဖစ္ပါတယ္။ နယူးေယာက္ၿမိဳ႕ ကုလသမဂၢ အေထြေထြ ညီလာခံ လာတက္ရင္း အေမရိကန္ သမၼတ Donald Trump နဲ႔ ေတြ႔ဆံုခဲ႔သူ ၿဗိတိန္ ၀န္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေလွ်ာ့မေပးဘဲ အာခံေနဆဲ ျဖစ္ပါတယ္။

“ က်ေနာ္တို႔ဟာ တိုင္းျပည္ရဲ႕တရားစီရင္ေရးကို ေလးစားပါတယ္။ တရား႐ံုးကိုေလးစားပါတယ္။ သူတို႔ေျပာတာေတြနဲ႔ လံုး၀သေဘာကြဲလြဲပါတယ္။ ပြင္႔ပြင္႔လင္းလင္းေျပာရရင္ EU ကခြဲထြက္ေရးကိစၥကို ဆက္လုပ္ဖို႔လိုအပ္တယ္လို႔ ထင္ပါတယ္။”

အေမရိကန္ သမၼတ Donald Trump ကလည္း Boris Johnson ကို အားေပး ေထာက္ခံလုိက္ပါတယ္။
“ ရလဒ္ေတြကိုေတာ႔ ႏို၀င္ဘာမွာ စေတြ႔လာရမွာပါ။ ဒါေပမဲ႔ လူ႔လုပ္ရပ္ဟာ အမ်ားႀကီး တိုးတက္ေနတယ္လို႔ထင္ပါတယ္။ ”
မေန႔က ဗုဒၶဟူးေန႔မွာေတာ့ ၿဗိတိန္ ပါလီမန္ ျပန္လည္ က်င္းပၿပီး Boris Johnson လည္း ျပန္လည္ ေရာက္ရွိသြားခဲ႔ၿပီ ျဖစ္ပါတယ္။ အတိုက္အခံ ေခါင္းေဆာင္ေတြကေတာ့ ၀န္ႀကီးခ်ဳပ္ Boris Johnson ရာထူးက ႏုတ္ထြက္ဖို႔ဘဲ ေတာင္းဆိုေနၾကတာပါ။ ဒါေပမယ့္ Boris Johnson က ႏုတ္ထြက္ပါ့မလား၊ ဒါျဖင့္ရင္ အတိုက္အခံ အမတ္ေတြက သူ႔အေပၚ အယံုအၾကည္မရွိ အဆို တင္သြင္းၾကမွာလား။ David Henig ဟာ European Center for International Political Economy ရဲ႕ အကဲခတ္သမား တဦး ျဖစ္ပါတယ္။
“Johnson ရာထူးကႏုတ္ထြက္သင့္တယ္လို႔ ဆိုသူေတြ ႐ွိပါတယ္။ သူဟာ ဘုရင္မႀကီးကို လိမ္တယ္။ ၀န္ႀကီးခ်ဳပ္ တေယာက္အဖို႔ ဒီထက္ႀကီးတဲ႔ အျပစ္႐ွိအံုးမလားဗ်ာ၊ သူကေတာ့ ႏုတ္ထြက္မယ့္ လူမ်ိဳးမဟုတ္ဘူး။ ဒါေၾကာင္႔ အယံုအၾကည္မ႐ွိအဆို တင္ဖို႔ေျပာလာၾကတယ္။ ဆိုေတာ႔ လာမယ္႔ ရက္သတၱပတ္ေတြအတြင္း ဒီလိုအဆိုတင္လာၾကမယ္ထင္ပါတယ္။”

ဒီလို အယံုအၾကည္မ႐ွိအဆို တင္လာရင္ေတာ႔ အေထြေထြေ႐ြးေကာက္ပြဲလည္း လုပ္လာရေတာ႔မွာပါ။ ဒါဟာလဲ Boris Johnson တို႔ Conservatives ေတြ ဘက္က လိုခ်င္ေနတာလို႔ သံုးသပ္သူ Henig က ဆက္ေျပာပါတယ္။
“ မဲပံုးေထာင္ရင္ေတာ႔ Consrvatives ဟာ ေ႐ွ႕ကေျပးေနမွာပါ။ သူတို႔ ေကာင္းေကာင္းမဲဆြယ္ႏိုင္ရင္ သူတို႔အင္အား ခိုင္မာေအာင္မလုပ္ႏိုင္စရာ အေၾကာင္းမ႐ွိပါဘူး။ အရင္ႏွစ္အနည္းငယ္တံုးက သူတို႔ဘက္မွာ႐ွိခဲ႔ၿပီး ျပႆနာလုပ္ခဲ႔တဲ႔ အမတ္ေတြလဲ ျပန္အေ႐ြးခံခ်င္မွ ခံၾကရေတာ႔မွာပါ။”

Boris Johnson ကေတာ့ ဥေရာပ သမဂၢ ကေန ႏုတ္ထြက္ဖို႔ သတ္မွတ္ထားတဲ႔ အခ်ိန္ကို တိုးခ်ဲ႕ဖို႔ ေနာက္ဆုတ္ဖို႔ ေတာင္းဆိုမွာ မဟုတ္ဘူးလို႔ အာခံေနပါတယ္။ ပါလီမန္ အမတ္ေတြ အမ်ားစုကေတာ့ ေလာေလာဆယ္ သေဘာတူညီမႈ မရႏုိင္ဘူးဆိုရင္ အဲလို ႏုတ္ထြက္မယ့္ အခ်ိန္ကို ေနာက္ဆုတ္ေပးဖို႔ လိုလားေနၾကတာပါ။ ဒါေပမယ့္ ဒီလို ဥေရာပ သမဂၢက ႏုတ္ထြက္မယ့္ အခ်ိန္ကို ေနာက္ေရႊ႕သြားတာနဲ႔ တၿပိဳင္နက္ ကြန္ဆာေဗးတစ္ေတြကလည္း Nigel Farage ရဲ႕ Brexit ပါတီကို ကူးေျပာင္းသြားမယ့္ အလားအလာ ရွိေနေၾကာင္းပါ။

(ယူနီကုဒ္)

ဗြိတိန်တရားရုံးချုပ်ဆုံးဖြတ်ချက်ရဲ့ နိုင်ငံရေးဂယက်

ဗြိတိန်ပါလီမန်ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ချက်ဟာ တရားမဝင်ဘူးလို့ ဗြိတိန်နိုင်ငံတရားရုံးချုပ်က အင်္ဂါနေ့မှာဆုံးဖြတ်လိုက်ပြီးတဲ့နောက် ဝန်ကြီးချုပ် Boris Johnson ဟာ သူ့ရာထူး ဆက်လက် တည်မြဲရေးအတွက် ရုန်းကန်နေရပါတယ်။ တရားရုံးချုပ် ဆုံးဖြတ်ချက်အရ အမတ်တွေ ပါလီမန် ပြန်တက်ကြရမှာဆိုတော့ Boris Johnson ရာထူးကနှုတ်ထွက်ဖို့ တောင်းဆိုသံတွေကလဲ ဆူညံနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လာမယ့်အောက်တိုဘာ ၃၁ ရက်နေ့ မှာ ဥရောပသမဂ္ဂက နှုတ်ထွက်ဖို့ကိစ္စ ဖြစ်နိုင်ပါမလားဆိုတာ ပိုပြီးသံယဖြစ်လာရတယ်လို့ VOA သတင်းထောက် Henry Ridgwell London ကနေ သတင်းပို့ထားပါတယ်။ ဦးကျော်ဇံသာ ပြောပြမှာပါ။
ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး တရားသူကြီး ၁၁ ဦးရဲ့ တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ချက်ကို တရားရုံးချုပ် အကြီးအကဲ Lady Brenda Hale က အခုလို ဖတ်ကြား ကြေညာခဲ့ပါတယ်။
“ ပါလီမန်ကို ဆိုင်းငံံ့ထားဖို့ ဘုရင်မကြီးကို အကြံပေးဖို့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့မညီပါဘူး။ ဒါဟာ ဖွဲ့စည်းပုံဥပဒေနဲ့အညီ လုပ်ဆောင်ရမယ့် ပါလီမန်ရဲ့ လုပ်ငန်းတွေကို ကျိုးကြောင်းခိုင်လုံတဲ့ အကြာင်းပြချက် တစုံတရာမရှိပဲ နှောက်ယှက် ဒါမှမဟုတ် ဟန့်တားတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ”
ဒီဆုံးဖြတ်ချက်ဟာ ဗြိတိန်နိုင်ငံ ဒီမိုကရေစီရဲ့ မဏ္ဍိုင်တွေကို အပြင်းအထန် ရိုက်ခတ်ခဲ့တဲ့ နိုင်ငံရေး မြေငလျင်ကြီး တရပ်လည်း ဖြစ်ပါတယ်။ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ လာတက်ရင်း အမေရိကန် သမ္မတ Donald Trump နဲ့ တွေ့ဆုံခဲ့သူ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလျှော့မပေးဘဲ အာခံနေဆဲ ဖြစ်ပါတယ်။
“ ကျနော်တို့ဟာ တိုင်းပြည်ရဲ့တရားစီရင်ရေးကို လေးစားပါတယ်။ တရားရုံးကိုလေးစားပါတယ်။ သူတို့ပြောတာတွေနဲ့ လုံးဝသဘောကွဲလွဲပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် EU ကခွဲထွက်ရေးကိစ္စကို ဆက်လုပ်ဖို့လိုအပ်တယ်လို့ ထင်ပါတယ်။”
အမေရိကန် သမ္မတ Donald Trump ကလည်း Boris Johnson ကို အားပေး ထောက်ခံလိုက်ပါတယ်။
“ ရလဒ်တွေကိုတော့ နိုဝင်ဘာမှာ စတွေ့လာရမှာပါ။ ဒါပေမဲ့ လူ့လုပ်ရပ်ဟာ အများကြီး တိုးတက်နေတယ်လို့ထင်ပါတယ်။ ”
မနေ့က ဗုဒ္ဓဟူးနေ့မှာတော့ ဗြိတိန် ပါလီမန် ပြန်လည် ကျင်းပပြီး Boris Johnson လည်း ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အတိုက်အခံ ခေါင်းဆောင်တွေကတော့ ဝန်ကြီးချုပ် Boris Johnson ရာထူးက နုတ်ထွက်ဖို့ဘဲ တောင်းဆိုနေကြတာပါ။ ဒါပေမယ့် Boris Johnson က နုတ်ထွက်ပါ့မလား၊ ဒါဖြင့်ရင် အတိုက်အခံ အမတ်တွေက သူ့အပေါ် အယုံအကြည်မရှိ အဆို တင်သွင်းကြမှာလား။ David Henig ဟာ European Center for International Political Economy ရဲ့ အကဲခတ်သမား တဦး ဖြစ်ပါတယ်။
“Johnson ရာထူးကနုတ်ထွက်သင့်တယ်လို့ ဆိုသူတွေ ရှိပါတယ်။ သူဟာ ဘုရင်မကြီးကို လိမ်တယ်။ ဝန်ကြီးချုပ် တယောက်အဖို့ ဒီထက်ကြီးတဲ့ အပြစ်ရှိအုံးမလားဗျာ၊ သူကတော့ နုတ်ထွက်မယ့် လူမျိုးမဟုတ်ဘူး။ ဒါကြောင့် အယုံအကြည်မရှိအဆို တင်ဖို့ပြောလာကြတယ်။ ဆိုတော့ လာမယ့် ရက်သတ္တပတ်တွေအတွင်း ဒီလိုအဆိုတင်လာကြမယ်ထင်ပါတယ်။”

ဒီလို အယုံအကြည်မရှိအဆို တင်လာရင်တော့ အထွေထွေရွေးကောက်ပွဲလည်း လုပ်လာရတော့မှာပါ။ ဒါဟာလဲ Boris Johnson တို့ Conservatives တွေ ဘက်က လိုချင်နေတာလို့ သုံးသပ်သူ Henig က ဆက်ပြောပါတယ်။
“ မဲပုံးထောင်ရင်တော့ Consrvatives ဟာ ရှေ့ကပြေးနေမှာပါ။ သူတို့ ကောင်းကောင်းမဲဆွယ်နိုင်ရင် သူတို့အင်အား ခိုင်မာအောင်မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။ အရင်နှစ်အနည်းငယ်တုံးက သူတို့ဘက်မှာရှိခဲ့ပြီး ပြဿနာလုပ်ခဲ့တဲ့ အမတ်တွေလဲ ပြန်အရွေးခံချင်မှ ခံကြရတော့မှာပါ။”
Boris Johnson ကတော့ ဥရောပ သမဂ္ဂ ကနေ နုတ်ထွက်ဖို့ သတ်မှတ်ထားတဲ့ အချိန်ကို တိုးချဲ့ဖို့ နောက်ဆုတ်ဖို့ တောင်းဆိုမှာ မဟုတ်ဘူးလို့ အာခံနေပါတယ်။ ပါလီမန် အမတ်တွေ အများစုကတော့ လောလောဆယ် သဘောတူညီမှု မရနိုင်ဘူးဆိုရင် အဲလို နုတ်ထွက်မယ့် အချိန်ကို နောက်ဆုတ်ပေးဖို့ လိုလားနေကြတာပါ။ ဒါပေမယ့် ဒီလို ဥရောပ သမဂ္ဂက နုတ်ထွက်မယ့် အချိန်ကို နောက်ရွှေ့သွားတာနဲ့ တပြိုင်နက် ကွန်ဆာဗေးတစ်တွေကလည်း Nigel Farage ရဲ့ Brexit ပါတီကို ကူးပြောင်းသွားမယ့် အလားအလာ ရှိနေကြောင်းပါ။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG