သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နဲ့ UK အကြား နုတ်ထွက်ရေးဆိုင်ရာသဘောတူညီမှုရရှိ


EU ဥရောပသမဂ္ဂနဲ့ ဗြိတိန်အစိုးရကြား နုတ်ထွက်ရေးဆိုင်ရာ သဘောတူညီမှုသစ် ရရှိသွားပြီလို့ ၂ ဘက် ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။ ဗြိတိန်ဘက်က ကိုယ်တိုင်ပြန်လည် ထိန်းချုပ်နိုင်မယ့် သိပ်ကိုကောင်းမွန်တဲ့ သဘောတူညီချက် ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ဖော်ပြပြောဆိုပါတယ်။

ဒီသဘောတူညီချက်ကို ဗြိတိန်ပါလီမာန်မှာ စနေနေ့ အတည်ပြုသင့်ကြောင်းနဲ့ ဒါမှ အစိုးရအနေနဲ့ တခြားအရေးကြီးကိစ္စတွေအပေါ် အာရုံစိုက်နိုင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က Twitter ပေါ်မှာရေးသားခဲ့ပါတယ်။

EU နဲ့ ဗြိတိန် ၂ ဘက်လုံးအတွက် မျှတတဲ့သဘောတူညီချက်ဖြစ်တယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker ကလည်း ကြေညာပါတယ်။

Belgium နိုင်ငံ Brussels မှာ EU အဖွဲ့ဝင် ၂၇ နိုင်ငံလုံက ခေါင်းဆောင်တွေ ဒီကနေ့ ထိပ်သီးဆွေးနွေးပွဲမှာ ဒီသဘောတူညီချက်ကို အတည်ပြုသင့်တယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။

EU ရဲ့ ကုန်သွယ်ရေး လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်စည်းမျဉ်း ဥပဒေတွေကို ကာကွယ်တဲ့တချိန်ထဲမှာ မြောက်ပိုင်းအိုင်ယာလန်နယ်နဲ့ အိုင်ယာလန်နိုင်ငံကြားမှာ နယ်စပ်အတားအဆီးတွေထားရှိရေး ရှောင်ရှားမှာ ဖြစ်သလို မြောက်ပိုင်း အိုင်ယာလန်နယ်အနေနဲ့ ဗြိတိန်ရဲ့ ကုန်သွယ်ရေး ဥပဒေတွေအောက်မှာ ရှိမှာဖြစ်တယ်လို့ EU ဘက်ကအဓိက ညှိှနှိုင်းရေးမှူး Michel Barnier က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အိုင်ယာလန်ကျွန်း ငြိမ်းချမ်း၊ တည်ငြိမ်ရေးကို အပြည့်အဝကာကွယ်သွားမှာဖြစ်တယ်လို့ သူကပြောသွားပါတယ်။ ဗြိတိန်ညွန့်ပေါင်းအစိုးရထဲမှာပါတဲ့ မြောက်ပိုင်း Ireland နယ်က အဓိကပါတီတခုဖြစ်တဲ့ DUP ပါတီကတော့ EU နဲ့ ဗြိတိန်အစိုးရကြား အခုရရှိတဲ့ သဘောတူညီချက်တွေကို လက်မခံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်က အဓိကအတိုက်အခံပါတီ ၂ ခု ဖြစ်တဲ့ Labour နဲ့ Liberal Democrats ပါတီတို့ကလည်း သဘောတူညီချက်တွေကို ပယ်ချခဲ့ပါတယ်။ နယ်စပ်အတားအဆီးတွေ ထားရေး မထားရေးကိစ္စကြောင့် အရင်ရထားတဲ့ နုတ်ထွက်ရေး သဘောတူညီချက်အပေါ် ဗြိတိန်ပါလီမာန်မှာ အတည်မပြုနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

[Unicode Version]








တိုက်ရိုက် လင့်ခ်
XS
SM
MD
LG